တောင်တရုတ်ပင်လယ်အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ တရုတ်နဲ့ဖိလစ်ပိုင် သဘောတူ

မနီလာ၊ မတ်-၂၅-၂၀၂၃
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံတို့အကြား မတ် ၂၄ ရက်မှာ သဘောတူလိုက်ကြပါတယ်။

တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုများကြီးထွားလာစဉ်မှာ တရုတ်ဒုတိယ နိုင်ငံခြာရေး၀န်ကြီး ဆန်ဝေဒေါင်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာရီယာထရီဇာလာဇာရိုတို့ မတ် ၂၄ ရက်က ဆွေးနွေးပြီးနောက် အခုလိုသဘောတူလိုက်ကြတာဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး အိမ်နီးချင်းနိုင်ငံကောင်းတွေဖြစ်ဖို့အတွက် ပူပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းစွာမြှင့်တင်ဖို့ လိုအပ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များအနေနဲ့ ရေကြောင်းဆိုင်ရာ ပြသနာတွေကို သံခင်းတမန်ခင်းနှနဲ့ တွေ့ဆုံဆွေးနွေးမှုတွေတဆင့် ကိုင်တိုင်ဖြေရှင်းဖို့လိုလားကြပြီး အကျပ်ကိုင်ခြိမ်းခြောက်မှုတွေကို ရှောင်ရှားသင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ရဲ့ ဒေသအများစုကို တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်အပါအ၀င် အာဆီယံနိုင်ငံအချို့နဲ့ ရေကြောင်းပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေရှိနေပါတယ်။

Ref: NHK
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW