ဆော်ဒီမှာ မက္ကာဘုရားဖူးကားတိမ်းမှောက်မှု လူ ၂၀ သေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

ရီယတ်၊ မတ်-၂၉-၂၀၂၃
မျိုးဆက်(VOM)

ဆော်ဒီအာရေဗျမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘုရားဖူး၂၀ ဦး သေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက မတ် ၂၈ ရက်မှာ ရေးသားဖော်ပြထားပါတယ်။

နိုင်ငံအနောက်တောင်ပိုင်း အဆာပြည်နယ်ရှိတံတားတစင်းပေါ်မှာ အစ္စလာမ်တို့ရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့ကို ဘုရားဖူးများအားပို့ဆောင်တဲ့ ဘတ်စ်ကားတိမ်းမှောက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ဘတ်စ်ကားတိမ်းမှောက်မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဘတ်စ်ကားဟာ ဘရိတ်ပြဿနာကြောင့် မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ အခြားနိုင်ငံသားတွေပါ၀င်ပေမယ့် ဆော်ဒီနိုင်ငံသားအများစုပါ၀င်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ မက်ဒီနာကနေ မက္ကာကိုသွားတဲ့ ဘုရားဖူးကားတိမ်မှောက်မှုကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင်၂၀၁၉ ခုနှစ်ကလည်း မက္ကာသို့ဘုရားဖူးသွားရောက်စဉ် ယာဉ်မတော်တဆမှုကြောင့် အာရပ်နဲ့ အာရှနိုင်ငံသား ၃၅ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW