ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီမှာ ရေဘေးကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး၊ အများအပြားပျောက်ဆုံးနေ

အန်ကာရာ၊ မတ်-၁၆-၂၀၂၃
မျိုးဆက်(VOM)

လွန်ခဲ့တဲ့လက ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနိုင်ငံအရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၄ ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက မတ် ၁၅ ရက်မှာ ပြောပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေထဲမှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ကုန်သေတ္တာအိမ်တွေထဲမှာ နေထိုင်နေကြရတဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာသူတွေလည်း ပါ၀င်ကြောင်းသိရပါတယ်။

ဆန်လူဖာမြို့ လမ်းတွေမှာ ရေကြီးရေလျှံမှုများကြောင့် ကားတွေမျောပါတိမ်းမှောက်ပြီး လူ ၁၂ ဦးသေဆုံးသွားပါတယ်။

အာဒီယာမန်းမြို့မှာတော့ ကုန်သေတ္တာအိမ်ထဲတွင်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက နှစ်ဦးသေဆုံးသွားပါတယ်။

ရေကြီးရေလျှံမှုကြောင့် မော်တော်ယာဉ်တွေထဲမှာလူများစွာပိတ်မိနေပြီး သူတို့ကိုကူညီဖို့ကြိုးစားသူအချို့ ရေစီးနဲ့မျောပါသွားခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူအချို့ကို ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။

လူပေါင်း ၄၈၀၀၀ ကျော်သေဆုံးခဲ့ပြီး သန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဖေဖော်ဝါရီ ၆ ရက် ငလျင်ပြီးနောက် ငါးပတ်အကြာမှာ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အန်ကာရာ

Related posts

Leave a Comment

VOM News

FREE
VIEW