စစ်မီးလျှံကြားမှာ အသက်တွေပေးဆပ်နေရတဲ့ စစ်ကိုင်းတိုင်းက သက်ကြီးရွယ်အိုတွေ

မတ် ၂၉-၂၀၂၃
HT(VOM)

စစ်ကိုင်းတိုင်းအတွင်း၊ လက်နက်ကိုင်တိုက်ပွဲတွေကြား နေအိမ်မီးရှို့ခံရမှုတွေမှာ ကျန်းမာရေးချို့တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ မီးလောင်သေဆုံးမှုဟာ နေရာအနှံအပြားမှာ ကြုံတွေ့နေရပါတယ်၊

ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့မှာလည်း ဘုတလင်မြို့နယ်ထဲက ဆုံကုန်းကျေးရွာမီးရှို့ခံရပြီး နေအိမ် (၂၀၀) ဝန်းကျင်မီးလောင်ဆုံးရှုံးကာ အဲ့ဒီအထဲမှာ အသက် (၅၀) နဲ့ (၇၀) ကြားအရွယ်တွေဖြစ်တဲ့ ဒေါ်တင်အိ၊ ဒေါ်ခွေး၊ ဒေါ်ကြည်အောင်၊ ဒေါ်မြင့်၊ ဦးဂျပန်ကြီး နဲ့ ဦးဇော်ပြည့်တို့လည်း မီးလောင်သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေအရ စစ်ပွဲတွေအားကောင်းတဲ့ ဒေသတွေက သက်ရွယ်အိုဘိုးဘွားတွေရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ လုံခြုံမှုမရှိတော့ဘူးလို့ သေဆုံးသူမိသားစုဝင်တချို့က ပြောပါတယ်။

#voiceofmyanmar #VOM #ဘုတလင်

Related posts

Leave a Comment

VOM News

FREE
VIEW