မော်စကို၊ ဇွန်-၂၅-၂၀၂၃
မျိုးဆက်(VOM)
ရုရှားကြေးစား ဝဂ္ဂနာအဖွဲ့ဟာ မော်စကိုကို တပ်တွေချီတက်ပြီး ပုန်ကန်မှုကို အဆုံးသတ်လိုက်ပြီး ကြေးစားအဖွဲ့ခေါင်းဆောင်ဟာ ဘီလာရုစ်ကို ထွက်ခွာနေထိုင်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာလည်း ပုန်ကန်မှုစတင်ခဲ့တဲ့ တောင်ပိုင်း ရော့စ်တော့ဗ်အွန်ဒွန် မြို့က နေထွက်ခွာသွားပြီဖြစ်ကာ မော်စကိုထိ ချီတက်မယ့်အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
ရုရှားစစ်ခေါင်းဆောင်တွေကို ဖြုတ်ချမယ်ဆိုပြီး ပုန်ကန်မှုစတင်ခဲ့တဲ့ ဝဂ္ဂနာအဖွဲ့ ခေါင်းဆောင် ပရီဂိုဇင်နဲ့ သူ့တပ်တွေကို တရားစွဲမှာမဟုတ်ဘူးလို့ ရုရှားအစိုးရကပြောပါတယ်။
ပရီဂိုဇင် ရဲ့ လုပ်ရပ်ကို နိုင်ငံတော် သစ္စာဖောက်မှုအဖြစ် စနေနေ့က နိုင်ငံလုံးဆိုင်ရာ တီဗွီမိန့်ခွန်းမှာ သမ္မတပူတင်က ရှုတ်ချပြောဆိုထားပါတယ်။
ဒါပေမယ့် ပရီိဂိုဇငျနဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကို တို့ကြား စေ့စပ်ညှိနှိုင်းမှုအပြီးမှာ တင်းမာမှုတွေ လျော့ကျပြီး အခုလိုသဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
မော်စကိုမှာ တော့လုံခြုံရေး တင်းကျပ်ထားပြီး မြို့တော်ဝန်က ဒေသခံ တှေကို ခရီးသွားခြင်း မပြုဖို့ တိုက်တွန်းထားပြီး ပြင်ပမှာပြုလုပ်မယ့် ပွဲအခမ်းအနားအားလုံးကို ဇူလိုင် ၁ ရက်အထိ ဖျက်သိမ်းထားပါတယ်။
Ref:BBC
#voiceofmyanmar #VOM #မော်စကို