လားရှိုးမှာ ဘုန်းကြီးကျောင်းထဲ မွေးထားတဲ့ဝက်ဝံက လာလည်တဲ့ကလေးငယ်တစ်ဦးကို ကိုက်ခံရမှုဖြစ်ပွား

ဧပြီ ၂၇ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့၊ ရပ်ကွက် ၁ က နတ်ရေကန်ကျောင်းတိုက်မှာ ကလေးငယ်တစ်ဦး ဝက်ဝံကိုက်ခံရမှု ဒီနေဧပြီလ ၂၇ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဘုန်းကြီးကျောင်းအတွင်း လှောင်အိမ်ခြံနဲ့ မွေးမြူထားတဲ့ဝက်ဝံက ကလေးငယ်ကို ကိုက်ခဲ့တာဖြစ်ကြောင်း၊ ကလေးငယ်မှာ လက်နှစ်ဖက်လုံးဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့အပြင် ခြေသလုံးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ကလေးရဲ့ လက်တွေဆို မြင်ရက်စရာမရှိဘူး။အရိုးတွေတောင်ပေါ်နေတယ်၊အခြေအနေကတော့ ပြောရခက်တယ်။ ကလေးက လှောင်အိမ်နားသွားရင်းအကိုက်ခံရတာလို့တော့သိရတယ်။ အလည်သွားကြရင်းကနေဖြစ်တာ ပေါ့ ၊ကလေးကစိုးရိမ်ရတယ်လို့သိရတယ် “လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ ကလေးငယ်ကို ဝက်ဝံကိုက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံအရေးပေါ်ဌာနကနေ အရိုးအထူးကုသဆောင်မှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဝက်ဝံကိုက်ခံရတဲ့ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်လောက်ရှိကြောင်း၊ လားရှိူးမြို့ဇာတိဖြစ်တယ်လို့သိရပါတယ်။ နတ်ရေကန်ကျောင်းတိုက်အနေနဲ့ ဝက်ဝံမွေးမြူထားတဲ့ကိစ္စကို လားရှိုးသစ်တောဦးစီးဌာနဆီ ခွင့်ပြုချက်လျှောက်ထားတာမျိုးမရှိဘဲ မွေး​မြူထားတာဖြစ်တယ်လို့သိရပါတယ်။ ” ဒီကတော့ မွေးမြူခွင့်မှတ်ပုံတင် လျှောက်ထားတာမရှိဘူး။တကယ်လို့မွေးမယ်ဆိုရင် ရုံးမှာမှတ်ပုံတင်လျှောက်ရပါမယ်၊လျှောက်လို့ခွင့်ပြုမှ…

Read More

သူငယ်ချင်း (၁၂ ) ယောက်ကို အဆိပ်ခပ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ သူငယ်ချင်း ၁၂ ယောက်ကို ဆိုင်ယာနိုက်အဆိပ်ခတ်ပြီး သတ်ခဲ့တယ်လို့သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းရဲတွေက ဧပြီ ၂၇ ရက်မှာပြောပါတယ်။ ဆာရာရတ်ရန်ဆီဝပ်သာပွန် ဆိုသူအမျိုးသမီးဟာ မကြာသေးမီကသူ့သူငယ်ချင်းတဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးနောက် ဧပြီ ၂၅ ရက်ကဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ဆာရာရတ်နဲ့အတူ ခရီးတခုမှာသေဆုံးသွားပြီးနောက် သေဆုံးသူရဲ့မိသားစုက သံသယတွေရှိလာတာကြောင့် အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်ရာ ဆိုင်ရာနိုက်သဲလွန်စတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာတော့ ဆာရာရတ်ဟာ ရည်းစားဟောင်းအပါအဝင် အခြား ၁၁ ဦးကိုလည်း အလားတူနည်းနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ၊ လူသတ်မှုတွေကို ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ဆာရာရတ်ဟာ ငွေရေးကြေးရေးကိစ္စတွေကြောင့် လူသတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ရဲက စွပ်စွဲထားပြီး သူမကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ့မရဲ့အာမခံလျှောက်ထားမှုကို ပယ်ချထားပါတယ်။ Ref:BBC Photo:Bangkok…

Read More

တရုတ်သမ္မတရှီကျင်းပင်နဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ်ဆွေးနွေး

ကိယက်ဗ်၊ ဧပြီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ဧပြီ ၂၆ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ သံတမန်တဦးခန့်အပ်ခြင်းနဲ့အတူ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဆက်သွယ်ဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေဖို့ တွန်းအားဖြစ်မယ်လို့ယုံကြည်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း အခုလိုဆက်သွယ်ဆွေးနွေးမှုကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ဟာ ငြိမ်းချမ်းရေဘက်မှာ အမြဲရပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့မတူဘဲ ရုရှားရဲ့ကျူးကျော်မှုကို ကြားနေပုံပေါက်ဖို့ ကြိုးပမ်းနေဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့လကလည်း သမ္မတရှီကျင်းပင်ဟာ ရုရှားကို နှစ်ရက်ကြာသွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွေကို အဆိုပါပြုခဲ့ပါသေးတယ်။ တရုတ်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ရဲ့ ဆက်သွယ်ဆွေးနွေးမှုကို ကောင်းတဲ့အချင်းအရာအဖြစ် ကြိုဆိုကြောင်း၊ ဒါပေမယ့် အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု သို့မဟုတ် အဆိုပါပြုချက်အချို့ကို ဦးတည်နိုင်ခြင်းရှိမရှိ သိနိုင်ဖို့ အချိန်စောလွန်သေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanmar #VOM…

Read More

အန္တရာယ်ဖြစ်စေတဲ့ အိန္ဒိယထုတ်ချောင်းဆိုးပျောက်ဆေးရည် နောက်တမျိုးတွေ့ရှိကြောင်း WHO ကြေညာ

ဂျီနီဗာ၊ ဧပြီ-၂၇-၂၀၂၃ မျိုးဆက်(VOM) အန္တရာယ်ဖြစ်စေတဲ့ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးနောက်ထပ်တမျိုးကို မာရှယ်လ်ကျွန်းစုနဲ့ မိုက်ခရိုနီးရှားနိုင်ငံတို့မှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်အခြေစိုက် ကျူပီဆေးကုမ္ပဏီမှထုတ်လုပ်တဲ့ Guaifenesin တံဆိပ် ချောင်းဆိုးပျောက်ဆေးရည်ထဲမှာ လူကိုအဆိပ်ဖြစ်စေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ Diethylene glycol နဲ့ Ethylene glycol ဒြပ်ပေါင်းနှစ်မျိုးပါ၀င်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဂမ်ဘီယာနဲ့ ဥဇဘတ်ကစ္စတန်တို့မှာ ကလေးငယ်တွေသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ အိန္ဒိယနိုင်ငံထုတ် အခြားချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ပြီးနောက် လအတန်အကြာမှာ နောက်ထပ်အန္တရာယ်ဖြစ်စေတဲ့ ချောင်းဆိုးပျောက်ဆေးတမျိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းနဲ့ ချောင်းဆိုးခြင်းတွေကိုသက်သာစေဖို့အသုံးပြုတဲ့ Guaifenesin တံဆိပ်ဆေးရည်ကို သြစတြေးလျ ဆေးဝါးထုတ်ကုန်များ စီမံခန့်ခွဲရေးဌာနက စမ်းသပ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ကျူပီဆေးကုမ္ပဏီဟာ စည်းမျဉ်းစည်းကမ်းတွေအရ ခွင့်ပြုချက်ယူပြီးနောက် ဆေးပုလင်းပေါင်း ၁၈၃၄၆ ကို ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး မာရှယ်လ်ကျွန်းစုနဲ့…

Read More

ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုးတွေ့

ဧပြီ ၂၇-၂၀၂၃ SN (VOM) ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ အလင်းသစ်ပရဟိတအသင်းကနေ သိရပါတယ်။ မနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်းက မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁)တံတားက ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးမှာ ‌ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ကိုဗစ်လူနာက ၁၀ ဦး တွေ့တာပါ။ သူတို့နဲ့အတူပြန်လာတဲ့ လူ ၄ ဦးမှာလည်း ဆက်စပ် သံသယလက္ခဏာ တွေ့ရှိခဲ့ရတဲ့အတွက် သူတို့ကို အခု မြဝတီမြို့က ရွှေမြစန္ဒီကွာရန်တင်းစင်တာကို ပို့ဆောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေပါတယ်”လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း အခု ဧပြီလအတွင်းမှာပဲ ကိုဗစ်ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB.…

Read More

မြောက်ကိုရီးယားရန်ကာကွယ်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နျူလက်နက်ဆိုင်ရာ သဘောတူညီချက်ရရှိ

ဝါရှင်တန်၊ ဧပြီ-၂၇-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့နျူကလီးယားခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား နျူကလီးယားလက်နက်ဆိုင်ရာ အထင်ကရသဘောတူညီချက်တခုကို ဧပြီ ၂၆ ရက်မှာရရှိခဲ့ပါတယ်။ အဲဒီသဘောတူညီချက်မှာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘောတွေကို တောင်ကိုရီးယားကို အခါအားလျော်စွာဖြန့်ကြက်ခြင်းအပါအ၀င် အမေရိကန်ရဲ့ နျူကလီးယား အစီအစဉ်တွေမှာ တောင်ကိုရီးယားကို ပါ၀င်ခွင့်ပြုဖို့တွေပါ၀င်ပါတယ်။ အပြန်အလှန်အားဖြင့် တောင်ကိုရီးယားအနေနဲ့ ကိုယ်ပိုင်နျူကလီးယားလက်နက် မထုတ်ဖို့ သဘောတူညီခဲ့ကြပါတယ် ။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးရာမှာ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမှာဖြစ်ကြောင်း အမေရိကန်က ကြေညာပါတယ်။ အမေရိကန်ရဲ့ကြေညာချက်ဟာ နျူကလီးယားလက်နက်အသုံးပြုပြီး ကာကွယ်ရေးတိုးမြှင့်ဖို့နဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အမေရိကန်ရဲ့ မကြုံစဖူးကတိက၀တ်ဖြစ်ကြောင်း ဝါရှင်တန်ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျုကလီးယားခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်နိုင်တဲ့ လက်နက်တွေကိုလည်း တီထွင်လျှက်ရှိပါတယ်။…

Read More

ရန်ကုန် – မန္တလေး လမ်းဟောင်းမှာ ဖောကားနောက်ခန်းမီးလောင်ပြီး ကားပေါ်ကနေခုန်ချတဲ့မိန်းကလေး သေဆုံး

ဧပြီ ၂၇ – ၂၀၂၃ GG(VOM) ရန်ကုန် – မန္တလေး လမ်းဟောင်း မိုင်တိုင်၁၈၀ / ၃ မှာ ဒီနေ့ ဧပြီ၂၇ ရက် မနက်ပိုင်းက ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဥ်မှာ မနက် ၇ နာရီခွဲလောက်မှာ ဆွာမြို့ကနေ စက္ကူဂျပ်ဖာတွေတင်လာတဲ့ ကားတစ်စီးဟာ မိုင်တိုင်၁၈၀ အရောက်မှာ ကားနောက်ခန်းက ဂျပ်ဖာစက္ကူတွေမီးထလောင်တာကြောင့် ကားပေါ်လိုက်ပါလာတဲ့မိန်းကလေးဟာ ကားပေါ်ကနေ ခုန်ချစဥ် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့က ပေါ့ဆမီးလို့သုံးသပ်တယ်။ကားသမားကိုမေးကြည့်တော့လည်း ဆေးလိပ်နည်းနည်းပါးသောက်တတ်တယ်သိရတယ်၊ဆိုတော့ ဆေးလိပ်ကိုသောက်ပြီး လွှင့်ပစ်တာမှာ ဆေးလိပ်က ကားနောက်ခန်းက စက္ကူတွေပေါ်ကျပြီး မီးထလောင်တာဖြစ်မယ်လို့သုံးသပ်ပါတယ်။သေဆုံးတဲ့ကောင်မလေးကတော့ မီးလောင်တာမြင်ပြီး ကားပေါ်ကနေခုန်ချလိုက်တာ အဲ့ဒါကြောင့်ပဲဆုံးသွားတာပါ ” လို့ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ ခုန်ချတဲ့အမျိုးသမီးတစ်ယောက်သာသေဆုံးပြီး ကျန်တဲ့ကားပေါ်ပါသူတွေဟာ ထိခိုက်ဒဏ်ရာရရှိတာမရှိကြောင်း၊ငွေကြေးတန်ဖိုး ဆုံးရှုံးမှုလည်းမရှိသလို ကားထိခိုက်ပျက်စီးတာလည်းမရှိဘူးလို့…

Read More

သာကေတမြို့နယ်မှာ အမျိုးသားတစ်ဦး နေအပူရှိန်ကြောင့် လဲကျပြီး သေဆုံးမှုဖြစ်ပွား

ဧပြီ ၂၇- ၂၀၂၃ GG(VOM) ရန်ကုန်၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ်က ရုပ်ရှင်ရုံထိပ်မှာ နေအပူရှိန်ကြောင့် အမျိုးသားတစ်ဦး လဲကျသေဆုံးမှု မနေ့ ဧပြီ၂၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နေအပူရှိန်မြင့်မားတာကြောင့် အဲ့ဒီအမျိုးသားဟာ ခန္ဓာကိုယ်အပူရှိန်မြင့်တက်ခြင်း၊တက်တဲ့လက္ခဏာတွေဖြစ်ပေါ်ခဲ့တာကြောင့် ဆရာဝန်နဲ့ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းကုသမှုပေးခဲ့ပေမယ့် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” အမျိုးသားတစ်ဦးလဲကျနေတယ်ဆိုပြီး အကြောင်းကြားလို့ သွားတော့ ခန္ဓာကိုယ်အပူရှိန်မြင့်တက်နေတယ်။ဒါနဲ့အနီးနားမှာရှိတဲ့ အောင်မေတ္တာဆေးခန်းက ဆရာဝန်က လာကုပေးပေမယ့် လူနာက ကုနေရင်းဆုံးသွားပါတယ် “လို့ ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ဝန်းကျင် ရှိပြီး သာကေတမြို့မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ “လူနာ information ကတော့ ထုတ်ပြောပြလို့မရလို့ပါဗျ ၊သက်ဆိုင်ရာကို အကုန်လွှဲပြောင်းပေးထားပါတယ်ဗျ” လို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။ လက်ရှိ သေဆုံးအမျိုးသား ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မှာ မနေ့…

Read More

ပြည်မြို့က ဧရာဝတီမြစ်ကမ်းစပ်မှာ ရေကစားရင်း လူ၂ ယောက်ရေနစ်သေဆုံး

ဧပြီ ၂၆ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ပြည်မြို့ ပန်းခြံအနီးက ဧရာဝတီမြစ်ကမ်းစပ်မှာ မိသားစုလိုက် ရေကစားကြရာကနေ လူ ၅ ယောက်ရေနစ်မြုပ်ကာ လူ(၂) ယောက်သေဆုံးမှု ဒီနေ့ဧပြီလ ၂၆ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ပါတယ်။ ရေနစ်မြုပ်ခဲ့တဲ့ အထဲက ၂ ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး၂ ယောက်ကိုတော့ အသက်ရှင်လျက်ကယ်နိုင်ခဲ့ကြောင်းနဲ့ လက်ရှိမှာ ကျန်၁ယောက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ” ၅ ယောက်နစ်တာပါ။ညနေက မိန်းကလေး၂ယောက်ကိုအသက်ရှင်လျက် ကယ်ဆယ်ရရှိပါတယ်။ညပိုင်းမှာ ယောကျ်ား၂ယောက်ကို သေဆုံးလျက်တွေ့ပါတယ်။သေတဲ့အထဲမှာ ကလေးတစ်ယောက်ပါပါတယ်။အခု ကျန်တဲ့နောက်ဆုံးအမျိုးသား၁ယောက်ကို ရှာနေတုန်းပါ “လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။ အသက်ရှင်လျက်တွေ့ခဲ့တဲ့ အမျိုးသမီး၂ယောက်ကို ပြည်ဆေးရုံကြီးကိုပို့ထားကြောင့် အခြေအနေကစိုးရိမ်ရတယ်လို့ သိရပါတယ်။ ရေနစ်မြုပ်ခဲ့သူတွေဟာ ပြည်မြို့၊ရွာဘဲရပ်ကွက် ဗလီဝန်းထဲမှာ နေထိုင်သူတွေဖြစ်တယ်လို့ ကနဦးသိရပါတယ်။ ” သင်္ကြန်တုန်းက လမ်းလျှောက်သင်္ကြန်လုပ်ပေးပြီးရေကစားခဲ့တဲ့နေရာပါ၊သင်္ကြန်ပြီးတော့လည်း လူတွေကပူကြတော့ ရေလာဆော့ကြတာ ၊အခုလည်း မိသားစုလိုက်ရေလာဆော့ရင်း နစ်ကြတာလို့ပြောတယ်”လို့…

Read More

အင်းတော်ဒေသမှာ မိုးသက်က်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေအပါအဝင် အဆောက်အဦ ၅၀ ကျော် ထိခိုက်ပျက်စီး

ဧပြီ၊၂၆-၂၀၂၃ MM[VOM] ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မနေ့ ဧပြီလ ၂၅ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တွေအပါအဝင် အဆောက်အဦ ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။ ”မနေ့က ညနေ ၄ နာရီဝန်းကျင်က စတိုတ်ခတ်တာ၊ လေကတော်တော်ပြင်းတယ်၊ရုတ်တရက်မိုးတွေကလည်း တော်တော်သည်းထန်ရွာသွန်းတိုက်ခတ်တာ၊ ဘုန်းကြီးကျောင်းတွေ သုသာန်တွေ၊ မီးသင်္ဂြိုဟ်စက်ဂိုဒေါင်တွေ၊ ကျေးရွာလူမှုရေးအသင်းရုံးတွေ ၊ နားနေဆောင်တွေ ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ ပျက်စီးသွားတာ အားလုံး အဆောက်အဦ ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ တယ်။”လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဲ့ဒီ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လမ်းဘေးလျှပ်စစ်မီးတိုင်တွေ၊လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်လဲကျခဲ့ပြီး မိုးသီးတွေပါ ကြွေကျခဲ့တာကြောင့် လူတချို့လည်း ပွန်းပဲ့တဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြိုနယ်မှာ အခုဧပြီလး၂၁ ရက်ကလည်း အချိန်အခါမဟုတ် မိုးရွာ မိုးသက်လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့်…

Read More
VOM News

FREE
VIEW