မြဝတီနယ်စပ်မှာ ပိတ်မိနေတဲ့ ပြောင်းကားအစီးရေ ၅၀၀ ကျော်ထဲက ၁၀ % လောက်သာ ကုန်သွယ်ခွင့်ရ

ဇွန် ၃၀ – ၂၀၂၃ GG (VOM) ထိုင်းဘက်ကို တင်ပို့ခွင့်မရဘဲ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှာ ပိတ်မိနေတဲ့ ပြောင်းကား အစီးရေ ၅၀၀ ကျော်ကို မနေ့ ဇွန် ၂၉ရက်ကစပြီး လိုင်စင်ချပေးနေတာကြောင့် ပြောင်းကားအစီးရေအနည်းငယ် ထိုင်းဘက်ကို စတင်ကုန်သွယ်မှု လုပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ကားတွေအကုန်လုံး ကုန်သွယ်ခွင့်မရသေးဘဲ ပိတ်မိနေတဲ့ ကားအစီးရေ ၅၀၀ ကျော်ထဲက ၁၀ ရာခိုင်နူန်းလောက်သာ ကုန်သွယ်မှုလုပ်နိုင်ပြီး ၉၀ ရာခိုင်နူန်းကတော့ ကျန်နေသေးတယ်လို့ သိရပါတယ်။ ” မနေ့ကတော့ လိုင်စင်တချို့ စ ချပေးနေတာပေါ့။သိပ်​တော့မပြေလည်သေးဘူး၊အစီး ၅၀၀ ကျော်ကတော့ ၁၀ % ပဲအဆင်ပြေတယ်။၉၀ က ကျန်သေးတယ်။ အထက်ကတော့ဖြေလျှော့လိုက်တယ် အောက်ကလိုက်မလုပ်သေးတာပေါ့။ဒါပေမယ့် မူဝါဒအားလုံးတော့ဖြေလျှော့ပေးသွားပါပြီ။ဒါပေမယ့်အောက်က operation ကလုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေတော့ သူတို့ကလုပ်ဖို့ဆိုပြီးအချိန်နည်းနည်းယူတဲ့သဘောတော့ရှိတာပေါ့”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အခုဇွန်လ ၁၅…

Read More

VOM ရဲ့ တပတ်အတွင်း စီးပွားရေး သတင်းမြင်ကွင်း

– ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေလဲနှုန်း စံချိန်တင်မြင့်တက်နေ – ကမ္ဘာ့ရေနံ၀ယ်လိုအား တနေ့ကို စည်ပေါင်းသန်း ၁၁၀ ကျော်ထိ မြင့်တက်လာဖွယ်ရှိ – ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု မျှော်မှန်းထားတာထက် ကျဆင်း – အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှု ယခုနှစ်ဆန်းပိုင်းမှာ ပိုမိုကောင်းမွန်လာ MSN (VOM) ဇွန်-၃၀-၃၀၂၃ (၁) ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေလဲနှုန်း စံချိန်တင်မြင့်တက်နေ ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနဲ့အပြိုင် ထိုင်းဘတ်ငွေဈေး စံချိန်တင် မြင့်တက်လာပြီး ထိုင်းတဘတ်ကို ကျပ် ၉၀ ကျော်အထိ ဖြစ်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဒီနေ့ ဇွန်လ ၃၀ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်ဈေးအရ ထိုင်းဘတ် ဗဟိုဘဏ်သတ်မှတ်ဈေး ၆၀ ဒသမ ၃၇ ၊ ပြင်ပပေါက်ဈေး ၉၁ ဒသမ ၆၀ ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ…

Read More

ဗာဂျင်ဂလက်တစ်ကုမ္ပဏီရဲ့ ပထမဆုံးအာကာသခရီးသွားပို့ဆောင်မှု အောင်မြင်

၀ါရှင်တန်၊ ဇွန်-၃၀-၂၀၂၃ မျိုးဆက်(VOM) အာကာသနည်းပညာကုမ္ပဏီ ဗာဂျင်ဂလက်တစ်ဟာ သူ့ရဲ့ပထမဆုံးသော အာကာသခရီးပို့ဆောင်မှုကို ဇွန် ၂၉ ရက်မှာ အောင်မြင်စွာပို့ဆောင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံးအာကာသခရီးစဉ်မှာ အီတလီလေတပ် အရာရှိနှစ်ဦး၊ အင်ဂျင်နီယာတဦးနဲ့ အခြားသုံးဦးတို့ကို သယ်ဆောင်ပျံသန်းခဲ့တာဖြစ်ပါတယ်။ ၇၂ မိနစ်ကြာမြင့်တဲ့ အဲဒီခရီးစဉ်ကို ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှာ နယူးမက္ကဆီကိုရှိ အာကာသလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ပြီး ခရီးသည်တွေကို အာကာသအစွန်းထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဗာဂျင်ဂလက်တစ်ကုမ္ပဏီ တည်ထောင်သူ ရစ်ချက်ဘရန်ဆန်ဟာ လွန်ခဲ့တဲ့(၂)နှစ်က အာကာသထဲကို အလားတူပျံသန်းမှုလုပ်ဆောင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ဗာဂျင်ကလက်တစ်ကုမ္ပဏီဟာ သြဂုတ်လကနေ လစဉ်လတိုင်း စီးပွားဖြစ်အာကာသခရီးစဉ်တွေ ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။ အမေရိကန်အခြေစိုက် အီလွန်မာ့ခ်ရဲ့စပေ့အိတ်စ်ကုမ္ပဏီဟာလည်း လကမ္ဘာ၀န်းကျင်ကို အာကာသခရီးသွားတွေ ပို့ဆောင်ပေးဖို့ စီစဉ်နေပြီး အခြားသော အာကာသနည်းပညာကုမ္ပဏီတွေကလည်း အာကာသခရီးသွားတွေ ပို့ဆောင်ပေးဖို့ အပြိုင်ဆိုင် ကြိုးစားနေကြပါတယ်။ Ref:NHK Photo:Vergin…

Read More

ဖရူဆိုဘက်က စစ်ရှောင်အားလုံးနီးပါး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေ

ဇွန်၊၃၀-၂၀၂၃ MM(VOM) ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ကဒေသခံ စစ်ရှောင်တွေအားလုံးနီးပါး ရာသီတုပ်ကွေးဖြစ်ကာ ဖျားနာနေပြီး ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။ ”အဲ့ဒီစစ်ရှောင်တွေက အခုဇွန်လအတွင်း တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေတိုက်ပွဲဖြစ်လို့ ရှောင်နေရတာ၊တောထဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ယာယီတဲထိုးနေထိုင်နေရတာ၊စစ်ရှောင်အကုန်အယောက် ၆၀၀ နီးပါးလောက်အထိ ရှိတယ်၊ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတယ်၊ အခု စစ်ရှောင်တွေက ရာသီတုပ်ကွေးဖြစ်ပြီး အကုန်ဖျားကုန်တာ ၊ဖျားနာနေတဲ့စစ်ရှောင်တွေ ဆေးကုသဖို့အတွက် ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်၊ အကူအညီ မရရင်မလွယ်ဘူး။”လို့ စစ်ရှောင်တွေကို ကူညီပေးတဲ့အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်ရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးပညာရှင်တစ်ဦးက။”အခု စစ်ရှောင်တွေက အဓိက ခြင်ကိုက်လို့ ဖျားနာကြတာ၊ အခုက အမိုးအကာ‌တွေလည်း လိုအပ်နေတယ်၊ ခြင်လိမ်းဆေးနဲ့ခြင်ဖြန်းဆေး၊ အခြားဆေးဝါးနဲ့ စားနပ်ရိက္ခာ‌တွေလိုအပ်နေတယ်၊ဒီအတိုင်းဆို အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာမယ်၊ အရင်က စစ်ရှောင်တွေဆို ကူညီမယ့်သူ အများကြီးရှိတယ် ၊ အခုစစ်ရှောင်တွေကို…

Read More

တရုတ်သူလျှို ဘောလုံးထောက်လှမ်းရေးအချက်အလက်တွေ မစုဆောင်းနိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်

၀ါရှင်တန်၊ ဇွန်-၃၀-၂၀၂၃ မျိုးဆက်(VOM) ဖေဖော်ဝါရီလအတွင်းက အလက်စကာကနေ အရှေ့ဘက်ကမ်းရိုးတန်းထိ အမေရိကတိုက်ကြီးကို ဖြတ်ကျော်ပျံသန်းခဲ့တဲ့ တရုတ်သူလျှိုဘောလုံးဟာ ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းရယူနိုင်ခဲ့ခြင်းမရှိကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ တရုတ်သူလျှိုဘောလုံးကို အမေရိကန်က ပစ်ချပြီးနောက် အပျက်အစီးတွေကို အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေက အကဲဖြတ်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ တရုတ်သူလျှိုဘောလုံးဟာ အမေရိကန်ကို ဖြတ်ကျော်ပျံသန်းစဉ် ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါက ပြောပါတယ်။ ဘောလုံးမှာတပ်ဆင်ထားတဲ့ ကိရိယာတွေဟာ အမေရိကန်လုပ်ပစ္စည်းများဖြစ်ကြောင်း ဝေါစရိဂျာနယ်ရဲ့ ရေးသားဖော်ပြမှုကို သူကအတည်မပြုပေမယ့် ယခင်က တရုတ်မောင်းသူမဲ့လေယာဉ်တွေမှာ အမေရိကန် စက်ပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမိန့်နဲ့ ပစ်ချခြင်းမပြုမီ တရုတ်သူလျှိုဘောလုံးဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံပေါ်ကိုဖြတ်သန်းပြီး သီတင်းတပတ်ကြာ ပျံသန်းခဲ့ပါတယ်။ Ref: BBC…

Read More

ပို့ကုန်ရငွေ ကြိုပေးရတဲ့စနစ်ကိုပယ်ဖျက်ပြီး ပို့ကုန်တန်ဖိုးရဲ့ ၂၀ ကနေ ၃၅ ရာခိုင်နူန်းကို အာမခံကြေးတင်သွင်းရမယ်

ဇွန် ၃၀ – ၂၀၂၃ GG(VOM) နယ်စပ်ကနေ ပို့ကုန်တင်ပို့ခြင်းအတွက် ပိုကုန်ရငွေကြိုတင်ပေးသွင်းရမယ်ဆိုတဲ့စနစ်ကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။ ဒါကြောင့် ပို့ကုန်ရငွေကြိုသွင်းစရာမလိုဘဲ ပစ္စည်းတင်ပို့နိုင်ပေမယ့် အဲ့ဒီစနစ်အစား သက်တမ်း ၃ နှစ်နဲ့ အထက်ရှိတဲ့ ကုမ္ပဏီက ပို့ကုန်လိုင်စင်လျှောက်ထားမယ့် ပို့ကုန်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း၊ သက်တမ်း ၃ နှစ်အောက် ကုမ္ပဏီက ၃၀ ရာခိုင်နူန်းကို အာမခံကြေး (Deposit)အဖြစ် ကုန်သွယ်ရေးဦးစီးဌာနကို ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ “ပို့ကုန်သက်တမ်း ၃ နှစ်ကို သိပ်မယုံဘူး။၃နှစ်အထက်ကျ သက်တမ်းလည်းကြာပြီ မှန်ကယ်တယ်ဆိုပြီး ယုံတယ်ပေါ့ ၊အဝေးမှာဒေါ်လာတွေ ပတ်ဝယ်ပြီးထည့်ရတဲ့ဒုက္ခတွေကင်းဝေးသွားတာပေါ့။ဒါပေမယ့် ၂၀ %သွင်းရတော့ ငွေရင်းတစ်ရင်းထပ်ကုန်တော့ သိပ်အထူးခြားကြီးတော့မဟုတ်ပါဘူး။ဒါပေမယ့်အရင်ကထက်တော့လုပ်ရကိုင်ရတာ နည်းနည်းချောင်သွားတယ်လို့တော့ပြောလို့ရတာပေါ့။”လို့ နယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ပို့ကုန်အတွက် အာမခံကြေးပေးသွင်းမှုကို အမေရိကန်ဒေါ်လာ၊ ယွမ်၊ ဘတ်…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာတွေ လာဘ်ထိုးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဦးမောင်ဝိတ် ပြန်လည် လွတ်မြောက်လာ

ဇွန် ၃၀ – ၂၀၂၃ SN (VOM) ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ လာဘ်ထိုးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဟာ အဂတိမှုနဲ့ (၂)နှစ်ခွဲကြာထိန်းသိမ်းခံထားရာကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့ ဇွန် ၂၉ ရက်မှာ နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ ဦးမောင်ဝိတ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် “ကံဇာတ်ဆရာရေ ကျွန်တော်အိမ်ပြန်ရောက်လို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အမေလည်းဝမ်းသာပါတယ်”လို့ အစချီ ရေးသားထားပြီး ဓါတ်ပုံနဲ့တကွ အသိပေးလာခဲ့တာ ဖြစ်ပါတယ်။ “ယောင်္ကျားတစ်ယောက်ရဲ့ ဒုတိယ အားအကောင်းဆုံးအချိန်ဖြစ်တဲ့ အသက် ၄၀ နဲ့ ၅၀ ကြား ၁၀ နှစ်တာမှာ ၂နှစ်ခွဲ ( ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှသည် ၂၀၂၃ ခုနှစ်၊ ဇွန် ၂၉ ရက်အထိ)…

Read More

ရတနာပုံခေတ်ရဲ့ စက်မှုနိုင်ငံတော်

ဆူးငှက်   မန္တလေးရတနာပုံနေပြည်တော်ကို ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ မင်းတုံးမင်းကြီး တည်ထောင်တယ်တယ်ဆိုငြား တကယ်တမ်း ညီတော် ကနောင်မင်းသားရဲ့အကြံအစည်နှင့် လုံ့လတွေက အများကြီး ပါဝင်ခဲ့တယ်ဆိုတာ မငြင်းသာပါဘူး။   ရတနာပုံနေပြည်တော် မတည်ထောင်မီ နောင်တော်ပုဂံမင်းရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုအောက်က ရုန်းထွက်ပုန်ကန်ခဲ့မှုမှာလည်း ကနောင်မင်းသားရဲ့ လက်ရုံးရည်၊ နှလုံးရည် ပါဝင်ခဲ့တယ်ဆိုတာကလည်း အသေအချာပါ။ ရတနာပုံနေပြည်တော် တည်ထောင်ပြီးတဲ့နောက် “သီရိပဝရ မဟာသုဓမ္မရာဇဘွဲ့ခံ” ရတနာပူရအိမ်ရှေ့စံကနောင်မင်းသားကြီးအနေနှင့် တိုးတက်ခေတ်မီတဲ့နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို အထူးအလေးပေးဆောင်ရွက်လာတယ်။ဒီလိုအမြော်အမြင်ရှိစေတာကလည်း မြန်မာပြည်အောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက လက်နက်အားကိုးနှင့် သိမ်းပိုက်ထားတာသရက်မထဲအထိရောက်နေပြီမဟုတ်ပါလား။ အချိန်မရွေးအမြောက်တင် စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနိုင်တယ်ဆိုတာကိုလည်း မြေကြီးလက်ခတ်မလွဲ တွက်ဆထားပြီးသားပါ။ ဒါကြောင့် နောင်တော် မင်းတုံးမင်းကြီးကလည်းတိုင်းရေးပြည်ရေး၊ သံရေးတမန်ရေးအပြင် ဘာသာသာသနာထွန်းလင်းတောက်ပရေးအတွက်ထိဆောင်ရွက်နေသလို ညီတော်ကနောင်မင်းသားကလည်း ခေတ်မီတပ်မတော် တည်ဆောက်ရေးနှင့် စက်မှုနိုင်ငံထူထောင်ရေးကို အားစိုက်နေပါတယ်။ ဒါကြောင့်လည်းနိုင်ငံခြားတိုင်းကြီးပြည်ကြီးများမှာထွန်းကားနေပြီဖြစ်တဲ့ စက်မှုလက်မှု…

Read More

စစ်တွေဆိပ်ကမ်းမှာ မနေ့က ရေနစ်မြုပ်ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၃ ယောက်ကို ပြန်ရှာလို့မတွေသေး

ဇွန် ၂၉ – ၂၀၂၃ GG(VOM) ရန်ကုန်ကနေ စစ်တွေကို ပစ္စည်းလာပို့တဲ့ သင်္ဘောပေါ်က သင်္ဘောသား ၃ ယောက် ရေနစ်မြုပ်ပြီး ပျောက်ဆုံးနေလို့ ရှာဖွေနေပေမယ့် အခုချိန်ထိရှာဖွေမတွေ့ရှိသေးဘူးလို့ သိရပါတယ်။ ​မနေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီလောက်မှာ အဆိုပါ သင်္ဘောသား ၃ ယောက်ဟာ သင်္ဘောပေါ်ကနေ စစ်တွေမြို့ကို စျေးဝယ်သွားပြီး လှေနဲ့ပြန်လာချိန် ချောင်နွယ်မင်းဂံဆိပ်ကမ်းမှာ ရေနစ်မြုပ်ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ညနေ စစ်တွေက စျေးဝယ်ပြန်လာချိန် သူတို့ Fiber လှေကရေဝင်ပြီး နစ်သွားတာ၊ အဲ့ဒီမှာ ရေစီးနဲ့မျောပြီး နစ်ပြီး ပျောက်သွားတာ အခုထိ ရှာမတွေ့သေးဘူး ။ မနက်ကတည်းကရှာနေတာ ၊ အခုလည်းရှာနေတာ တစ်ယောက်မှမတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား…

Read More

ပြင်သစ်နိုင်ငံတ၀န်း အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် လူ ၁၅၀ ကျော် အဖမ်းခံရ

ပါရီ၊ ဇွန်-၂၉-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ယာဉ်မောင်းတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် အာဏာပိုင်တွေက လူ ၁၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ နာဟယ်လ်အမ်လို့အမည်ရတဲ့ အဲဒီဆယ်ကျော်သက်လူငယ်ဟာ သူ့ရဲ့ယာဉ်ကိုရပ်တန့်ဖို့ ရဲတပ်ဖွဲ့က တားဆီးစရာ ရပ်တန့်မပေးသတာကြောင့် ရဲတပ်ဖွဲ့က အနီးကပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ကားတွေကို မီးရှို့ခြင်း၊ စျေးဆိုင်တွေကို ဖျက်ဆီးခြင်းစတာတွေကို ပြုလုပ်နေတဲ့ ရုပ်သတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး လိုင်လီရှိ မြို့တော်ခန်းကို ၀င်ရောက်စီးနှင်းကာ စာရွက်စာတမ်းတွေနဲ့ ထိုင်ခုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီပစ်ခတ်မှုဟာ ခွင့်လွှတ်နိုင်ဖွယ်မရှိကြောင်း ပြင်သစ်သမ္မတမက်ခရိုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပြီး ပါ၀င်တဲ့ရဲတပ်ဖွဲ့၀င်တွေကို အမြန်ဆုံးအရေးယူမယ်လို့ ဆိုပါတယ်။ နာဟယ်လ်ဟာ ပြင်သစ်-အယ်လ်ဂျီးရီးယားမိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ပြင်သစ်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ယာဉ်ထိန်းရဲတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအများစုဟာ လူမည်း သို့မဟုတ်…

Read More
VOM News

FREE
VIEW