နိူင်ငံရေးပြဿနာကို အကြမ်းမဖက်နိူင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လိုပြီလို့ ပြည်သူ့ပါတီဥက္ကဋ္ဌပြော

ဖေဖော်ဝါရီ ၂၇-၂၀၂၃
KK(VOM)

နိုင်ငံရေးပြဿနာကို အကြမ်းမဖက်နိူင်ငံရေးနည်းလမ်းနဲ့ ယုံကြည်သူအချင်းချင်းလက်ချင်းချိတ်ပြီး ဘယ်လို့ရှေ့ဆက်ဆောင်ရွက်သွားမယ်ဆိုတာကို ခေါင်းအေးအေးနဲ့စဥ်းစားဖို့လိုပြီ လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ
ဦးကိုကိုကြီးက ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့၊ဗဟန်းမြို့နယ် ရွှေဂုံတိုင်ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

“နိူင်ငံရေးပြသာနာဟာ နိူင်ငံရေးကြောင့်ဖြစ်တယ်ဆိုတာ လက်မခံကြသေးဘူးလား၊ နိူင်ငံရေးပြဿနာကို နိူင်ငံရေးနည်းလမ်းရှင်းရမယ်ဆိုတာ စွန့်လွှတ်လိုက်ကြပြီလားဆိုတာ ကျနော်တို့မေးရမယ်၊ နိူင်ငံရေးနည်းလမ်းကို စွန့်လွှတ်ပြီး ဘယ်လိုပုံစံနဲ့ဘယ်လောက်ကြာကြာ ရှေဆက်သွားကြမလဲ၊ အကြမ်းမဖက် နိူင်ငံရေးနည်းလမ်းကို ယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအချင်းချင်း လက်ချင်းချိတ်ပြီး ပူးပေါင်း
ဆောင်ရွက်ကြဖို့လိုပြီ၊ ပြဿနာတွေကို နိူင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိူင်ဖို့အတွက် ဘယ်လိုရှေ့ဆက်ပြီးဆောင်ရွက်ကြမလဲဆိုတာကို ခေါင်းအေးအေးနဲ့အမြင်ကျယ်ကျယ်နဲ့စဥ်းစားကြဖို့ ဆွေးနွေးကြဖို့လိုပြီလို့ တိုက်တွန်းချင်ပါတယ် “လို့ ဦးကိုကိုကြီးကပြောပါတယ်။

ပြည်သူ့ပါတီကို တည်ထောင်ခဲ့နဲ့ပတ်သတ်ပြီး “ပေါချောင်ကောင်းမဟုတ်ဘူး ဒီလမ်းကိုရွေးတာ လွယ်တယ်ထင်လို့ ရွေးခဲ့တာမဟုတ်ဘူး၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ် ကျော်ဖြတ်မယ်ဆိုပြီး သံဓိဌာန်ချပြီး ရွေးချယ်ခဲ့တာ”လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် တိုင်ရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရကာ အသေအပျောက်များနေတာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ပါတီတစ်ခုရှိသင့်တယ်လို့ ထင်မြင်ကာ မှတ်ပုံတင်သူတွေလည်းရှိတယ်လို့ ပြောပါတယ်။

ပြည်သူပါတီဗဟိုဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးကို ပြည်သူ့ပါတီဥက္ကဋ္ဌနဲ့ဗဟိုကော်မတီဝင်တွေ၊လေ့လာသူတွေ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)ဥက္ကဋ္ဌနဲ့ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီပါတီနှစ်ခုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၅ ရက်က ပါတီနှစ်ခုပူးပေါင်းကာ ပြည်သူ့ပါတီနာမည်နဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့ တွေ့ဆုံဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

လက်တလော ​ပါတီနှစ်ခုပူးပေါင်းပြီး ပြည်သူ့ပါတီအသစ်ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်မယ့်လူဦးရေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က နိူင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေထွက်လာပြီးနောက် ရွေးကောက်ပွဲကော်မရှင်မှာ အသစ်ပြန်လည်မှတ်ပုံတင်ထားတဲ့ပါတီတွေကတော့ ​ပြည်ခိုင်ဖြိုးပါတီအပါအဝင် ၈ ပါတီသာ ရှိသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်သူ့ပါတီဥက္ကဋ္ဌ #ဦးကိုကိုကြီး

Related posts

Leave a Comment

VOM News

FREE
VIEW