တက်စ်လာ လျှပ်စစ်ကားကုမ္ပဏီ စီအီးအို အီလွန်မာ့ခ် တရုတ်နိုင်ငံရောက်ရှိနေ၊ တရုတ်မှာ လျှပ်စစ်ကားထုတ်လုပ်ရေး တိုးချဲ့ဖွယ်ရှိ

ပေကျင်း၊ မေ-၃၁-၂၀၂၃ မျိုးဆက်(VOM)   တက်စ်လာလျှပ်စစ်ကားကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ အီလွန်မာ့ခ်ဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။   သူဟာ မေ ၃၀ ရက်မှာ မြို့တော်ပေကျင်းကို ရောက်ရှိနေပြီး ရှန်ဟိုင်းမှာရှိတဲ့ တက်စ်လာစက်ရုံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။   အီလွန်မာ့ခ်ဟာ ပေကျင်းကိုရောက်ပြီး နာရီပိုင်းအကြာမှာ တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်းနဲ့တွေဆုံခဲ့ပါတယ်။   အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး အီလွန်မာ့ခ်က မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။   အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ခွဲခြားမရတဲ့ စီးပွားရေးမိတ်ဖက်တွေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံမှုအတွင်း အီလွန်မာ့ခ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။   မစ္စတာမာ့ခ်ဟာ အမေရိကန်ပြီးရင် တက်စ်လာရဲ့ အကြီးမားဆုံးစျေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကားထုတ်လုပ်မှုလုပ်ငန်းကို တိုးချဲ့ဖို့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

Read More

ချိပ်ပိတ်ခံရတဲ့ ပဲမျိုးစုံ တန်ချိန် ၁ သောင်းကျော်နဲ့ ဆေးဝါးကုန်ကြမ်းတွေကို လေလံတင်ရောင်းချဖို့ တရုတ်ဘက်က ပြင်ဆင်နေ

မေ ၃၁၊ ၂၀၂၃ Shy V(VOM)   မှောင်ခိုလမ်းကနေ တင်သွင်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ချိပ်ပိတ်ခံထားရတဲ့ မြန်မာကုန်သည်အများစုရဲ့ မြန်မာ့ပို့ကုန် ပဲတီစိမ်း တန်ချိန် ၁ သောင်းကျော်အပါအဝင် ပဲမျိုးစုံနဲ့ ဆေးဝါးကုန်ကြမ်းတွေ ကာလတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းဖိုးခန့်ကို တရုတ်ဘက်က လေလံတင် ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ မြန်မာကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   “စာတော့ထွက်ထားပြီ။ လေလံတော့ မဆွဲသေးဘူး။ ၆ လပိုင်းကုန်မှ ဆွဲမှာ။ အခုက သူတို့ စီစဉ်နေတာလေ၊ အဲဒီ ချိပ်ပိတ်ခံထားရတဲ့ ကုန်ပစ္စည်းတွေ နဲ့ပတ်သက်ပြီး မနေ့ မေလ ၃၀ ရက်နေ့က မန္တလေး ကုန်စည်ဒိုင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်”လို့ နယ်စပ်ကုန်သည် ၁ ဦး ကပြောပါတယ်။   လက်ရှိ…

Read More

အာရှဒေသ ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ လူဦးရေကျဆင်းမှု ပြဿနာ

မျိုးဆက်(VOM) ၃၁-၅-၂၀၂၃   အာရှဒေသရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ ကလေးမွေးဖွားမှုနှုန်းကျဆင်းမှုရဲ့ အကျိုးဆက်အဖြစ် လူဦးရေကျဆင်းလာမှုပြဿနာနဲ့ကြီးကြီးမားမား ရင်ဆိုင်နေရပြီး စိုးရိမ်ဖွယ် စိန်ခေါ်မှုတရပ်အဖြစ် ရှိနေပါတယ်။   သက်ဆိုင်ရာအစိုးရတွေအနေနဲ့ လူဦးရေကျဆင်းလာမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေါ်လာဘီလီယံများစွာ အသုံးပြုနေကြပေမယ့် ဒီပြသနာကို ဖြေရှင်းနိုင်မှာလည်းဆိုတဲ့ မေးခွန်းတွေလည်းရှိနေပါတယ်။   စင်ကာပူနိုင်ငံဟာ ကလေးသူငယ်မွေးဖွားမှုဆိုင်ရာ အားပေးတဲ့မူဝါဒကို ၁၉၈၇ ခုနှစ်မှာစတင်ခဲ့ပြီး ဂျပန်နိုင်ငံက ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ တောင်ကိုရီးယားကတော့ ၂၀၀၀ ခုနှစ်မှာ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။   ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားကြီး တရုတ်နိုင်ငံကလည်း နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေကျဆင်းမှုဖြစ်ပွားပြီးနောက် ဇနီးမောင်နှံတွေ ကလေးပိုမိုမွေးဖွားဖို့တွန်းအားပေးတဲ့ မူဝါဒတွေကို မကြာသေးခင်က ချမှတ်ခဲ့ပါတယ်။   ဒီလိုမူဝါဒတွေအကောင်အထည်ဖော်ရာမှာ ငွေကြေးဘယ်လောက်ကုန်ကျမယ်ဆိုတာ အတိအကျတွက်ချက်ဖို့ ခက်ခဲပေမယ့် တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း လူဦးရေမြှင့်တင်ရန်ကြိုးပမ်းခဲ့ရာမှာ ဒေါ်လာ ၂၀၀…

Read More

အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးပွဲ ဆူဒန်စစ်တပ် ဆိုင်းငံ့

ခါတွမ်၊ မေ-၃၁-၂၀၂၃ မျိုးဆက်(VOM)   ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆူဒန်စစ်တပ်က ဆိုင်းငံ့လိုက်ကြောင်း ဆူဒန်သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။   ဒီလိုဆိုင်းငံ့လိုက်တာကြောင့် သွေးထွက်သံယိုနဲ့ မတည်မငြိမ်ဖြစ်ပွားမှုတွေ မြင့်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။   ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ဆွေးနွေးပွဲတွေဟာ မေလအစောပိုင်းမှာ စတင်ခဲ့ပေမယ့် မအောင်မြင်တဲ့ ကာလတိုအပစ်အခတ်ရပ်စဲရေးနှစ်ကြိမ်သာရရှိခဲ့ပါတယ်။   တနင်္လာနေ့နှောင်းပိုင်းမှာ ယခင်အပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်ဆုံးမီ နောက်ထပ်ငါးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဘက်အကြားရရှိခဲ့ပါတယ်။   အပစ်အခတ်ရပ်စဲရေးတွေ ကျိုးပေါက်ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဟာ ဒေသတွင်းနဲ့ အခြားနိုင်ငံတွေကို မတည်မငြိမ်ဖြစ်စေမယ့် ကာလရှည်ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။   မြို့တော်ခါတွမ်တောင်ပိုင်းနဲ့ အိုဒူမန်တို့မှာ အင်္ဂါနေ့နှောင်းပိုင်းအထိ နိုင်းမြစ်ကိုဖြတ်ကာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတွေကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့က ကာလရှည်အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းထားပါတယ်။   တိုက်ပွဲတွေကြောင့် လူပေါင်း သုံးသိန်းငါးသောင်းကျော်…

Read More

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ဘဲ ပင်လယ်ထဲပျက်ကျ

ပြုံးယမ်း၊ မေ-၃၁-၂၀၂၃ မျိုးဆက်(VOM)   မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုဟာ ဒုံးပျံအင်ဂျင်ချို့ယွင်းမှုကြောင့် ပင်လယ်ဝါအတွင်း ပျက်ကျခဲ့ကြောင်း မြောက်ကိုရီးယားက မေ ၃၁ ရက်မှာ ပြောပါတယ်။   ဂြိုဟ်တုလွှတ်တင်မှုကို မေ ၃၁ ရက်နံနက် ၆ နာရီ ၂၇ မိနစ်မှာ နိုင်ငံအနောက်ပိုင်း ဆိုဟေးဂြိုဟ်တုလွှတ်ရေး စင်တာကနေ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။   အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ဖို့ ဇွန် ၁၁ ရက်မှာ စစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်ထားကြောင်း မြောက်ကိုရီးယားက အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။   အခုလို ဂြိုဟ်တုလွှတ်တင်မှုကြောင့် တောင်ကိုရီးယားဆိုးလ်နွှံ ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါစီရင်စုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။   ပဲ့ထိန်းဒုံးကျည်နည်းပညာကိုအသုံးပြုပြီး ယခုကဲ့သို့ ပစ်လွှတ်ခြင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က…

Read More

အဆိုတော် လီလီနိုင်ကျော် သေနတ်နဲ့ပစ်သတ်ခံရ

မေ ၃၁ – ၂၀၂၃ SN (VOM)   ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရန်အောင်လမ်းမှာနေထိုင်တဲ့ ဒေါ်လီလီနိုင်စိုး (ခ) အဆိုတော် လီလီနိုင်ကျော်ဟာ မနေ့ မေ ၃၀ ရက် ည ၇ နာရီဝန်းကျင်က သူမရဲ့နေအိမ်ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။   “သူ့ကားနဲ့ အပြင်ကပြန်လာတာ၊ အိမ်ရှေ့အရောက်မှာပဲ အပစ်ခံလိုက်ရတာ။ မျက်နှာကိုထိတယ်၊ ဒဏ်ရာတော်တော်ပြင်းတယ်။ ဆေးရုံကို အရေးပေါ် ပို့ပြီး ကုသခဲ့ပေမယ့် CT Scam ရိုက်နေချိန်မှာပဲ ဆုံးသွားတာ”လို့ ရန်ကင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   အဆိုတော်လီလီနိုင်ကျော် အသက် (၅၈)နှစ်ဟာ သူ့ရဲ့ကားနဲ့ အပြင်ကပြန်လာပြီး နေအိမ်တိုက်ခန်းရှေ့အရောက် ကားပေါ်ကဆင်းဖို့ ပြင်နေချိန် လမ်းလျှောက်လာသူတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။…

Read More

တက္ကစီမောင်းရင်း အိမ်ပြန်လမ်း ပျောက်ခဲ့သူတွေ

SN (VOM)   တစ်စထက်တစ်စ လျော့ရဲလာတဲ့ မလုံခြုံမှုတွေကြောင့် ရန်ကုန်မြို့မှာ တက္ကစီလုယက်မှုတွေဟာ အခုနှစ် မတ်လလောက်ကစလို့ အရင်ကထက်ပိုပြီး ခပ်စိပ်စိပ် ဖြစ်ပွားလာနေပါတယ်။(၂)နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု စတဲ့ ဒုစရိုက်မှုတွေဟာ နေရာအနှံ့ ပေါ်ပေါက်လာနေပါတယ်။   မြို့ပေါ်က လမ်းမတွေပေါ်မှာ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်မောင်းတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့ သွားလာနေရတာပါ။   ကားကို လုယက်ရုံတင်မကဘဲ လူ့အသက်အန္တရာယ်ကို ရန်ရှာ သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တွေဟာ အခုနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်ပွားလာနေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ မလုံခြုံတော့သလို စည်းကမ်းမဲ့ ရမ်းကားသူတွေကြောင့် လူ့အသက်တချို့ဟာ ကြက်ကလေး၊ ငှက်ကလေးတွေလို တဖြုတ်ဖြုတ် ကြွေလို့ နေပါတယ်။   (၂)နှစ်ကျော်ကာလအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ ညအချိန်တွေဆို လူအသွားအလာ…

Read More

ရွှေနန်းတော်ကြီး မီးလောင်ခြင်း တေးထပ် တစ်ပုဒ် –

ဆူးငှက်   ရတနာပုံနေပြည်တော် မန္တလေးကို “အင်းကြီးကြာအုံ” ရတနာပုံ၊ “အုတ်ကျစ်ကျော်အေ”မန္တလေးဟူသော လင်္ကာအရ သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ရက်နေ့၊ ညဉ့် ၃ချက်တီးကျော်၊ ၇ရက် တနင်္လာနေ့သို့အဝင်၊ ၄နာရီ ၂ပါဒ်အချိန်၊ ၁၈၅၉၊မေ ၃ရက်မှ စ၍ မန္တလေး ရတနာပုံရွှေမြို့တော်ကြီးကို မော်ကွန်းစိုက်ထူခဲ့သည်။ မြို့တော်တည်သည်နှင့်အတူ ရွှေပန္နက်ချလျက် ခုနစ်ဌာနကိုလည်း တစ်ကြိမ်တည်း ပန္နက်ချဆောက်သည်။   ထိုခုနစ်ဌာနတို့မှာ (၁)ရွှေမြို့တော်၊ (၂)ကျုံးတော်၊ (၃)မဟာလောက မာရဇိန်စတီတော်၊ (၄)မဟာအတုလဝေယန်ကျာင်းတော်၊ (၅)သုဓမ္မာဇရပ်တော်၊ (၆)ပဋ္ဌာန်းဟောရွှသိမ်တော်၊ (၇)ပိဋကတ်တိုက်တော် တို့ဖြစ်သည်။ မန္တလေးနန်းတော် မြို့တံခါးပေါက်ကြီးများတွင် အထက်ဖော်ပြပါ ခုနစ် သက္ကရာဇ် စာသားအတိုင်း ရတနာပုံမြို့တည်နန်းတည် တံခါးအမည်မှတ်တမ်းကို စာ(၆)ကြောင်းဖြင့် မော်ကွန်းတိုင် ရေးထိုးစိုက်ထူထားကြောင်း တွေ့မြင်နိုင်သည်။   ရွှေနန်းပြာသာဒ်တော်၊မြနန်းတော်၊ မှန်နန်းတော်၊ ရာဇပလ္လင်း ရှစ်ရပ်မှစ၍ ရွှေနန်းတော် အဆောင်ပေါင်း…

Read More

မြန်မာသရက်သီးတွေ အရည်အသွေးမပြည့်မီဘူးဆိုကာ တရုတ်ဘက်က စျေးနှိမ်ဝယ်ယူမှုရှိနေ

မေ ၃၀ – ၂၀၂၃ GG (VOM) မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်ကို ပို့နေတဲ့ မြန်မာသရက်သီးတွေ အရည်အသွေးမမှီတာကြောင့် ဝယ်ယူမှုနည်းလာသလို စျေးနူန်းလည်း ကျဆင်းလာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဒါ့ကြောင့် သရက်သီးရာသီကာလဖြစ်ပေမယ့်လည်း တရုတ်ဘက်ကို သရက်သီးတင်ပို့မှုအနေနဲ့က တစ်ရက်မှာ သရက်သီးကား ၁၀ စီး​အထက်သာ ရှိတယ်လို့သိရပါတယ်။ “ဟိုအရင်ရက်တွေကဆို တစ်ရက် အစီး ၃၀ အထက်သွားတာရှိပေမယ့် အခုကတော့ ၁၀ စီးလောက်ပဲရှိတယ်။တရုတ်ဘက်လည်း ဝယ်တာနည်းသွားတယ်။နည်းတော့ စျေးကကျတယ်။အဓိကတော့ တရုတ်က မြန်မာသရက်သီးတွေ အရည်အသွေးမပြည့်မီဘူးဆိုပြီး ပယ်ချတာပါ။မြန်မာဘက်ကလည်း ပြည်ပပို့မယ့်သစ်သီးကိုတော့ အရည်အသွေးပြည့်မှီအောင်၊ကိုယ့်ပစ္စည်းကို မြင်တာနဲ့ဝယ်ချင်အောင် လုပ်ဖို့လိုလာပါတယ်”လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံမှာလည်း သူတို့နိုင်ငံ ဒေသထွက်သရက်သီးတွေ စျေးကွက်ထဲဝင်ရောက်နေချိန်ဖြစ်တာကလည်း မြန်မာသရက်သီးကဏ္ဍအတွက် ထိခိုက်မှုရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ အရင်က ၁၆ ကီလိုပါ ရွှေဟင်္သာ သရက်သီး ခြင်းတစ်ခြင်းကို တရုတ်တင်ပို့တဲ့အခါ ယွမ်…

Read More

ဗြိတိန်စစ်သင်္ဘောပျက်နှစ်စင်းက ပစ္စည်းတွေလုယူတဲ့ တရုတ်သင်္ဘောကို မလေးရှားရေတပ် ဖမ်းဆီးထိန်းသိမ်း

ကွာလာလမ်ပူ ၊ မေ-၃၀-၂၀၂၃ မျိုးဆက်(VOM) ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားသော ဗြိတိန်စစ်သင်္ဘောနှစ်စင်းကပစ္စည်းတွေကို လုယူတယ်လို့သံသယရှိတဲ့ တရုတ်နိုင်ငံမှတ်ပုံတင်ထားတဲ့ သင်္ဘောတစ်စင်းကို မလေးရှားရေတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရားမ၀င်ကျောက်ချရပ်နားမှုနဲ့ သင်္ဘောပျက်တွေကပစ္စည်းတွကို ယူဆောင်မှုတွေကြောင့် အဲဒီသင်္ဘောကို မေ ၂၈ ရက်မှာ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း မလေးရှားတာ၀န်ရှိသူတွေက မေ ၃၀ ရက်မှာပြောပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်က ဂျပန်စစ်တပ်လက်ချက်နဲ့ နစ်မြုပ်ခဲ့တဲ့ ဗြိတိန်ရဲ့ HMS Prince of Wales နဲ့ HMS Repulse စစ်သင်္ဘောတွေပေါ်ကလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကိုလည်း အဲဒီသင်္ဘောပေါ်မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီဗြိတိန်စစ်သင်္ဘောတွေဟာ စစ်ပွဲအတွင်း စင်ကာပူကို စေလွှတ်ခံခဲ့ရပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ဂျပန်ရေတပ်ရဲ့ တော်ပီဒိုတွေနဲ့ ပစ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေကတိုက်ခိုက်ပြီးနောက်…

Read More
VOM News

FREE
VIEW