အမေရိကန်-မက္ကဆီကိုနယ်စပ် ဒုက္ခသည်ထိန်းသိမ်းရေးစခန်းမီးလောင်မှု လူ ၄၀ ထက်မနည်းသေဆုံး

မက္ကဆီကိုစီးတီး၊ မတ်-၂၉-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်ကို ၀င်ရောက်ဖို့ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေနေထိုင်ရာ ထိန်းသိမ်းရေးစခန်းတခုမှာ မီးလောင်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက မတ် ၂၈ ရက်မှာ ပြောပါတယ်။

အမေရိကန်နပ်စပ်အနီးရှိ မက္ကဆီကိုမြောက်ပိုင်း ချီဟွာဟွာပြည်နယ် ဆူဒက်ဂျာရက်ဇ်မြို့ရှိ ဒုက္ခသည်ထိန်းသိမ်းရေးစခန်းမှာ မတ် ၂၇ ရက်ညပိုင်းက မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုဟာ ဒုက္ခသည်များရဲ့ ဆန္ဒပြမှုတခုနှဲ့ဆက်နွယ်နေပြီး ဒုက္ခသည်တွေဟာ သူတို့ကိုပြန်ပို့မယ့်အစီစဉ်ကို သိရှိချိန်မှာ မွေ့ယာတွေကို မီးရှို့ခဲ့ကြပြီး အခုလိုအဖြစ်ဆိုးကြုံမှာကို တွေးထင်မထားခဲ့ကြကြောင်း မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါကပြောပါတယ်။

သေဆုံးသူတွေဟာ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒိုး၊ ဗင်နီဇွဲလားနဲ့ အခြားသော ဗဟိုနဲ့ တောင်အမေရိကနိုင်ငံတွေကဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီထိန်းသိမ်းရေးစခန်းမှာ အမေရိကန်ကို၀င်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် တသောင်းထက်မနည်းရှိကြောင်း အကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW