လူလိုက်ပါတဲ့ လကမ္ဘာခရီးစဉ် လာမယ့်နှစ်နှောင်းပိုင်းမှာစေလွှတ်ဖို့ နာဆာစီစဉ်နေ

မတ် ၂၅-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူလိုက်ပါမယ့် လကမ္ဘာခရီးစဉ်စေလွှတ်ဖို့ စီစဉ်နေပါတယ်။ နာဆာဟာ လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်မှာ စွမ်းရည်မြင့်ဒုံးပျံ၊ လွှတ်တင်ရေးစနစ်တို့ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက် လူလိုက်ပါတဲ့လကမ္ဘာခရီးစဉ်အဖြစ် Artemis II မစ်ရှင်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ စေလွှတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီခရီစဉ်ကို လာမယ့်နှစ် နို၀င်ဘာလမှာစေလွှတ်ဖို့ နာဆာကပြင်ဆင်နေပြီး အာကာသယာဉ်မှူးတွေဟာ လကမ္ဘာ၀န်းကျင်ကို Orion အာကာသာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၆ ခုနှစ်မှာ လကမ္ဘာပေါ်ဆင်းသက်ခြေချမယ့် Artemis III မစ်ရှင်ကို စေလွှတ်သွားမှာဖြစ်ပါတယ်။ လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်ကတော့ လကမ္ဘာ၀န်းကျင်ကို ၂၅ ရက်ကြာသွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာအဆုံးသတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ဘေးကင်းလုံခြုံစွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်…

Read More

မြန်မာက လေယာဥ်ဆီတင်သွင်းမှုနဲ့ပတ်သက်ပြီး အဖွဲ့အစည်း ၆ခုနဲ့ လုပ်ငန်းရှင်လင်မယားကို အမေရိကန်က ဒဏ်ခတ်အရေးယူပိတ်ဆို့

မတ် ၂၄ – ၂၀၂၃ GG(VOM) မြန်မာ စစ်တပ်ကို လေယာဥ်ဆီ တင်သွင်းပေးနေတဲ့ သူ ၂ယောက်နဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်နိုင်ငံ ဘဏ္ဍာ​ရေးဝန်ကြီးဌာနက အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်မံပြုလုပ်လိုက်တယ်လို့ မနေ့ မတ်လ ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့ခံရသူကတွေကတော့ လေယာဥ်ဆီတင်သွင်းနေတဲ့ ဦးထွန်းမင်းလတ် နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ပြီး ဦးထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ ၊ဒါမှမဟုတ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ Star Sapphire Group of Companies၊ Star Sapphire Trading Company Limitedနဲ့ Star Sapphire Group Pte. Limited ကိုပါ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။ နောက်ပြီး လေယာဉ်ဆီ တင်သွင်းနိုင်အောင် ကူညီပေးနေတဲ့ Asia Sun Group၊ Asia…

Read More

တောင်တရုတ်ပင်လယ်အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ တရုတ်နဲ့ဖိလစ်ပိုင် သဘောတူ

မနီလာ၊ မတ်-၂၅-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံတို့အကြား မတ် ၂၄ ရက်မှာ သဘောတူလိုက်ကြပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုများကြီးထွားလာစဉ်မှာ တရုတ်ဒုတိယ နိုင်ငံခြာရေး၀န်ကြီး ဆန်ဝေဒေါင်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာရီယာထရီဇာလာဇာရိုတို့ မတ် ၂၄ ရက်က ဆွေးနွေးပြီးနောက် အခုလိုသဘောတူလိုက်ကြတာဖြစ်ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး အိမ်နီးချင်းနိုင်ငံကောင်းတွေဖြစ်ဖို့အတွက် ပူပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းစွာမြှင့်တင်ဖို့ လိုအပ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များအနေနဲ့ ရေကြောင်းဆိုင်ရာ ပြသနာတွေကို သံခင်းတမန်ခင်းနှနဲ့ တွေ့ဆုံဆွေးနွေးမှုတွေတဆင့် ကိုင်တိုင်ဖြေရှင်းဖို့လိုလားကြပြီး အကျပ်ကိုင်ခြိမ်းခြောက်မှုတွေကို ရှောင်ရှားသင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ရဲ့ ဒေသအများစုကို တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်အပါအ၀င် အာဆီယံနိုင်ငံအချို့နဲ့ ရေကြောင်းပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေရှိနေပါတယ်။ Ref: NHK #voiceofmyanmar #VOM #မနီလာ

Read More

ပြင်သစ်မြို့ကြီးတွေမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွား

ပါရီ၊ မတ်-၂၅-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ အငြိမ်းစားယူရမယ့် အသက်အရွယ်တိုးမြှင့်လိုက်တဲ့ အပေါ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြင်းထန်နေပြီး ဘော်ဒိုးမြို့ရှိ မြို့တော်ခန်းမကို ဆန္ဒပြသူတွေက မတ် ၂၃ ရက်မှာ မီးရှို့ခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံတ၀န်းမှာ မတ် ၂၃ ရက်က ဆန္ဒပြသူတစ်သန်းကျော်ရှိခဲ့ပြီး မြို့တော်ပါရီမှာ ၁၁၉၀၀၀ ထိရှိကြောင်း ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုဖြိုခွဲခဲ့ပြီး နိုင်ငံတ၀န်းမှာ ဆန္ဒပြမှုနဲ့ဆက်နွယ်နေတဲ့ လူ ၈၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပါရီမြို့မှာတော့ဖမ်းဆီးခံရသူ ၃၃ ဦးထိရှိနေပါတယ်။ ဆန္ဒပြမှုတွေကြောင့် ရထားအပါအ၀င်အများပြည်သူသယ်ယူပို့ဆောင်ရေးတွေ အနှောက်အယှက်ဖြစ်ပေါ်ခဲ့ပြီး ရေနံချက်လုပ်ငန်တွေလည်း ထိခိုက်ခဲ့ကာ နိုင်ငံအနောက်ပိုင်း နန့်တက်စ်၊ ရန်းနက်စ်နဲ့ လောရန့်မြို့တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေအောင်မြင်နေကြောင်း အလုပ်သမားသဂ္ဂတွေနဲ့ လက်ဝဲနိုင်ငံရေးသမားတွေက ယူဆနေကြသော်လည်း ဘယ်လိုအခြေအနေဆက်မလဲဆိုတဲ့အပေါ် မေးခွန်းထုတ်မှုများရှိနေပါတယ်။ Ref: BBC #voiceofmyanmar…

Read More

မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ မဲကနယ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွါး

မတ် ၂၅၊ ၂၀၂၃ Shy V (VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု နဲ့ ကုန်သွယ်ရေးဇုန်အနီးနားတွေမှာ ဒီကနေ့ မတ်၂၅ ရက် မနက် ၅ နာရီ ခန့်ကစပြီး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ ကုန်တင်ယာဉ်မောင်း‌တွေဆီက သိရပါတယ်။ “အခုထိ တိုက်ပွဲ ပြင်းထန်နေဆဲပဲ။ ကုန်သွယ်ရေးဇုန်နဲ့ မဲကနယ်က ကပ်လျက်ပဲ။ ကုန်သွယ်ရေးဇုန်နားမှာပါ ဖြစ်နေတယ်။” လို့ အဲဒီနားရောက်နေတဲ့ ကားသမား တယောက်က ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီ ၂၀ မိနစ်ခန့်ကစပြီးဝောာ့ မြဝတီ သင်္ဃန်းညီနောင် ရဲစခန်းရှေ့၊ သင်္ကန်းညီနောင် သက်လွတ်ကျောင်းရှေ့တွေမှာ တိုက်ပွဲဖြစ်ပွားတာလို့ သိရပါတယ်။ “ကားသမားတွေတော့ ထိခိုက်တာမရှိဘူး အပြင်မှာတော့လူနာတင်ကားသံတွေကြားတယ်။ ကားသမားတွေက ကားကြားထဲပုန်းနေကြတာပေါ့” လို့ သူက ရှင်း ပြပါတယ်။ လက်နက်ကြီးရော…

Read More

တမူးမြို့နယ် ဘုက္ကန်ရဲစခန်း တိုက်ခိုက်ခံရ

မတ်၂၅ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကလေး – တမူး ကားလမ်း ၊ မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ ဘုက္ကန် ရဲစခန်းဟာ မနေ့ မတ် ၂၄ ရက် ၊ မနက် ၇ နာရီဝန်းကျင်က တိုက်ခိုက်ခံရတယ်လို့ တမူး-ကလေး ကားသမားတွေဆီက သိရပါတယ်။ ” မနက်လင်းတာနဲ့ ဘုက္ကန်ရဲစခန်းဘက်မှာ သေနတ်သံတွေကြားရတယ် ၊ ရဲတွေနဲ့ NLA အဖွဲ့တွေ ပစ်ကြတာ “လို့ ဘုက္ကန်ရွာခံ တယောက်က ပြောပါတယ်။ တမူးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဘုက္ကန်ရွာဘက်မှာ ထိတွေ့မှုဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ် “လို့ ပြောပါတယ်။ အဲ့ဒီ ဘုက္ကန်ရဲစခန်း…

Read More

သံဖြူဇရပ်မှာ နိုင်ငံသား အထောက်အထားမဲ့သူ ၁၅၄ ဦး ဖမ်းမိ

မတ် ၂၅ – ၂၀၂၃ GG (VOM) မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်ထဲက ရွာ၂ရွာကနေ နိုင်ငံသား အထောက်အထားမဲ့သူ ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သံဖြူဇရပ်မြို့နယ်က ထင်းယူးကျေးရွာအုပ်စု၊ ခလောက်ချ၊ဝင်းစန်ကျေးရွာတွေရဲ့ဆိပ်ကမ်းမှာ မတ်လ ၂၃ ရက်နေ့နဲ့၂၄ ရက်နေ့တွေမှာ ဖမ်းမိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိသူအားလုံးကို သံဖြူဇရပ်မြို့အားကစားကွင်းမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။ ” တနေ့ကနဲ့မနေ့က ၂ ရက်မှာ ဖမ်းမိတာလို့သိရတယ်။ရွာတွေမှာပဲတွေ့တာ။တွေ့တဲ့ရွာတွေက ရေးနဲ့သံဖြူဇရပ်အကြားနေရာတွေပေါ့။၁၅၀ ကျော်တယ်၊ အခုတော့ အားကစားကွင်းမှာ မိန်းကလေးသပ်သပ် ၊ယောကျ်ားလေးသပ်သပ်ခွဲပြီးထားတယ်လို့သိရတယ် “လို့ သံဖြူဇရပ်မြို့ခံတဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ ၁၅၄ ဦးထဲမှာ အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးတွေအပြင် ကလေးတွေလည်းပါကြောင်း၊သတင်းရရှိတာကြောင့် ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ် ကနေ မွန်ပြည်နယ်ထဲကို ရေကြောင်းကတဆင့် တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီကမှ ထိုင်းကိုသွားရောက်ဖို့စီစဥ်ထားကြောင်း၊ထိုင်းကမှတဆင့် မလေးရှားကိုဆက်လက်သွားရောက်ဖို့ စီစဥ်ထားသူတွေဖြစ်…

Read More

စစ်မီးလျှံကြားမှာ အနာဂတ်ပျောက်နေတဲ့ မောင်နှမနှစ်ဦး

မတ် ၂၅-၂၀၂၃ HT(VOM) မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ထန်းတက်ပြီး ထန်းလျက်ချက်တဲ့လုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုပြီး ဘဝကိုဖြတ်သန်းနေတဲ့ မိသားစုတစု ရှိနေပါတယ်။ တနေ့မှာတော့ သူတို့မိသားစုနေထိုင်ရာနေအိမ်ပေါ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် အဖေ၊အမေနဲ့ အကိုအကြီးဆုံးသားဖြစ်သူတို့ သေဆုံးခဲ့ပြီး ရွာထဲ တနေရာကိုရောက်နေတဲ့ သားငယ်နဲ့သမီးငယ်နှစ်ယောက်သာအသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ သားနဲ့သမီးဟာ အသက် (၁၉)နှစ်ဝန်းကျင်သာရှိသေးတဲ့ လူငယ်‌တွေဖြစ်ပြီး လက်ရှိမှာတော့ အားကိုးရာမဲ့ အခြေအနေတွေနဲ့ ဆွေမျိုးသားချင်းအိမ်မှာ မှီခိုအားကိုးနေထိုင်နေကြရပါတယ်။ သူတို့နေထိုင်နေတဲ့ ဆွေမျိုးမိသားစုဆိုတာလည်း လူချမ်းသာအသိုင်းအဝိုင်းမဟုတ်တော့ ခေတ်ကာလအရ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေက လူပိုဖြစ်နေတဲ့ သူတို့မောင်နှမနှစ်ယောက်ကို အခက်တွေ့စေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ သူတို့မောင်နှမ နှစ်ယောက်အနာဂတ်အတွက် ဘာတွေမျှော်လင့်နေလည်း ဘယ်လိုတွေကြိုးစားနေကြလည်း သူတို့ရဲ့ခံစားချက် ခံယူချက်တွေကဘာလည်းဆိုတာကို တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #မြိုင်

Read More

အမေရိကန်က ဘဏ်နှစ်ခုပြိုလဲအပြီး မြန်မာ့ရွှေဈေးကွက်

မတ် ၂၅ – ၂၀၂၃ SN (VOM) အမေရိကန်ရှိ Silicon Valley နဲ့ Signature ဘဏ်ကြီးနှစ်ခု ပြိုလဲချိန်ကစတင်လို့ ကမ္ဘာ့ရွှေဈေး တဟုန်ထိုးမြင့်တက်မှုနဲ့အတူ မြန်မာပြည်တွင်းက ရွှေဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လျက် ရှိနေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တအောင်စကို ၁,၈၀၀ ဒေါ်လာအောက်အထိ ကျဆင်းမှုရှိခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်း အရောက်မှာတော့ အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ပြီး မတ်လ လဆန်းပိုင်းကစတင်လို့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ အမြင့်ပိုင်းကို ပိုမိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို မတ်လဆန်းပိုင်းကစလို့ မြင့်တက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ရက်ပေါင်း ၂၀ အတွင်း တအောင်စ ဒေါ်လာ ၁၆၀ ခန့်အထိ မြင့်တက်လာခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့က တအောင်စ ၁၈၆၇ ဒေါ်လာပေါက်ဈေးရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ်လ ၂၀ ရက်မှာ ၁၉၇၅…

Read More

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ခမောက်ပါတီ အတွင်းရေးမှူး(၁) ဦးကျော်ထက်နဲ့ တွေ့ဆုံမေးမြန်းချက်

မတ် ၂၅-၂၀၂၃ M M (VOM) “ရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ ဒီမိုကရေစီကို ဆွဲချတာ ဖြစ်တယ်”ဆိုတဲ့ (NDF)ခမောက်ပါတီ အတွင်းရေးမှုး(၁) ဦးကျော်ထက်နဲ့ VOM တွေ့ဆုံမေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။ #voiceofmyanmar #VOM #NDFပါတီ  

Read More
VOM News

FREE
VIEW