သထုံမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧပြီ ၂၈ – ၂၀၂၃
GG(VOM)

မွန်ပြည်နယ်၊သထုံမြို့၊ဆင်ဖြူကျွန်းရှာမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့မှု မနေ့ ဧပြီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ရွာအပြင်ဘက်က လယ်တောထဲမှာ အလုပ်လုပ်နေစဥ် နေ့လယ်၂ နာရီကျော်ခန့်မှာ မိုးကြိုးပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က ဒီမှာက မိုးတွေလည်းရွာတယ်၊လျှပ်စီးမိုးကြိုးအစုံပဲ၊အဲ့ဒီအချိန် သူကလယ်ထဲမှာရှိနေတာ ။အဲ့ဒီမှာ လယ်ထဲမှာပဲ မိုးကြိုးပစ်ခံရတာ။မိုးကြိုးပစ်ခံရတာဆိုတော့ ညိုမဲနေတာမျိုးတွေရှိတာပေါ့ “လို့ ဒေသခံလူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

မိုးကြိုးပစ်ခံရပြီး သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆင်ဖြူကျွန်းကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မနေ့ ညနေကတည်းက သထုံခရိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဧပြီ၂၂ ရက်နေ့ကလည်း မကွေးမြို့နယ်၊ဆူးကောက်စမ်းရွာမှာ သားအဖ ၂ ယောက် ယာထဲ နွားကျောင်းနေချိန် မိုးကြိုးပစ်ခံရပြီး သေဆုံးမှု ​ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာလည်း မြန်မာတနိုင်ငံလုံးအနေနဲ့ဆိုရင် မိုးကြိုးပစ်တဲ့ ဖြစ်စဥ်ပေါင်း ၄၀ ထက်မနည်းရှိခဲ့ပြီး မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၁၀ ဦးထက်မနည်းရှိကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ #မိုးကြိုးပစ်ခံရပြီးသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW