၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ဂျိုးဘိုင်ဒင်ကြေညာ၊ ဒေါ်နယ်ထရန့်နဲ့ ထိပ်တိုက်ယှဥ်ပြိုင်ရဖွယ်ရှိနေ

ဝါရှင်တန်၊ ဧပြီ-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ၂၀၂၄ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ကြေညာခဲ့ပြီး ဒေါ်နယ်ထရန့်နဲ့ ထိပ်တိုက်ယှဥ်ပြိုင်ရမယ့် အလားအလာရှိနေပါတယ်။

ဒီမိုကရက်တစ် သမ္မတဟာ ဒုတိယလေးနှစ်သက်တမ်းအတွက် ကြိုးပမ်းဖို့မျှော်လင့်ထားပြီး အင်္ဂါနေ့က ဗီဒီယိုတစ်ခုမှာ သူ့ရဲ့မဲဆွယ်မှုကို စတင်ခဲ့ပါတယ်။

အမေရိကန်ဟာ လွတ်လပ်မှုနဲ့ ရပိုင်ခွင့်တွေ ခြိမ်းခြောက်ခံနေရတဲ့အဓိက အခိုက်အတန့်ဖြစ်ပြီး ကျေနပ်နေရမယ့်အချိန်မဟုတ်ကြောင်း ဒီအတွက်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခြင်းကြောင်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အသက် ၅၈ နှစ်အရွယ် ဒုတိယသမ္မတ ကမလာဟားရစ်ဟာလည်း ဂျိုးဘိုင်ဒင်နဲ့အတူ ရွေးကောက်ပွဲ ထပ်မံယှဥ်ပြိုင်မှာဖြစ်ပါတယ်။

အသက် ၈၀ အရွယ် မစ္စတာဘိုင်ဒင်ဟာ အမေရိကန်သမိုင်းမှာ တော့အသက်အကြီးဆုံးသမ္မတဖြစ်နေပြီဖြစ်ပြီး မဲဆွယ်ကာလတလျှောက် သူ့ရဲ့အသက်အရွယ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရဖွယ်ရှိ နေပါတယ်။

Ref:BBC

#voiceofmyanmar #VOM #အမေရိကန်ရွေးကောက်ပွဲ #ဂျိုးဘိုင်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW