ဗြိတိန်စစ်သင်္ဘောပျက်နှစ်စင်းက ပစ္စည်းတွေလုယူတဲ့ တရုတ်သင်္ဘောကို မလေးရှားရေတပ် ဖမ်းဆီးထိန်းသိမ်း

ကွာလာလမ်ပူ ၊ မေ-၃၀-၂၀၂၃
မျိုးဆက်(VOM)

ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားသော ဗြိတိန်စစ်သင်္ဘောနှစ်စင်းကပစ္စည်းတွေကို လုယူတယ်လို့သံသယရှိတဲ့ တရုတ်နိုင်ငံမှတ်ပုံတင်ထားတဲ့ သင်္ဘောတစ်စင်းကို မလေးရှားရေတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရားမ၀င်ကျောက်ချရပ်နားမှုနဲ့ သင်္ဘောပျက်တွေကပစ္စည်းတွကို ယူဆောင်မှုတွေကြောင့် အဲဒီသင်္ဘောကို မေ ၂၈ ရက်မှာ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း မလေးရှားတာ၀န်ရှိသူတွေက မေ ၃၀ ရက်မှာပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်က ဂျပန်စစ်တပ်လက်ချက်နဲ့ နစ်မြုပ်ခဲ့တဲ့ ဗြိတိန်ရဲ့ HMS Prince of Wales နဲ့ HMS Repulse စစ်သင်္ဘောတွေပေါ်ကလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကိုလည်း အဲဒီသင်္ဘောပေါ်မှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီဗြိတိန်စစ်သင်္ဘောတွေဟာ စစ်ပွဲအတွင်း စင်ကာပူကို စေလွှတ်ခံခဲ့ရပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ဂျပန်ရေတပ်ရဲ့ တော်ပီဒိုတွေနဲ့ ပစ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေကတိုက်ခိုက်ပြီးနောက် သုံးရက်အကြာမှာဖြစ်ပြီး သင်္ဘောသား ၈၄၂ ဦးသေဆုံးပြီး ဗြိတိန်ရေတပ်သမိုင်းမှာ အဆိုးရွားဆုံး ဘေးအန္တရာယ်တခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Ref:BBC
#VOM #voiceofmyanmar #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW