စစ်တွေတက္ကသိုလ်မှာ ကျင်းပတဲ့ ရေပါတီ

ဖေဖော်ဝါရီ ၂၇- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီလောက်ကနေ ညနေပိုင်းအထိ ရေပါတီ(Water Party)ကျင်းပပြုလုပ်ခဲ့ပြီး စစ်တွေမြို့ပေါ်တက္ကသိုလ်တွေက ကျောင်းသူ၊ကျောင်းသား ၁ ထောင်ကျော်လောက် ပါဝင်ဆင်နွဲခဲ့တာဖြစ်ပါတယ်။

အဲဒီ Water Partyမှာ ရခိုင်အဆိုတော်တွေလည်းပါဝင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေလည်း ပါဝင်ဆင်နွှဲကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စစ်တွေတက္ကသိုလ်မှာ အခုလိုမျိုး ရေပါတီကျင်းပခဲ့ပေမယ့် အဲ့ဒီကြားထဲ (၂)နှစ်တာကာလအတွင်းမှာတော့ ကိုဗစ်နဲ့ ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေအပြင် နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် ရပ်နားခဲ့ရာကနေ တက္ကသိုလ်ကျောင်းတွေဖွင့်လှစ်တဲ့ ဒီနှစ်မှာ ပြန်လည်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #စစ်တွေတက္ကသိုလ် #ရေပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW