အနောက်မဟာမိတ်တွေကထောက်ပံ့တဲ့ နာမည်ကျော်တင့်ကားတွေ ယူကရိန်းကိုရောက်ရှိလာ

ကိယက်ဗ်၊ မတ်-၂၈-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းဟာ ရုရှားတပ်တွေကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေချိန်မှာ အနောက်အုပ်စုနိုင်ငံတွေက နာမည်ကျော်တင့်ကားတွေ ပေးပို့ထောက်ပံ့မှုတွေ စတင်ရရှိနေပြီဖြစ်ပါတယ်။

မတ် ၂၇ ရက်မှာ ဗြိတိန်ရဲ့ Challenger 2 တင့်ကားတွေနဲ့ အမေရိကန် ဂျာမနီတို့ဆီက သံချပ်ကာယာဉ်တွေ လက်ခံရရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး၀န်ကြီးကပြောပါတယ်။

လွန်ခဲ့တဲ့တနှစ် စစ်ပွဲစချိန်မှာ မိတ်ဖက်တွေရဲ့ပံ့ပိုးကူညီမှု အခုလောက်ထိရရှိလိမ့်မယ်ဆိုတာ ဘယ်သူမှ ထင်မှတ်မထားကြောင်း အခုလိုထောက်ပံ့မှုအတွက် ကျေးဇူးတင်တယ်လို့ သူကပြောပါတယ်။

ဂျာမနီကလည်း သူ့ရဲ့ Leopard 2 တင့်ကား ၁၈ စီးကို ယူကရိန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီး နော်ဝေကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားရှစ်စီးကို ယူကရိန်းမှာ ဖြန့်ကြက်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ရုရှားတွေသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW