မြောက်ကိုရီးယားရန်ကာကွယ်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နျူလက်နက်ဆိုင်ရာ သဘောတူညီချက်ရရှိ

ဝါရှင်တန်၊ ဧပြီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့နျူကလီးယားခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား နျူကလီးယားလက်နက်ဆိုင်ရာ အထင်ကရသဘောတူညီချက်တခုကို ဧပြီ ၂၆ ရက်မှာရရှိခဲ့ပါတယ်။

အဲဒီသဘောတူညီချက်မှာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘောတွေကို တောင်ကိုရီးယားကို အခါအားလျော်စွာဖြန့်ကြက်ခြင်းအပါအ၀င် အမေရိကန်ရဲ့ နျူကလီးယား အစီအစဉ်တွေမှာ တောင်ကိုရီးယားကို ပါ၀င်ခွင့်ပြုဖို့တွေပါ၀င်ပါတယ်။

အပြန်အလှန်အားဖြင့် တောင်ကိုရီးယားအနေနဲ့ ကိုယ်ပိုင်နျူကလီးယားလက်နက် မထုတ်ဖို့ သဘောတူညီခဲ့ကြပါတယ် ။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးရာမှာ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမှာဖြစ်ကြောင်း အမေရိကန်က ကြေညာပါတယ်။

အမေရိကန်ရဲ့ကြေညာချက်ဟာ နျူကလီးယားလက်နက်အသုံးပြုပြီး ကာကွယ်ရေးတိုးမြှင့်ဖို့နဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အမေရိကန်ရဲ့ မကြုံစဖူးကတိက၀တ်ဖြစ်ကြောင်း ဝါရှင်တန်ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျုကလီးယားခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်နိုင်တဲ့ လက်နက်တွေကိုလည်း တီထွင်လျှက်ရှိပါတယ်။

Ref: BBC
Photo:The Hill
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW