အမေရိကန်-မက္ကဆီကိုနယ်စပ် ဒုက္ခသည်ထိန်းသိမ်းရေးစခန်းမီးလောင်မှု လူ ၄၀ ထက်မနည်းသေဆုံး

မက္ကဆီကိုစီးတီး၊ မတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ကို ၀င်ရောက်ဖို့ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေနေထိုင်ရာ ထိန်းသိမ်းရေးစခန်းတခုမှာ မီးလောင်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက မတ် ၂၈ ရက်မှာ ပြောပါတယ်။ အမေရိကန်နပ်စပ်အနီးရှိ မက္ကဆီကိုမြောက်ပိုင်း ချီဟွာဟွာပြည်နယ် ဆူဒက်ဂျာရက်ဇ်မြို့ရှိ ဒုက္ခသည်ထိန်းသိမ်းရေးစခန်းမှာ မတ် ၂၇ ရက်ညပိုင်းက မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုဟာ ဒုက္ခသည်များရဲ့ ဆန္ဒပြမှုတခုနှဲ့ဆက်နွယ်နေပြီး ဒုက္ခသည်တွေဟာ သူတို့ကိုပြန်ပို့မယ့်အစီစဉ်ကို သိရှိချိန်မှာ မွေ့ယာတွေကို မီးရှို့ခဲ့ကြပြီး အခုလိုအဖြစ်ဆိုးကြုံမှာကို တွေးထင်မထားခဲ့ကြကြောင်း မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါကပြောပါတယ်။ သေဆုံးသူတွေဟာ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒိုး၊ ဗင်နီဇွဲလားနဲ့ အခြားသော ဗဟိုနဲ့ တောင်အမေရိကနိုင်ငံတွေကဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းမှာ အမေရိကန်ကို၀င်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် တသောင်းထက်မနည်းရှိကြောင်း အကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Read More

အမေရိကန်နဲ့တောင်ကိုရီးယားတို့ နဂါးနှစ်ကောင်အမည်ရ အကြီးစားစစ်ရေးလေ့ကျင့်မှု စတင်

ဆိုးလ်၊ မတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ကုန်းရေနှစ်သွယ် အကြီးစားစစ်ရေးလေ့ကျင့်မှုကို မတ် ၂၉ ရက်မှာ စတင်လိုက်ပြီဖြစ်ပြီး ဒါဟာငါးနှစ်အတွင်း ပထမဆုံးအကြိမ်အကြီးစား စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။ နျူကလီးယားလက်နက်တွေ ဒုံးကျည်ပစ်ခတ်မှုတွေနဲ့အတူ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်နိုင်ငံခိုင်မာစွာပူးပေါင်းသွားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတာ၀န်ရှိသူတွေက ပြောပါတယ်။ နှစ်နိုင်ငံအကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နှစ်ဂါးနှစ်ကောင်ဆိုတဲ့ အဓိပ္ပါယ်ရပြီး တောင်ကိုရီးယားအရှေ့တောင်ပိုင်းမှာ လာမယ့်အပတ် တနင်္လာနေ့ထိ ကျင်ပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ ကုန်းရေနှစ်သွယ် ဆင်းသက်မှုလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး သံချပ်ကာယာဉ်၊ စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေပါ၀င်လေ့ကျင့်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်ရေယာဉ်အစင်း ၃၀ နဲ့ လေယာဉ် ၇၀ ပါ၀င်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ လာမယ့်ရက်တွေမှာတော့ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပါ၀င်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ရှုတ်ချပြောဆိုထားပြီး ဒါဟာကျူးကျော်ရန်စဖို့…

Read More

သာပေါင်းမှာ တောဆင်ရိုင်း နင်းခံရပြီး အမျိုးသမီးတဦး သေဆုံး

မတ်လ၊ ၂၉-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာမှာ မနေ့ မတ် ၂၈ ရက်က အမျိုးသမီးတဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ”ဆင်ရိုင်းက ရွာထဲကိုဝင်လာပြီး သူတို့အိမ်ကိုလာတိုက်ခိုက်တာ၊ ဒီအတိုင်းကြည့်နေလို့မရဘူးဆိုပြီး သားဖြစ်တဲ့သူက ဆင်ကို လိုက်မောင်းထုတ်တာ၊အမေကသားကို အနောက်ကနေလိုက်ပြီး သတိထားဖို့ လှမ်းအော် သတိပေးတာ၊ ဒါကိုဆင်ကတွေ့ပြီး ပြန်လှည့် နင်းတာ၊ ဆင်အနင်းခံရပြီး အမျိုးသမီးရဲ့ခန္ဓာကိုယ်အလယ်ပိုင်း အူပွင့်ထွက်သွားပြီး သေဆုံးသွားတာ။”လို့ ဒေသခံတဦးကပြောပါတယ်။ ဆင်နင်းခံရလို့ သေဆုံးသွားသူဟာ အသက် ၅၁ နှစ်အရွယ် လှေကြီးတက်ကျေးရွာနေ ဒေါ်ရီရီတင်ဖြစ်ပြီး သေဆုံးသူ ဒေါ်ရီရီတင်ရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနက သာပေါင်းမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ”သေဆုံးသူက အသက် ၅၀ ကျော်ဟုတ်ပါတယ်၊ ဆင်ရိုင်းအန္တရာယ်နဲ့ပတ်သက်လို့ ဆင်ရိုင်းအန္တရာယ်ရှိနိုင်တဲ့ဒေသတွေက ဒေသခံတွေကို အမြဲသတိပြုဖို့ ကွင်းဆင်းအသိပေးထားပြီးသားပါ၊ အခုကတော့ ဆင်ကရွာထဲဝင်လာပြီး…

Read More

ရွှေလင်ဗန်းစက်မှုဇုန်က Sweety Home မွေ့ယာစက်ရုံ မီးလောင်မှု Level 3 အဆင့်နဲ့ငြိမ်းသတ်နေရ

မတ် ၂၉ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း Sweety Home မွေ့ယာစက်ရုံ မီးလောင်မှု ဖြစ်ပွားလျက်ရှိပြီး Level 3 အဆင့်နဲ့ ငြှိမ်းသတ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ ဒီနေ့ မတ် ၂၉ ရက်၊ နေ့လယ် ၃ နာရီ ၂၇ မိနစ်ဝန်းကျင်ကစလို့ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းမှာ မီးလောင်မှု ဖြစ်ပွားနေတာဖြစ်ပြီး မီးအရမ်းများတာကြောင့် သတင်းရရချင်းမှာ Level 2 ယာဉ်အုပ်စုနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လက်ရှိမှာ Level 3 အဆင့် မီးငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။ “လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ထဲက Sweety Home မွေ့ယာ စက်ရုံ မီးလောင်နေတာပါ။ အခုလေးတင်လောင်တာ မိနစ် ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ မီးက တော်တော်များတယ်။…

Read More

ဆော်ဒီမှာ မက္ကာဘုရားဖူးကားတိမ်းမှောက်မှု လူ ၂၀ သေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

ရီယတ်၊ မတ်-၂၉-၂၀၂၃ မျိုးဆက်(VOM) ဆော်ဒီအာရေဗျမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘုရားဖူး၂၀ ဦး သေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက မတ် ၂၈ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ နိုင်ငံအနောက်တောင်ပိုင်း အဆာပြည်နယ်ရှိတံတားတစင်းပေါ်မှာ အစ္စလာမ်တို့ရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့ကို ဘုရားဖူးများအားပို့ဆောင်တဲ့ ဘတ်စ်ကားတိမ်းမှောက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ဘတ်စ်ကားတိမ်းမှောက်မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဘတ်စ်ကားဟာ ဘရိတ်ပြဿနာကြောင့် မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ အခြားနိုင်ငံသားတွေပါ၀င်ပေမယ့် ဆော်ဒီနိုင်ငံသားအများစုပါ၀င်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ မက်ဒီနာကနေ မက္ကာကိုသွားတဲ့ ဘုရားဖူးကားတိမ်မှောက်မှုကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင်၂၀၁၉ ခုနှစ်ကလည်း မက္ကာသို့ဘုရားဖူးသွားရောက်စဉ် ယာဉ်မတော်တဆမှုကြောင့် အာရပ်နဲ့ အာရှနိုင်ငံသား ၃၅ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ Ref:BBC #voiceofmyanmar #VOM #ရီယတ်

Read More

စစ်မီးလျှံကြားမှာ အသက်တွေပေးဆပ်နေရတဲ့ စစ်ကိုင်းတိုင်းက သက်ကြီးရွယ်အိုတွေ

မတ် ၂၉-၂၀၂၃ HT(VOM) စစ်ကိုင်းတိုင်းအတွင်း၊ လက်နက်ကိုင်တိုက်ပွဲတွေကြား နေအိမ်မီးရှို့ခံရမှုတွေမှာ ကျန်းမာရေးချို့တဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေ မီးလောင်သေဆုံးမှုဟာ နေရာအနှံအပြားမှာ ကြုံတွေ့နေရပါတယ်၊ ပြီးခဲ့တဲ့ မတ်လ (၂၅) ရက်နေ့မှာလည်း ဘုတလင်မြို့နယ်ထဲက ဆုံကုန်းကျေးရွာမီးရှို့ခံရပြီး နေအိမ် (၂၀၀) ဝန်းကျင်မီးလောင်ဆုံးရှုံးကာ အဲ့ဒီအထဲမှာ အသက် (၅၀) နဲ့ (၇၀) ကြားအရွယ်တွေဖြစ်တဲ့ ဒေါ်တင်အိ၊ ဒေါ်ခွေး၊ ဒေါ်ကြည်အောင်၊ ဒေါ်မြင့်၊ ဦးဂျပန်ကြီး နဲ့ ဦးဇော်ပြည့်တို့လည်း မီးလောင်သေဆုံးခဲ့ပါတယ်။ ဒီအခြေအနေအရ စစ်ပွဲတွေအားကောင်းတဲ့ ဒေသတွေက သက်ရွယ်အိုဘိုးဘွားတွေရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ လုံခြုံမှုမရှိတော့ဘူးလို့ သေဆုံးသူမိသားစုဝင်တချို့က ပြောပါတယ်။ #voiceofmyanmar #VOM #ဘုတလင်

Read More

NLD အပါအဝင် ပါတီ ၄၀ ကို မှတ်ပုံတင်ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာ

ကြေညာချက်အမှတ် ( ၅ / ၂၀၂၃ )၊ ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ ( ၂၀၂၃ ခုနှစ်၊ မတ် လ ၂၈ ရက် )နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာတာတွေ့ရပါတယ်။ #voiceofmyanmar #VOM #NLD #ပါတီ၄၀ #မှတ်ပုံတင်ဖျက်သိမ်းကြောင်းကြေညာ

Read More

လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကင်ဂျုံအန်ညွှန်ကြား

ပြုံးယမ်း၊ မတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ လက်နက်ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ခေါင်းဆောင်ကင်ဂျုံအန်က ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက မတ် ၂၈ ရက်မှာ ပြောပါတယ်။ ကင်ဂျုံအန်ဟာ နိုင်ငံရဲ့နျူကလီးယားအစီအစဉ်နဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို မတ် ၂၇ ရက်မှာ စစ်ဆေးခဲ့ပြီးနောက် အခုလိုညွှန်ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ နိုင်ငံရဲ့ လက်နက်အင်အားတိုးတက်လာစေဖို့ အတွက် လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ကင်ဂျုံအန်က တာ၀န်ရှိသူတွေကို ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားဟာ မတ် ၂၇ ရက်မှာ မြေပြင်ကနေ မြေပြင်ပစ်ဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ကျွန်းတကျွန်းဆီသို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပြီး ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုထားပြီး ဒါဟာကျူးကျော်ဖို့ပြင်ဆင်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ပြုံးယမ်း

Read More

အနောက်မဟာမိတ်တွေကထောက်ပံ့တဲ့ နာမည်ကျော်တင့်ကားတွေ ယူကရိန်းကိုရောက်ရှိလာ

ကိယက်ဗ်၊ မတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားတပ်တွေကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေချိန်မှာ အနောက်အုပ်စုနိုင်ငံတွေက နာမည်ကျော်တင့်ကားတွေ ပေးပို့ထောက်ပံ့မှုတွေ စတင်ရရှိနေပြီဖြစ်ပါတယ်။ မတ် ၂၇ ရက်မှာ ဗြိတိန်ရဲ့ Challenger 2 တင့်ကားတွေနဲ့ အမေရိကန် ဂျာမနီတို့ဆီက သံချပ်ကာယာဉ်တွေ လက်ခံရရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးကပြောပါတယ်။ လွန်ခဲ့တဲ့တနှစ် စစ်ပွဲစချိန်မှာ မိတ်ဖက်တွေရဲ့ပံ့ပိုးကူညီမှု အခုလောက်ထိရရှိလိမ့်မယ်ဆိုတာ ဘယ်သူမှ ထင်မှတ်မထားကြောင်း အခုလိုထောက်ပံ့မှုအတွက် ကျေးဇူးတင်တယ်လို့ သူကပြောပါတယ်။ ဂျာမနီကလည်း သူ့ရဲ့ Leopard 2 တင့်ကား ၁၈ စီးကို ယူကရိန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီး နော်ဝေကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားရှစ်စီးကို ယူကရိန်းမှာ ဖြန့်ကြက်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ရုရှားတွေသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ဒီးမော့ဆိုမှာ စစ်ဘေးရှောင် ကလေးတွေ အရေပြားရောဂါခံစားနေရပြီး အကူအညီလိုအပ်နေ

မတ်၊၂၈-၂၀၂၃ MM(VOM) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေမှာ အရေးပြားရောဂါတွေ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီကနေ သိရပါတယ်။ ”အနာလေးတွေ ကလေးတွေမှာ အများဆုံးပေါက်နေတာပါ၊ ယားလို့ကုတ်ရင်းကနေ အရေကြည်ဖုလေးတွေဖြစ်တာ၊ အဲဒီ့အရေကြည်ဖုလေးတွေ ကနေအနာဖြစ်တာ၊ ဒေသအခေါ် အနာစက်လို့လည်းခေါ်ပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆေးဝါးကုသမှုအကူအညီတွေ လိုအပ်နေတယ်။”လို့စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။ အဲ့ဒီ ဒေသခံစစ်ဘေးရှောင်ကလေးတွေ အရေပြားရောဂါခံစားနေရတာဟာ အချိန်အားဖြင့် (၂)ပတ်ကျော်ခန့်ရှိလာပြီလို့သိရပြီး ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေအပြင် အာဟာရရှိတဲ့ အစားအသောက်ပစ္စည်းတွေလည်း အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ ”ကလေးတွေမှာတွေ့ရတဲ့ အနာတွေကို ကြည့်ရင် သန့်ရှင်းရေးအားနည်းလို့ ဖြစ်နေတာလို့ယူဆပါတယ်၊ စစ်ရှောင်တွေအားလုံး သန့်ရှင်းရေးအတွက် အဓိက လိုအပ်ချက်က ရေဖြစ်ပါတယ်၊အခု စစ်ရှောင်တွေမှာ ရေလိုအပ်ချက်ရှိနေတယ်လို့သိရတယ်၊ရေလိုအပ်ချက်ရှိနေတာကြောင့် သန့်ရှင်းမှုကောင်းကောင်းမလုပ်နိုင်လို့ အခုလိုဖြစ်တာပါ၊ဒါ့ကြောင့် အလှူရှင်တွေပဲဖြစ်ဖြစ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်ရေရရှိရေးကို လုပ်ပေးဖို့ဆော်သြချင်တယ်၊ အခုတော့ ကလေးတွေက အရေပြားရောဂါခံစားနေရတဲ့အပြင် ဆေးဝါးတွေ အစားသောက်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ…

Read More
VOM News

FREE
VIEW