အစ္စရေး တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းမယ့်အစီအစဉ် ဆိုင်းငံ့မယ်လို့ ၀န်ကြီးချုပ်နေတန်ယာဟု ကြေညာ

ဂျေရုဆလင်၊ မတ်-၂၈-၂၀၂၃
မျိုးဆက်(VOM)

အစ္စရေးတရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်တွေကို ဆိုင်းငံ့ထားမယ်လို့ ၀န်ကြီးချုပ်နေတန်ယာဟုက မတ် ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။

အစ္စရေးပြည်သူတွေအကြား စည်းလုံးညီညွတ်မှုပျက်ပြားခြင်းမဖြစ်စေဖို့ အဲဒီအစီအစဉ်ကို ခေတ္တဆိုင်းငံ့မယ်လို့ ၀န်ကြီးချုပ်နေတန်ယာဟုကပြောပါတယ်။ ဒါပေမယ့် အချိန်ဘယ်လောက် ဆိုင်းငံ့မယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။

အခုလိုတရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ပြောဆိုခဲ့တဲ့ အစ္စရေးကာကွယ်ရေး၀န်ကြီးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်။

ဆန္ဒပြမှုတွေကြောင့် စျေးဆိုင်တွေကနေ ဘဏ်တွေ ဆေးရုံတွေထိ ၀န်ဆောင်မှုတွေ ရပ်ဆိုင်းခဲ့ရခဲ့ရပြီး နိုင်ငံသမိုင်းမှာ အကြီးမားဆုံးအကျပ်အတည်းဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် လာပစ်က ပြောပါတယ်။

အစ္စရေးလက်ယာယိမ်းအစိုးရရဲ့ တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်တွေထဲမှာ တရားသူကြီးတွေ ရွေးချယ်ခန့်အပ်မယ့် ကော်မတီကို ထိန်းချုပ်ဖို့်ကြိုးပမ်းမှုတွေပါ၀င်ပြီး ဒါဟာ ဒီမိုကရေစီကိုခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အတိုက်အခံတွေက ဝေဖန်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW