ထိုင်၀မ်ကို အမေရိကန်တပ်ဖွဲ့၀င်တွေ တိုးမြှင့်စေလွှတ်ဖို့ စီစဉ်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဒေသတွင်းရှိ တပ်ဖွဲ့တွေအတွက် လေ့ကျင့်မှုတွေပိုမိုအားကောင်းစေဖို့ ထိုင်၀မ်မှာ အမေရိတပ်ဖွဲ့၀င်များထားရှိခြင်းကို သိသိသာသာမြှင့်တင်ရန် စီစဉ်နေကြောင်း ဝေါလ်စရိဂျာနယ်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ လာမယ့်လတွေအတွင်း ထိုင်၀မ်ကို အမေရိကန်တပ်ဖွဲ့၀င် ၁၀၀ ကနေ ၂၀၀ အကြား စေလွှတ်ဖို့စီစဉ်နေကြောင်း အမေရိကန်တာ၀န်ရှိသူတွေကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ လွန်ခဲ့သောနှစ်က ထိုင်၀မ်ကို အမေရိကန်တပ်ဖွဲ့၀င် ၃၀ သာစေလွှတ်ခဲ့ပါတယ်။ အခုလိုတပ်ဖွဲ့၀င်တွေ တိုးမြှင့်စေလွှတ်မှုဟာ ထိုင်၀မ်မှာ ဆယ်စုနှစ်များအတွင်း အမေရိကန်တပ်ဖွဲ့၀င်တွေ အများဆုံး စေလွှတ်ဖြန့်ကြက်မှုဖြစ်ကြောင်း ဝေါလ်စရိဂျာနယ်က ဖော်ပြထားပါတယ်။ ထိုင်၀မ်ကို တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုများမှကာကွယ်ဖို့ အမေရိကန်လက်နက်စနစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် အခုတပ်ဖွဲ့၀င်တွေတိုးမြှင့်စေလွှတ်ဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ထိုင်၀မ်တို့အကြား ဒီလိုထိတွေ့ဆက်ဆံမှုတိုးမြှင့်ခြင်းကြောင့် တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဝါရှင်တန်

Read More

မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာအလုပ်သမား ၁၀၀ ကျော် ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃ မျိူးဆက်(VOM) ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်မှာ မလေးရှားကိုသွားရောက်မယ့် တရားမ၀င်မြန်မာလုပ်သား ၁၀၁ ဦးနဲ့ ထိုင်းပွဲစားနှစ်ဦးကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ လူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတွေပူးပေါင်းအဖွဲ့ဟာ လယ်ကွင်းတခုနားမှာရပ်ထားတဲ့ ၁၀ ဘီးကားတစီးကို စစ်ဆေးရာကနေ မြန်မာလုပ်သားတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တာ၀န်ရှိသူတွေဟာ ကားထဲမှာ တာပေါ်လင်တဲ့အုပ်ထားတဲ့အောက်ကနေ အမျိုးသား ၈၂ ဦးနဲ့ အမျိုးသမီး ၁၉ ဦးကို တွေ့ရှိခဲ့ပြီး အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းပွဲစားနှစ်ဦးကို စစ်ဆေးရာမှာတော့ သူတို့ဟာ မြန်မာနိုင်ငံသားတွေကို ပရာချော့ခီရီခန်းပြည်နယ်ကနေ ဟတ်ယိုင်ခရိုင်ကို ထရပ်ကားနဲ့ခေါ်ဆောင်လာတာဖြစ်ပြီး မလေးရှားကို ပို့ပေးမယ့်သူတွေကို စောင့်နေတာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ လက်ရှိမှာတော့ ဖမ်းမိသူတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ဆက်နွယ်နေတဲ့ လူကုန်ကူးတဲ့ကွန်ရက်ကို စုံစမ်းဖော်ထုတ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: Bangkok Post…

Read More

ဧရာဝတီတိုင်းက ငါးစည်ဖောင်းခြောက်တွေ ပြည်ပကို ပြန်မတင်ပို့နိုင်တာကြောင့် ဈေးကောင်းမရဖြစ်နေ

ဖေဖော်ဝါရီ၊၂၄-၂၀၂၃ MM[VOM] ဧရာဝတီတိုင်းကထွက်ရှိတဲ့ ပင်လယ်ငါးစည်ဖောင်း ခြောက်တွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးတာကြောင့် ဈေးကောင်းမရဖြစ်နေတယ်လို့ ငါးစည်ဖောင်လုပ်ငန်းလုပ်ကိုင်သူတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ငါးစည်ဖောင်းခြောက် ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ အဲ့ဒီ ငါးစည်ဖောင်းခြောက်တွေကို အရင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်္ကာပူ ၊ တရုတ် ၊ ထိုင်း စတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ယနေ့အထိ ပြန်လည်တင်ပို့ မရောင်းချနိုင်သေးတာကြောင့် ဈေးကောင်းမရဖြစ်နေတာလို့ သိရပါတယ်။ “ပင်လယ်ငါးစည်ဖောင်း ခြောက်ဈေးကွက်က တော်တော် လေးထိုးကျလာတယ် ၊ဒီရက်ပိုင်းအတွင်းပိုဆိုးလာတယ် ၊ ပြည်တွင်းဈေးတခုတည်းကိုအားကိုးနေရတာလေ၊ဈေးက ဘယ်ရမလဲ ၊ အရင်က ပြည်ပဈေးကွက်ရှိတော့အရောင်း လည်းသွက်သလို ဈေးကောင်းလည်းရတယ်၊ ဈေးကောင်း ရရှိတာ့ ရေလုပ်သားတွေကော ၊ ကုန်သည်တွေကော အဆင်ပြေခဲ့တယ် ၊ အခုတော့ အကုန်ငုတ်တုတ်မေ့နေ တယ်၊ ဒီအတိုင်းဆို အဆင်ပြေတော့ဘူး ၊ အကုန်ငတ်ကုန် မှာ၊စည်ဖောင်းခြောက် လုပ်ရတဲ့ငါးတွေကလည်း…

Read More

ယူကရိန်းကနေ ရုရှားတပ်တွေ ချက်ချင်းခြွင်းချက်မရှိ ရုပ်သိမ်းဖို့ ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်

နယူးယောက်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲတနှစ်ပြည့်အချိန်မှာ ယူကရိန်းကနေ ရုရှာတပ်တွေ ချက်ချင်းခြွင်းချက်မရှိရုပ်သိမ်းဖို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၃ ရက်မှာ တခဲနက်မဲခွဲဆုံးဖြတ်လိုက်ပြီး တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုလိုက်ကြပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အဲဒီလိုမဲခွဲရာမှာ အဖွဲ့၀င် ၁၉၃ နိုင်ငံအနက် ထောက်ခံမဲ့ ၁၄၁ မဲ့၊ ကန့်ကွက်မဲခုနှစ်မဲ့နဲ့ တရုတ်နဲ့အိန္ဒိယအပါအ၀င် ၃၂ နိုင်ငံ ကြားနေခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ တနှစ်ပြည့်နှစ်ပတ်လည်မတိုင်မီနေ့မှာ အဲဒီလိုမဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ယူကရိန်းဒေသလေးခုကို ရုရှားကသိမ်းပိုက်ထားတဲ့အပေါ် ရှုတ်ချခဲ့ကြပါတယ်။ ဒီမဲပေးမှုဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အရှင်းဆုံးသတင်းပါးလိုက်တာဖြစ်ပြီး ယူကရိန်းနဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းက ရပ်တည်နေတယ်ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်က ပြောပါတယ်။ အခုလိုမဲခွဲဆုံးဖြတ်မှုဟာ ၁၂ လကြာစစ်ပွဲဆင်နွှဲပြီးနောက် ကမ္ဘာ့ဇတ်ခုံမှာ ရုရှားဟာဆက်လက်အထီးကျန်နေတာကို ပြသနေတာဖြစ်ပြီး ဘီလာရုစ်၊ ဆီးရီးယား၊ မြောက်ကိုရီးယား၊ မာလီ၊ နီကာရာဂွါနဲ့ အီရီထရီးယားတို့ကသာ ရုရှားကို…

Read More

ရွှေကျင်မြို့က ရွာတရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ယောက်သေဆုံး၊ ၁ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၄ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျေးရွာသူ အမျိုးသမီး၂ ယောက် သေဆုံးပြီး ၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဖေဖော်ဝါရီ၂၃ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ အမျိုးသမီးကို ရွှေကျင်မြို့ကုတင် ၁၀၀ ပြည်သူဆေးရုံ ပို့​ဆောင်ထားပြီး ဒဏ်ရာကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ်၂နာရီကျော်လောက်မှာလက်နက်ကြီးကျပြီး နေရာမှာပဲ သေတာ၂ယောက်ပေါ့ ၊တယောက်က ဘယ်ဘက်နံရိုးအောက်ဘေးပေါက်ဝင် ဒဏ်ရာ၊ ညာဘက် ပုခုံးထိမှန်ဒဏ်ရာရတယ်၊အိမ်လည်း မီးလောင်ပျက်စီးတာရှိတယ်လို့သိရ တယ်၊အဲ့ဒီဘက်မှာက တိုက်ပွဲတွေကဖြစ်နေတာပေါ့ “လို့ ရွှေကျင်မြို့ခံတဦးကပြောပါတယ်။ လက်နက်ကြီးထိမှန်ပြီးသေဆုံးသူတွေက ညောင်ပင်ကြီးရွာသစ်ရွာက အသက် ၇၂ နှစ်အရွယ် ဒေါ်တူဆိုသူနဲ့ အသက် ၃၄ နှစ်အရွယ် ဒေါ်သူဇာနွယ်တို့ဖြစ်ကြောင်း၊ နောက်ထပ်ဒဏ်ရာရသူအမျိုးသမီးကလည်းစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ရွှေကျင်မြို့နယ်က ကျေးရွာဘက်တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်ရွှေကျင်မြို့နယ်က…

Read More

မြောက်ကိုရီးယားပြည်သူ ထောင်ပေါင်းများစွာ နျူကလီးယားဓါတ်ရောင်ခြည်သင့်နိုင်ကြောင်း သတိပေး

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃ မျိူးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာဟာ ရေထဲကိုစိမ့်၀င်နေသော ရေဒီယိုသတ္တိကြွပစ္စည်းတွေနဲ့ ထိတွေ့နိုင်ကြောင်း တောင်ကိုရီးယားအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက ဖေဖော်ဝါရီ ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။ အဲဒီရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ပြည်သူတွေကိုလည်း ဘေးအန္တရာယ်ရှိနိုင်ကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်း တီဂျေဒဗလျူအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိကနျူကလီးယားစမ်းသပ်စခန်းဖြစ်တဲ့ ပန်ဂိုင်ရီအနီး နေထိုင်ကြပြီး တောင်ကိုရီးယားကို ထွက်ပြေးလာသူတွေကို ဓါတ်ရောင်ခြည်သင့်မသင့် စမ်းသပ်ခြင်းပြုဖို့ တောင်ကိုရီးယား တာ၀န်ရှိသူတွေကို အဲဒီအဖွဲ့က တိုက်တွန်းထားပါတယ်။ အဲဒီနေရာမှာ နေထိုင်သူ ၅၄၀၀၀၀ ထိ ဘေးအန္တရာယ်ရှိနိုင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါတယ်။ နျူကလီးယားဓါတ်ရောင်ခြည်ဟာ သက်ရှိဆဲလ်များကို တစိတ်တပိုင်း သို့မဟုတ် လုံး၀ပျက်စီးစေပြီး ကင်ဆာရောဂါအပါအ၀င် အခြားဘေးအန္တရာယ်တွေဖြစ်ပေါ်တတ်ပါတယ်။ မြောက်ကိုရီးယားဟာ ပန်ဂိုင်ရီမှာပြုလုပ်တဲ့ နျူကလီးယားစမ်းသပ်မှုခြောက်ကြိမ်အနက် အပြင်းထန်ဆုံးနျူကလီးယားစမ်းသပ်မှုကို ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးပြုလုပ်ခဲ့ပါတယ်။ Ref: BBC Photo:Reuters…

Read More

ကျောက်တံတားမှာ ဘဏ်ကနေ ငွေထုတ်လာသူဆီက ငွေသိန်း၃၀၀၀ လုယက်ခံရ

ဖေဖော်ဝါရီ ၂၄ -၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီနေ့ဖေဖော်ဝါရီ၂၄ ရက် မနက်ပိုင်းက CB bank ကနေ ငွေထုတ်လာသူဆီက ငွေသိန်း ၃၀၀၀ လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ငွေလုယက်ခံရသူတွေဟာ ယုံရှင်းငွေလွှဲလုပ်ငန်းက လူတွေဖြစ်ပြီး သူတို့ဟာ ဆာကူရာတာဝါက CB bank ကနေ ငွေထုတ်ပြီး ပြန်လာတဲ့လမ်းမှာ လူ ၅ ယောက်က ဓားတွေနဲ့ လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” မနက် ၁၀ နာရီခွဲလောက်က အလုခံလိုက်ရတာ သူတို့ထုတ်လာတဲ့ငွေ အကုန်ပါသွားတယ်၊ ပီနံအိတ်နဲ့၂အိတ်ထည့်လာတာပေါ့။ငွေထုတ်တာကိုသိပြီး ကြိုစောင့်လုသွားတဲ့ပုံပါ။ငွေလွှဲလုပ်ငန်းက စာရေးမနဲ့ကားသမားကို ဓားထောက်လုသွားတာလို့ သိရတယ်”လို့ ဆိပ်ကမ်းသာမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။ လုယက်သူတွေက အသင့်စောင့်နေတဲ့ကားပေါ်ကို ငွေတွေ တင်ပြီး ထွက်ပြေးသွားတာဖြစိပြီး အခုချိန်ထိ ဖမ်းဆီးရမိမှုမရှိသေးဘူးလို့ သိရပါတယ်။ ငွေတွေ လုယက်ခံလိုက်ရပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့ပြီး ကျူးလွန်သူတွေကိုလိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။…

Read More

တက္ကသိုလ်ဝင်စာမေးပွဲအတွက် မီးမပျက်ဖို့ စီးပွားရေးလုပ်ငန်းတွေ ညပိုင်းမီးမသုံးရ၊ လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ကြေညာ

ဖေဖော်ဝါရီ ၂၄ – ၂၀၂၃ SN (VOM) တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်သူတွေအတွက် ညပိုင်းစာကြည့်ချိန် မီးမပျက်ရေး စီးပွားရေးလုပ်ငန်းတွေရဲ့မီးသုံးစွဲမှုကို ကန့်သတ်ထားမှာဖြစ်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေး ကြေညာထားပါတယ်။ လာမယ့် မတ်လ ၈ ရက်မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ညပိုင်းစာကြည့်ချိန်အတွက် စာမေးပွဲကျင်းပတဲ့နေ့မှ စတင်ကာ ပြီးဆုံးတဲ့အချိန်အထိ ရက်ပေါင်း ၂၀ အတွင်း ညနေ ၅ နာရီက ၁၀ နာရီအထိ သီးသန့်ကန့်သတ်ဓာတ်အားဖြန့်ဖြူးပေးထားမယ်လို့ YESC က အသိပေး ထုတ်ပြန်ထားပါတယ်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် စောင့်ကြည့် အရေးယူသွားမယ်လို့ သိရတယ်။ ဘယ်လို ပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်မယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး“လို့ မြောက်ဒဂုံမြို့နယ်က အသေးစားနဲ့အလတ်စား အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။ သီးသန့်ကန့်သတ် ဓာတ်အားဖြန့်ဖြူးပေးနေတဲ့အချိန် စက်မှုဇုန်တွေ မဟုတ်တဲ့ အများပြည်သူအုပ်စုအတွင်း ဓာတ်အားသုံးစွဲနေတဲ့…

Read More

ဆူးကြားက ဗူးခါးဖြစ်နေကြရတဲ့ မုံရွာနယ်က ပြည်သူတွေ

ဖေဖော်ဝါရီ ၂၄-၂၀၂၃ Voice Of Myanmar(VOM) နိုင်ငံရေးပြောင်းလဲမှုကြာင့်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ တောနယ်ရွာတွေက တောင်သူတွေနဲ့ တနေ့လုပ်တနေ့စားအခြေခံလူတန်းစားတွေမှာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးမှုတွေကြောင့် စားဝတ်နေရေးကျပ်တည်းမှုတွေဟာ တနေ့တခြားပိုမိုများပြားလာကြပါတယ်။ အဲ့ဒီအထဲမှာ မုံရွာမြို့နယ်အတွင်းရှိ တောရွာတွေက စိုက်ပျိုးရေးတောင်သူတွေ၊ ပန်းရံ၊လက်သမား၊တနေ့လုပ်တနေ့စားတွေလည်း အများစုပါဝင်နေပါတယ်။ #voiceofmyanmar #VOM #မုံရွာ Youtube Link – https://youtu.be/W5e3ugw1V7A

Read More
VOM News

FREE
VIEW