အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးပွဲ ဆူဒန်စစ်တပ် ဆိုင်းငံ့

ခါတွမ်၊ မေ-၃၁-၂၀၂၃
မျိုးဆက်(VOM)
 
ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆူဒန်စစ်တပ်က ဆိုင်းငံ့လိုက်ကြောင်း ဆူဒန်သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
 
ဒီလိုဆိုင်းငံ့လိုက်တာကြောင့် သွေးထွက်သံယိုနဲ့ မတည်မငြိမ်ဖြစ်ပွားမှုတွေ မြင့်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
 
ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ဆွေးနွေးပွဲတွေဟာ မေလအစောပိုင်းမှာ စတင်ခဲ့ပေမယ့် မအောင်မြင်တဲ့ ကာလတိုအပစ်အခတ်ရပ်စဲရေးနှစ်ကြိမ်သာရရှိခဲ့ပါတယ်။
 
တနင်္လာနေ့နှောင်းပိုင်းမှာ ယခင်အပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်ဆုံးမီ နောက်ထပ်ငါးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဘက်အကြားရရှိခဲ့ပါတယ်။
 
အပစ်အခတ်ရပ်စဲရေးတွေ ကျိုးပေါက်ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဟာ ဒေသတွင်းနဲ့ အခြားနိုင်ငံတွေကို မတည်မငြိမ်ဖြစ်စေမယ့် ကာလရှည်ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
 
မြို့တော်ခါတွမ်တောင်ပိုင်းနဲ့ အိုဒူမန်တို့မှာ အင်္ဂါနေ့နှောင်းပိုင်းအထိ နိုင်းမြစ်ကိုဖြတ်ကာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတွေကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့က ကာလရှည်အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းထားပါတယ်။
 
တိုက်ပွဲတွေကြောင့် လူပေါင်း သုံးသိန်းငါးသောင်းကျော် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရသူတွေအပါအ၀င် ပြည်သူ ၁ ဒသမ ၄ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
 
Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

VOM News

FREE
VIEW