ကိုရီးယားနဲ့တူအောင် မျက်နှာခွဲစိတ်ပြီး တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ်မှောင်ခိုသမား ဖမ်းဆီးခံရ

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ချောမောလှပတဲ့ ကိုရီးယားအမျိုးသားနဲ့တူအောင် မျက်နှာကိုခွဲစိတ်ပြုပြင်ပြီး တိမ်းရှောင်နေတဲ့ ထိုင်းမူးယစ်မှောင်ခိုသမားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတွေကပြောပါတယ်။

ထိုင်းအမည် ဆဟာရက်ဆ၀မ်ဂျန်ဟာ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် ဆောင်ဂျီမင်ဆိုတဲ့နာမည်နဲ့ လှုပ်ရှားနေခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဘန်ကောက်မှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဲဒီအမျိုးသားကို ဖမ်းဆီးရမိဖို့အတွက် ထိုင်းရဲတွေက သုံးလကြာ အပူတပြင်းစုံစမ်းရှာဖွေခဲ့ရပြီး ဖမ်းမိတဲ့အချိန်မှာတော့ သူ့ရဲ့မူလမျက်နှာရုပ်သွင် လုံး၀မရှိတော့ဘူးလို့ ရဲတွေကပြောပါတယ်။

သူဟာဘန်ကောက်မှာရှိတဲ့ မူးယစ်ဆေးရောင်းချသူတွေတဲ့ အခြားသူတွေနဲ့ ၀ယ်ယူသုံးစွဲသူတွေဆီကို စိတ်ကြွဆေးတွေဖြန့်နေတာကနေ ရဲတပ်ဖွဲ့က ခြေရာခံမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ချောမောတဲ့ ကိုရီးယားအမျိုးသားတဦးလို ခွဲစိတ်ပြုပြင်ပြီး နာမည်ကိုပါ ကိုရီးယားလိုပြောင်းခဲ့တဲ့ မူးယစ်တရားခံကတော့ သူဟာဘ၀သစ်ကိုစတင်ချင်ပြီး ထိုင်းနိုင်ငံကိုငြီးငွေ့ကြောင်းနဲ့ တောင်ကိုရီးယားကို ရွှေ့ပြောင်းချင်တယ်လို့ ရဲတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW