တက်စ်လာ လျှပ်စစ်ကားကုမ္ပဏီ စီအီးအို အီလွန်မာ့ခ် တရုတ်နိုင်ငံရောက်ရှိနေ၊ တရုတ်မှာ လျှပ်စစ်ကားထုတ်လုပ်ရေး တိုးချဲ့ဖွယ်ရှိ

ပေကျင်း၊ မေ-၃၁-၂၀၂၃
မျိုးဆက်(VOM)
 
တက်စ်လာလျှပ်စစ်ကားကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ အီလွန်မာ့ခ်ဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။
 
သူဟာ မေ ၃၀ ရက်မှာ မြို့တော်ပေကျင်းကို ရောက်ရှိနေပြီး ရှန်ဟိုင်းမှာရှိတဲ့ တက်စ်လာစက်ရုံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
 
အီလွန်မာ့ခ်ဟာ ပေကျင်းကိုရောက်ပြီး နာရီပိုင်းအကြာမှာ တရုတ်နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်းနဲ့တွေဆုံခဲ့ပါတယ်။
 
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး အီလွန်မာ့ခ်က မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။
 
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ခွဲခြားမရတဲ့ စီးပွားရေးမိတ်ဖက်တွေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံမှုအတွင်း အီလွန်မာ့ခ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
 
မစ္စတာမာ့ခ်ဟာ အမေရိကန်ပြီးရင် တက်စ်လာရဲ့ အကြီးမားဆုံးစျေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကားထုတ်လုပ်မှုလုပ်ငန်းကို တိုးချဲ့ဖို့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW