လူလိုက်ပါတဲ့ လကမ္ဘာခရီးစဉ် လာမယ့်နှစ်နှောင်းပိုင်းမှာစေလွှတ်ဖို့ နာဆာစီစဉ်နေ

မတ် ၂၅-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်အာကာသအေဂျင်စီ (နာဆာ)ဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူလိုက်ပါမယ့် လကမ္ဘာခရီးစဉ်စေလွှတ်ဖို့ စီစဉ်နေပါတယ်။

နာဆာဟာ လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်မှာ စွမ်းရည်မြင့်ဒုံးပျံ၊ လွှတ်တင်ရေးစနစ်တို့ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက် လူလိုက်ပါတဲ့လကမ္ဘာခရီးစဉ်အဖြစ် Artemis II မစ်ရှင်ကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ စေလွှတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီခရီစဉ်ကို လာမယ့်နှစ် နို၀င်ဘာလမှာစေလွှတ်ဖို့ နာဆာကပြင်ဆင်နေပြီး အာကာသယာဉ်မှူးတွေဟာ လကမ္ဘာ၀န်းကျင်ကို Orion အာကာသာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး အောင်မြင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၆ ခုနှစ်မှာ လကမ္ဘာပေါ်ဆင်းသက်ခြေချမယ့် Artemis III မစ်ရှင်ကို စေလွှတ်သွားမှာဖြစ်ပါတယ်။

လူလိုက်ပါခြင်းမရှိတဲ့ Artemis I မစ်ရှင်ကတော့ လကမ္ဘာ၀န်းကျင်ကို ၂၅ ရက်ကြာသွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာအဆုံးသတ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို ဘေးကင်းလုံခြုံစွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နို၀င်ဘာလမှာစေလွှတ်မယ့် Artemis II မစ်ရှင်မှာတော့ အာကာသယာဉ်မှူးလေးဦး လိုက်ပါသွားမှာဖြစ်ပြီး လကမ္ဘာ၀န်းကျင်းမှာ စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်သွားမယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။

Ref: IE
#voiceofmyanmar #VOM #နာဆာ

Related posts

Leave a Comment

VOM News

FREE
VIEW