ရွေးကောက်ပွဲမှာ ပါတီရှုံးနိမ့်မှုကြောင့် ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင် နှုတ်ထွက်စာတင်

ဟယ်လ်ဆင်ကီ၊ ဧပြီ-၇-၂၀၂၃
မျိုးဆက်(VOM)

ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်ဟာ အထွေထွေရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီရှုံးနိမ့်ပြီးနောက် ဧပြီ ၆ ရက်မှာ သမ္မတထံ နှုတ်ထွက်စာတင်လိုက်ပါတယ်။

မာရင်ရဲ့ ဆိုရှယ်ဒီမိုရက်တစ်ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၃ နေရာနဲ့ တတိယနေရာသာရပ်တည်နိုင်ခဲ့ပြီး လက်ယာယိမ်းအမျိုးသားညွှန့်ပေါင်းပါတီကတော့ ၄၈ နေရာနဲ့ ထိပ်ဆုံးမှာရပ်တည်နေကာ လက်ယာယိမ်းဖင်လန်ပါတီကတော့ ၄၆ နေရာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

သူ့ရဲ့နှုတ်ထွက်စာကို သမ္မတက လက်ခံခဲ့ကြောင်း ၀န်ကြီးချုပ်ရုံးက ဧပြီ ၇ ရက်မှာ ပြောပါတယ်။

သူဟာ၀န်ကြီးချုပ်သစ်မရွေးချယ်မီထိ အစိုးရအဖွဲ့ကိုတာ၀န်ယူသွားမှာဖြစ်ပါတယ်။

အစိုးရသစ်ဖွဲ့စည်းရေးအတွက် အမျိုးသားညွှန့်ပေါင်းပါတီနဲ့ အခြားပါတီတွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်မှာ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဆန်နာမာရင်ဟာ အသက်အငယ်ဆုံး၀န်ကြီးချုပ်တဦးလည်းဖြစ်ပါတယ်။

သူ့အစိုးရလက်ထက်မှာ ဖင်လန်နိုင်ငံဟာ နေတိုးအဖွဲ့ထဲ ၀င်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့လက်ထက်မှာ အစိုးရရဲ့ လူမှုဖူလုံရေးစရိတ်တွေတိုးလာခြင်းကြောင့် နိုင်ငံကြွေးမြီတွေ မြင့်တက်လာတယ်လို့ ဝေဖန်မှုများလည်းရှိခဲ့ပါတယ်။

Ref:NHK
Photo:Getty Images
#voiceofmyanmar #VOM #ဟယ်လ်ဆင်ကီ

Related posts

Leave a Comment

VOM News

FREE
VIEW