လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ဖို့ ကင်ဂျုံအန်ညွှန်ကြား

ပြုံးယမ်း၊ မတ်-၂၈-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ လက်နက်ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ခေါင်းဆောင်ကင်ဂျုံအန်က ညွှန်ကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက မတ် ၂၈ ရက်မှာ ပြောပါတယ်။

ကင်ဂျုံအန်ဟာ နိုင်ငံရဲ့နျူကလီးယားအစီအစဉ်နဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို မတ် ၂၇ ရက်မှာ စစ်ဆေးခဲ့ပြီးနောက် အခုလိုညွှန်ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

နိုင်ငံရဲ့ လက်နက်အင်အားတိုးတက်လာစေဖို့ အတွက် လက်နက်အဆင့်နျူကလီးယားပစ္စည်းတွေ ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ ကင်ဂျုံအန်က တာ၀န်ရှိသူတွေကို ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။

မြောက်ကိုရီးယားဟာ မတ် ၂၇ ရက်မှာ မြေပြင်ကနေ မြေပြင်ပစ်ဒုံးကျည်နှစ်စင်းကို နိုင်ငံအရှေ့ဘက်ကျွန်းတကျွန်းဆီသို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပြီး ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုထားပြီး ဒါဟာကျူးကျော်ဖို့ပြင်ဆင်နေတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW