ရန်ကုန်က မြို့နယ်နှစ်ခုမှာ မီးလောင်မှုဖြစ်လို့ ဆေးဆိုင်နဲ့ နေအိမ်၅လုံး မီးလောင်ပျက်စီး

မတ် ၂ – ၂၀၂၃
GG(VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ လမ်းမတော်မြို့နယ်မှာ ဒီနေ့မတ်လ ၂ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နဲ့ဆိုင်ခန်းအချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

” သင်္ဃန်းကျွန်းက ဆိုင်ခန်းလောင်တာပါ။လမ်းမတော် သခင်မြပန်းခြံနားလောင်တာကတော့ အိမ်၅လုံးပါ။၁နာရီလောက်တော့ မီးငြှိမ်းသတ်လိုက်ရပါတယ်”လို့ မီးလောင်ပြင်နှစ်နေရာလုံးကို ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ ကရုဏာကမ်းလက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီနေ့ မတ်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၄၀ လောက်မှာ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ် ကွက်၊ သခင်မြပန်းခြံအနီး၊ အောင်ရတနာလမ်းက ပျဥ်ထောင် နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။

နောက်တခုက နေ့လယ် ၁၁ နာရီကျော်လောက်မှာ သင်္ဃန်းကျွန်း စံပြဆေးရုံအရှေ့မှာဖွင့်ထားတဲ့ Life Plus ဆေးဆိုင် မီးလောင်ကျွမ်းကာ ပျက်ဆီးဆုံးရှုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” အဲ့ဒီဆေးဆိုင် မီးလောင်တော့ဆေးရုံက လန့်ကြတာပေါ့။ဒီဆေးဆိုင်က မနက်ဖြန်မှ ဆိုင်ဖွင့်ပွဲလုပ်မှာ၊ဆိုင်အသစ်ပေါ့ “လို့ သင်္ဃန်းကျွန်းမှာနေထိုင်သူတဦးကပြောပါတယ်။

အဲ့ဒီမီးလောင်မှု ၂ ခုလုံးမှာတော့ လူထိခိုက်ဒဏ်ရာရရှိတာမရှိခဲ့ဘဲ ပျက်စီးဆုံးရှုံမှုတန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းမှုအခြေအနေကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ကစစ်ဆေးတွက်ချက်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW