မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ဘဲ ပင်လယ်ထဲပျက်ကျ

ပြုံးယမ်း၊ မေ-၃၁-၂၀၂၃
မျိုးဆက်(VOM)
 
မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်မှုဟာ ဒုံးပျံအင်ဂျင်ချို့ယွင်းမှုကြောင့် ပင်လယ်ဝါအတွင်း ပျက်ကျခဲ့ကြောင်း မြောက်ကိုရီးယားက မေ ၃၁ ရက်မှာ ပြောပါတယ်။
 
ဂြိုဟ်တုလွှတ်တင်မှုကို မေ ၃၁ ရက်နံနက် ၆ နာရီ ၂၇ မိနစ်မှာ နိုင်ငံအနောက်ပိုင်း ဆိုဟေးဂြိုဟ်တုလွှတ်ရေး စင်တာကနေ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။
 
အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ဖို့ ဇွန် ၁၁ ရက်မှာ စစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်ထားကြောင်း မြောက်ကိုရီးယားက အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
 
အခုလို ဂြိုဟ်တုလွှတ်တင်မှုကြောင့် တောင်ကိုရီးယားဆိုးလ်နွှံ ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါစီရင်စုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
 
ပဲ့ထိန်းဒုံးကျည်နည်းပညာကိုအသုံးပြုပြီး ယခုကဲ့သို့ ပစ်လွှတ်ခြင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ရှုတ်ချပြောဆိုထားပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW