သာကေတမြို့နယ်မှာ အမျိုးသားတစ်ဦး နေအပူရှိန်ကြောင့် လဲကျပြီး သေဆုံးမှုဖြစ်ပွား

ဧပြီ ၂၇- ၂၀၂၃
GG(VOM)

ရန်ကုန်၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ်က ရုပ်ရှင်ရုံထိပ်မှာ နေအပူရှိန်ကြောင့် အမျိုးသားတစ်ဦး လဲကျသေဆုံးမှု မနေ့ ဧပြီ၂၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နေအပူရှိန်မြင့်မားတာကြောင့် အဲ့ဒီအမျိုးသားဟာ ခန္ဓာကိုယ်အပူရှိန်မြင့်တက်ခြင်း၊တက်တဲ့လက္ခဏာတွေဖြစ်ပေါ်ခဲ့တာကြောင့် ဆရာဝန်နဲ့ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းကုသမှုပေးခဲ့ပေမယ့် သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” အမျိုးသားတစ်ဦးလဲကျနေတယ်ဆိုပြီး အကြောင်းကြားလို့ သွားတော့ ခန္ဓာကိုယ်အပူရှိန်မြင့်တက်နေတယ်။ဒါနဲ့အနီးနားမှာရှိတဲ့ အောင်မေတ္တာဆေးခန်းက ဆရာဝန်က လာကုပေးပေမယ့် လူနာက ကုနေရင်းဆုံးသွားပါတယ် “လို့ ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၄၀ ဝန်းကျင် ရှိပြီး သာကေတမြို့မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

“လူနာ information ကတော့ ထုတ်ပြောပြလို့မရလို့ပါဗျ ၊သက်ဆိုင်ရာကို အကုန်လွှဲပြောင်းပေးထားပါတယ်ဗျ” လို့ သာကေတမြို့နယ်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။

လက်ရှိ သေဆုံးအမျိုးသား ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ မနေ့ ဧပြီ၂၆ ရက်နေ့က အပူချိန်(၄၀)ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။

ဧပြီလ ၁၉ ရက်နေ့ကလည်း ရန်ကုန်၊မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံအနီးမှာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့နယ် ၊ တာလေမြို့မှာလည်း ဧပြီလ၂၄ ရက်နေ့က အမျိုးသမီးတစ်ဦး နေအပူရှိန်ကြောင့် ရုတ်တရက်လဲကျသေဆုံးသွားတဲ့ဖြစ်စဥ်ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #နေအပူရှိန် #လဲကျသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW