ရေကြည်ရာမြက်နုရာ ဖြစ်သလိုနေ နေရတဲ့ အရာတော်နယ်က မီးဘေးသင့်စစ်ရှောင်တချို့

မတ် ၁၆-၂၀၂၃
Voice Of Myanmar(VOM)

နေအိမ်တွေမီးရှို့ခံရတဲ့ အရာတော်နယ်၊မန်ကျည်းစောက်ရွာက မိသားစုတချို့ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာတော့ ဝက်လက်မြို့နယ်ထဲက သရက်ခြံရှင်တဦးရဲ့ကူညီမှုနဲ့ သရက်ခြံထဲမှာ ယာယီတဲထိုးပြီး ခိုလှုံနေကြရပါတယ်။

” လောလောဆယ် နေရေးထိုင်ရေးအဆင်ပြေတယ်ဆိုရပေမယ့် စားဝတ်နေရေးအတွက်ကိုတော့ ကြုံရာကျဘမ်းလုပ်ကိုင်စားသောက်နေကြရပါတယ်၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့နေထိုင်နေရတဲ့ဘဝတွေကနေ အခုလို သူများရပ်ရွာမှာ ဒုက္ခသည်တဦးအနေနဲ့ခိုလှုံနေရတဲ့သူတို့ဘဝတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်”လို့ တိမ်းရှောင်နေရသူတချို့ကပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးကိုလက်နက်ကိုင်ဖြေရှင်းကြတဲ့နေရာမှာ ပြည်သူတွေကိုငဲ့ညှာကြဖို့ တောင်းဆိုနေကြပြီး အိမ်မရှိတော့ပေမယ့် ကိုယ့်ရွာမှာကျန်ရှိနေသေးတဲ့ ကိုယ်ပိုင်မြေပေါ်မှာ ပြန်လည်နေထိုင်ခွင့်ရမဲ့အချိန်ကိုလည်း မျှော်လင့်နေကြပါတယ်။

#voiceofmyanmar #VOM #အရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW