ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီမှာ ရေဘေးကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး၊ အများအပြားပျောက်ဆုံးနေ

အန်ကာရာ၊ မတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) လွန်ခဲ့တဲ့လက ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနိုင်ငံအရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၄ ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက မတ် ၁၅ ရက်မှာ ပြောပါတယ်။ သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေထဲမှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ကုန်သေတ္တာအိမ်တွေထဲမှာ နေထိုင်နေကြရတဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာသူတွေလည်း ပါ၀င်ကြောင်းသိရပါတယ်။ ဆန်လူဖာမြို့ လမ်းတွေမှာ ရေကြီးရေလျှံမှုများကြောင့် ကားတွေမျောပါတိမ်းမှောက်ပြီး လူ ၁၂ ဦးသေဆုံးသွားပါတယ်။ အာဒီယာမန်းမြို့မှာတော့ ကုန်သေတ္တာအိမ်ထဲတွင်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက နှစ်ဦးသေဆုံးသွားပါတယ်။ ရေကြီးရေလျှံမှုကြောင့် မော်တော်ယာဉ်တွေထဲမှာလူများစွာပိတ်မိနေပြီး သူတို့ကိုကူညီဖို့ကြိုးစားသူအချို့ ရေစီးနဲ့မျောပါသွားခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူအချို့ကို ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။ လူပေါင်း ၄၈၀၀၀ ကျော်သေဆုံးခဲ့ပြီး သန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဖေဖော်ဝါရီ ၆ ရက် ငလျင်ပြီးနောက် ငါးပတ်အကြာမှာ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #အန်ကာရာ

Read More

မလေးရှားကိုသွားမယ့် မြန်မာလုပ်သား(၂၇)ဦး ထိုင်းမှာ ဖမ်းဆီးခံရ

မတ်၊ ၁၆-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ ပရကျွပ်မြို့နယ်မှာ ထိုင်း-မြန်မာ စင်ခွန် -မောတောင် နယ်စပ်ဂိတ်မှာ မလေးရှားနိုင်ငံကို သွားမယ့် မြန်မာလုပ်သား ၂၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ”မြန်မာ အလုပ်သမား ၂၇ ယောက်ကို မနေ့က ဖမ်းမိတာ၊ ထိုင်းနိုင်ငံကနေ တဆင့် မလေးရှားနိုင်ငံကိုသွားဖို့လာတာပါ၊ တရားမဝင်လမ်းကြောင်းကနေလာတာ၊ ထိုင်းဖက်ခြမ်း ပရကျွပ်မြို့နယ်ထဲက ရွာတစ်ရွာက အုန်းတောခြံ တခုထဲကို ရောက်တဲ့အချိန် သူတို့ကို လာခေါ်မယ့် ပွဲစားကို စောင့်ဆိုင်းနေရင်း ထိုင်းနိုင်ငံသား ၂ ယောက်က ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားလိုက်လို့ ဖမ်းဆီးခံရတာ၊ ခိုးလမ်းကနေ ဝင်ရောက်လာတာ။”လို့ရွှေ့ပြောင်းအလုပ်သမားတွေကိုကူညီပေးနေသူတဦးကပြောပါတယ်။ အဲ့ဒီ မြန်မာလုပ်သား ၂၇ယောက်ဟာ ပွဲစားခ ထိုင်းဘက်ငွေ တယောက် ၄၅၀၀၀ ကနေ ၅၀၀၀၀ အထိပေးပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင် နယ်စပ်ဂိတ်ကနေ ထိုင်းဖက်ကို…

Read More

အတ္တရံတံတားပေါ် ၃တန်အထက် ယာဥ်တွေ ဖြတ်သန်းခွင့်ပိတ်လိုက်လို့ သွားလာရေး ခက်ခဲနေ

မတ် ၁၆-၂၀၂၃ GG (VOM) မော်လမြိုင်မြို့ရှိ အတ္တရံတံတားကို ပြုပြင်မှုလုပ်နေတာကြောင့် ဒီနေ့ မတ်လ ၁၆ ရက်နေ့ကစပြီး တံတားပေါ် ကို ၃ တန်အထက်ယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်ကားတွေ၊ ခရီးသည်တင်Express ကားတွေ အပါအဝင် စတဲ့၃တန်အထက်ကားတွေဟာ ကျိုက်မရော စံပယ်ဂူတံတားဘက်နဲ့ သထုံဘက်လမ်းကနေ ပတ်ပြီးသွားနေရတာ​ကြောင့် ကားသမားတွေလည်း အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။ နောက်ပြီး အတ္တရံတံတားမှာလည်း ၃ တန်အောက်ကားနဲ့ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်ပေးနေပေမယ့် တံတားတဖက်စီကို အလှည့်ကျဖြတ်သန်းခွင့်ပေးတာဖြစ်လို့ ကား​ပိတ်ဆို့မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ “အတ္တရံတံတား ဒီမနက်အခြေအနေ (၃)တန်အထက်ကားကြီးပေးမဖြတ်တော့ပါ။ ဒီတော့ ၃တန်အထက်တွေက အရင်က တံတားထိပ်ကနေ ဇာသပြင် ကို ၁၅မိနစ်သာ မောင်းရမယ့်ခရီးက အခု ကျိုက်မရော စံပါယ်ငူတံတားဘက်ကနေ တစ်နာရီနီးပါးလောက် ပတ်မောင်းနေရတယ်”လို့ မော်လမြိုင် ဒေသခံတဦးက ပြောပါတယ်။ အတ္ထရံတံတားရဲ့ပင်မအောင်ခုံနေရာဟာ အက်ကွဲမှုဖြစ်နေတာကို…

Read More

လစ်ဗျားမှာ ယူရေနီယံနှစ်တန်ခွဲ ထူးဆန်းစွာ ပျောက်ဆုံးနေ

ဗီယင်နာ၊ မတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံမှာ ထူးဆန်းပျောက်ဆုံးသွားတဲ့ ယူရေနီယံနှစ်တန်ခွဲကို ရှာဖွေဖို့ ကြိုးပမ်းနေကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) က မတ် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုင်အေအီးအေ စစ်ဆေးရေးမှူးတွေဟာ လစ်ဗျားရှိနေရာတခုကို ယခုသီတင်းပတ်အစောပိုင်းက သွားရောက်စစ်ဆေးရာမှာ ယူရေနီယံနှစ်တန်ခွဲထည့်သွင်းထားတဲ့ ပစ္စည်းများပျောက်ဆုံးနေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီယူရေနီယံတွေဟာ ဘယ်အချိန်ကပျောက်ဆုံးခဲ့တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။ စစ်ဆေးရေးမှူးတွေဟာ အဲဒီနေရာကို ယမန်နှစ်ကတည်းက သွားရောက်ဖို့စီစဉ်ထားပေမယ့် လစ်ဗျားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယူရေနီယံသိုလှောင်ထားသည့်နေရာဟာ လစ်ဗျားအစိုးရထိန်းချုပ်မှုအောက်မှာမရှိကြောင၈်း အိုင်အေအီးအေက ထုတ်ပြန်ထားပြီး ဘယ်လိုပျောက်ဆုံးသွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ လစ်ဗျားအာဏာရှင် ကဒါဖီ ၂၀၁၁ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချခံရပြီးနောက် နိုင်ငံရေးနဲ့ စစ်ရေးသဘောကွဲလွဲမှုတွေကြောင့် နှစ်ဘက်အုပ်စုတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #ဗီယင်နာ

Read More

ဂျပန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမစမီ နာရီပိုင်းအလိုမှာ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်ပြီး မြောက်ကိုရီးယားသတိပေး

ဆိုးလ်၊ မတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်၀န်ကြီးချုပ်တို့ ထိပ်သီးဆွေးနွေးပွဲမစတင်မီနာရီပိုင်းအလိုမှယ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ပြီး သတိပေးလိုက်ပါတယ်။ တိုက်ချင်းပစ်ဒုံးကျည်ကို မတ် ၁၆ ရက်နံနက်ပိုင်းမြှ မြောက်ကိုရီးယားကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအနောက်ပိုင်း ပင်လယ်ပြင်သို့ မိုင် ၂၆၀ ထိပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။ အခုလိုပစ်ခတ်မှုဟာ တပတ်အတွင်း မြောက်ကိုရီးယား၏ စတုတ္ထအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုလည်းဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ယခုပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း ဂျပန်စစ်တပ်က အတည်ပြုထားပြီး ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပသို့ ကျရောက်ခဲ့ကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့ မတ် ၉ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေမှာလည်း မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်စမ်းသပ်မှုပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ မတ် ၁၇ ရက်နေ့လယ်ပိုင်းမှာ ဂျပန်၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေချိန်မှာ မြောက်ကိုရီးယားအရေး…

Read More

၁၁ နှစ်ကျော်ကြာ တိုက်ပွဲရှောင်ခဲ့ကြတဲ့ နမ့်ခမ်း ဂျော်-၁ စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၁ စု နေရပ်ပြန်

မတ် ၁၆၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်မှာ ၁၁ နှစ်ကျော်ကြာ တိုက်ပွဲရှောင်ခဲ့ကြရတဲ့ နမ့်ခမ်းမြို့ပေါ်ရှိ ဂျော် ၁ စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၁ စုဟာ မနေ့ မတ်လ ၁၅ ရက်က နေရပ်ပြန်ကြပြီဖြစ်တယ်လို့ အကူအညီပေးခဲ့သူတွေဆီက သိရပါတယ်။ “နမ့်ခမ်းမြို့ ဂျော် ၁ စစ်ရှောင်စခန်းက အိမ်ထောင်စု ၂၁ စု မိမိရပ်ရွာဒေသကို ပြန်ကြပြီ၊ မိုင်းဝီးမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ဗန်းမော်မြို့နယ် တွေထဲက ဒေသခံ ပြည်သူတွေဖြစ်ကြပြီး မော်ဆွေ၊ ယန်ဝူး၊ကဒေါ့်ကောင်၊ မန်ကန်၊ ကျမ်းကား စတဲ့ရွာတွေထဲက စစ်ရှောင်တွေဖြစ်တယ်”လို့ အကူအညီပေးခဲ့တဲ့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတဲ့အပြင် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိသလောက်…

Read More

ရေကြည်ရာမြက်နုရာ ဖြစ်သလိုနေ နေရတဲ့ အရာတော်နယ်က မီးဘေးသင့်စစ်ရှောင်တချို့

မတ် ၁၆-၂၀၂၃ Voice Of Myanmar(VOM) နေအိမ်တွေမီးရှို့ခံရတဲ့ အရာတော်နယ်၊မန်ကျည်းစောက်ရွာက မိသားစုတချို့ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာတော့ ဝက်လက်မြို့နယ်ထဲက သရက်ခြံရှင်တဦးရဲ့ကူညီမှုနဲ့ သရက်ခြံထဲမှာ ယာယီတဲထိုးပြီး ခိုလှုံနေကြရပါတယ်။ ” လောလောဆယ် နေရေးထိုင်ရေးအဆင်ပြေတယ်ဆိုရပေမယ့် စားဝတ်နေရေးအတွက်ကိုတော့ ကြုံရာကျဘမ်းလုပ်ကိုင်စားသောက်နေကြရပါတယ်၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့နေထိုင်နေရတဲ့ဘဝတွေကနေ အခုလို သူများရပ်ရွာမှာ ဒုက္ခသည်တဦးအနေနဲ့ခိုလှုံနေရတဲ့သူတို့ဘဝတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်”လို့ တိမ်းရှောင်နေရသူတချို့ကပြောပါတယ်။ ဒါကြောင့် နိုင်ငံရေးကိုလက်နက်ကိုင်ဖြေရှင်းကြတဲ့နေရာမှာ ပြည်သူတွေကိုငဲ့ညှာကြဖို့ တောင်းဆိုနေကြပြီး အိမ်မရှိတော့ပေမယ့် ကိုယ့်ရွာမှာကျန်ရှိနေသေးတဲ့ ကိုယ်ပိုင်မြေပေါ်မှာ ပြန်လည်နေထိုင်ခွင့်ရမဲ့အချိန်ကိုလည်း မျှော်လင့်နေကြပါတယ်။ #voiceofmyanmar #VOM #အရာတော်

Read More

စားသောက်ကုန်၊ မူးယစ်ဆေးနဲ့ စိုးရိမ်နေရတဲ့ မိဘတွေ

မတ် ၁၆ – ၂၀၂၃ SN (VOM) လက်ရှိမှာ စားသောက်ကုန်တွေအတွင်းကို မူးယစ်ဆေးတွေထည့်သွင်းပြုလုပ်ပြီး အွန်လိုင်းကတဆင့် ရောင်းချလာကြပါတယ်။ ရန်ကုန်မြို့က နေရာတချို့မှာ ကွတ်ကီးနဲ့ ချော့ကလက်တွေထဲ ဆေးခြောက်အမှုန့်နဲ့ အဆီတွေ ထည့်သွင်းပြုလုပ် ရောင်းချနေသူတွေကို ဖမ်းဆီး အရေးယူထားတယ်လို့ သက်ဆိုင်ရာက ကြေညာထားတာလည်း ရှိပါတယ်။ အဲ့ဒီလို စားသောက်ကုန်တွေထဲ မူးယစ်ဆေးတွေ ထည့်သွင်းပြုလုပ် ရောင်းချလာတဲ့အပေါ် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး ဒီလို မုန့်ပဲသရေစာတွေကတဆင့် မူးယစ်ဆေးဝါးကို ကလေးတွေ ထိတွေ့ ယဉ်ပါးလာမှာကို မလိုလားဘူးလို့ ပြောလာပါတယ်။ “ကွတ်ကီးထဲမှာ ထည့်တယ်ဆိုတာ လူမဆန်တာ၊ ဦးနှောက်မရှိတာ။ သားသမီးချင်း ကိုယ်ချင်းမစာကြတာ။ အိမ်က ကလေးတွေက ကွတ်ကီး၊ ချော့ကလက် အရမ်းကြိုက်။ အခု ဒါတွေထဲမှာပါလာပြီဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ချော့ကလက်က ခဏထားဦး။ ဒီ ကွတ်ကီးမုန့်ဆိုတာက ကလေးသေးသေးလေးကအစ စားကြတာဆိုတော့…

Read More
VOM News

FREE
VIEW