ယူကရိန်းကနေ ရုရှားတပ်တွေ ချက်ချင်းခြွင်းချက်မရှိ ရုပ်သိမ်းဖို့ ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်

နယူးယောက်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲတနှစ်ပြည့်အချိန်မှာ ယူကရိန်းကနေ ရုရှာတပ်တွေ ချက်ချင်းခြွင်းချက်မရှိရုပ်သိမ်းဖို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၃ ရက်မှာ တခဲနက်မဲခွဲဆုံးဖြတ်လိုက်ပြီး တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် တောင်းဆိုလိုက်ကြပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အဲဒီလိုမဲခွဲရာမှာ အဖွဲ့၀င် ၁၉၃ နိုင်ငံအနက် ထောက်ခံမဲ့ ၁၄၁ မဲ့၊ ကန့်ကွက်မဲခုနှစ်မဲ့နဲ့ တရုတ်နဲ့အိန္ဒိယအပါအ၀င် ၃၂ နိုင်ငံ ကြားနေခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ တနှစ်ပြည့်နှစ်ပတ်လည်မတိုင်မီနေ့မှာ အဲဒီလိုမဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး ယူကရိန်းဒေသလေးခုကို ရုရှားကသိမ်းပိုက်ထားတဲ့အပေါ် ရှုတ်ချခဲ့ကြပါတယ်။

ဒီမဲပေးမှုဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အရှင်းဆုံးသတင်းပါးလိုက်တာဖြစ်ပြီး ယူကရိန်းနဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းက ရပ်တည်နေတယ်ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်က ပြောပါတယ်။

အခုလိုမဲခွဲဆုံးဖြတ်မှုဟာ ၁၂ လကြာစစ်ပွဲဆင်နွှဲပြီးနောက် ကမ္ဘာ့ဇတ်ခုံမှာ ရုရှားဟာဆက်လက်အထီးကျန်နေတာကို ပြသနေတာဖြစ်ပြီး ဘီလာရုစ်၊ ဆီးရီးယား၊ မြောက်ကိုရီးယား၊ မာလီ၊ နီကာရာဂွါနဲ့ အီရီထရီးယားတို့ကသာ ရုရှားကို ထောက်ခံခဲ့ကြပါတယ်။

Ref: AFP
Photo:AFP
#voiceofmyanmar #VOM #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW