ပုလောက စစ်ဆေးရေးဂိတ်တခုက ပစ်ခတ်မှုကြောင့်၂ ယောက်သေဆုံးပြီး ၃ယောက်ဒဏ်ရာရ

မေ ၂၅- ၂၀၂၃
GG(VOM)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မန်းကျည်းကုန်းရွာနားက စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ဆေးခံနေတဲ့ တနသင်္ာရီရိုးမ ခရီးသည်တင် ကားပေါ်က ခရီးသည် ၁ ဦးသေဆုံးပြီး နောက်ထပ် ၁ ဦးထိခိုက်ဒဏ်ရာရရှိမှု မနေ့က မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ပစ်ခတ်မှုဖြစ်စဥ်အတွင်း မန်းကျည်းကုန်းရွာက ဒေသခံ ၁ ဦးလည်း သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီ ၃၅ လောက်ဖြစ်တာ၊ သေဆုံးကောင်မလေးက နောက်ဆုံးခုံမှာထိုင်တာ၊မှန်ကိုဖောက်ပြီး ခေါင်းကိုကျည်ဖောက်ဝင်သွားတယ်။နောက်တစ်ယောက်သေတဲ့သူက အဲ့ဒီနားကရွာက ဆိုင်ကယ်စီးလာချိန် ပစ်မိတာ ” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ခရီးသည်တင်ကားပေါ်က သေနတ်မှန်သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး တနသင်္ာရီမြို့နယ်ကနေ မြိတ်မှာအလုပ်လုပ်သူဖြစ်ကြောင်း၊ နောက်ထပ်သေဆုံးသူကတော့ မန်းကျည်းကုန်းရွာက အမျိုးသားတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။

အဆိုပါ မန်းကျည်းကုန်းစစ်ဆေးရေးဂိတ်ဟာ ပုလောမြို့နဲ့အနီးဆုံးစစ်ဆေးဂေိတ်ဖြစ်ပြီး စစ်ဆေးမှုတွေ တင်းကြပ်ထားတဲ့ ဂိတ်တစ်ခုလည်းဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

မနေ့က မေလ ၂၄ ရက်နေ့မှာ ပုလောမြို့နယ်ထဲက အခြားနေရာအချို့မှာလည်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တနသင်္ာရီတိုင်းထဲမှာ အရင်ကလည်း ခရီးသည်ကား ပစ်ခတ်ခံရပြီး လူသေဆုံးတာထိခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီ #ပုလော

Related posts

Leave a Comment

VOM News

FREE
VIEW