စစ်မီးလျှံကြားမှာ အနာဂတ်ပျောက်နေတဲ့ မောင်နှမနှစ်ဦး

မတ် ၂၅-၂၀၂၃
HT(VOM)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ထန်းတက်ပြီး ထန်းလျက်ချက်တဲ့လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုပြီး ဘဝကိုဖြတ်သန်းနေတဲ့ မိသားစုတစု ရှိနေပါတယ်။

တနေ့မှာတော့ သူတို့မိသားစုနေထိုင်ရာနေအိမ်ပေါ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အဲ့ဒီပေါက်ကွဲမှုကြောင့် အဖေ၊အမေနဲ့ အကိုအကြီးဆုံးသားဖြစ်သူတို့ သေဆုံးခဲ့ပြီး ရွာထဲ တနေရာကိုရောက်နေတဲ့ သားငယ်နဲ့သမီးငယ်နှစ်ယောက်သာအသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

ကျန်ခဲ့တဲ့ သားနဲ့သမီးဟာ အသက် (၁၉)နှစ်ဝန်းကျင်သာရှိသေးတဲ့ လူငယ်‌တွေဖြစ်ပြီး လက်ရှိမှာတော့ အားကိုးရာမဲ့ အခြေအနေတွေနဲ့ ဆွေမျိုးသားချင်းအိမ်မှာ မှီခိုအားကိုးနေထိုင်နေကြရပါတယ်။

သူတို့နေထိုင်နေတဲ့ ဆွေမျိုးမိသားစုဆိုတာလည်း လူချမ်းသာအသိုင်းအဝိုင်းမဟုတ်တော့ ခေတ်ကာလအရ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေက လူပိုဖြစ်နေတဲ့ သူတို့မောင်နှမနှစ်ယောက်ကို အခက်တွေ့စေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ သူတို့မောင်နှမ နှစ်ယောက်အနာဂတ်အတွက် ဘာတွေမျှော်လင့်နေလည်း ဘယ်လိုတွေကြိုးစားနေကြလည်း သူတို့ရဲ့ခံစားချက် ခံယူချက်တွေကဘာလည်းဆိုတာကို တွေ့ဆုံမေးမြန်းထားပါတယ်။

#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW