ဖရူဆိုဘက်က စစ်ရှောင်အားလုံးနီးပါး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေ

ဇွန်၊၃၀-၂၀၂၃
MM(VOM)

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ကဒေသခံ စစ်ရှောင်တွေအားလုံးနီးပါး ရာသီတုပ်ကွေးဖြစ်ကာ ဖျားနာနေပြီး ဆေးဝါးတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။

”အဲ့ဒီစစ်ရှောင်တွေက အခုဇွန်လအတွင်း တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေတိုက်ပွဲဖြစ်လို့ ရှောင်နေရတာ၊တောထဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ယာယီတဲထိုးနေထိုင်နေရတာ၊စစ်ရှောင်အကုန်အယောက် ၆၀၀ နီးပါးလောက်အထိ ရှိတယ်၊ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတယ်၊ အခု စစ်ရှောင်တွေက ရာသီတုပ်ကွေးဖြစ်ပြီး အကုန်ဖျားကုန်တာ ၊ဖျားနာနေတဲ့စစ်ရှောင်တွေ ဆေးကုသဖို့အတွက် ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်၊ အကူအညီ မရရင်မလွယ်ဘူး။”လို့ စစ်ရှောင်တွေကို ကူညီပေးတဲ့အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးပညာရှင်တစ်ဦးက။”အခု စစ်ရှောင်တွေက အဓိက ခြင်ကိုက်လို့ ဖျားနာကြတာ၊ အခုက အမိုးအကာ‌တွေလည်း လိုအပ်နေတယ်၊ ခြင်လိမ်းဆေးနဲ့ခြင်ဖြန်းဆေး၊ အခြားဆေးဝါးနဲ့ စားနပ်ရိက္ခာ‌တွေလိုအပ်နေတယ်၊ဒီအတိုင်းဆို အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာမယ်၊ အရင်က စစ်ရှောင်တွေဆို ကူညီမယ့်သူ အများကြီးရှိတယ် ၊ အခုစစ်ရှောင်တွေကို ကူညီမယ့်သူက မရှိသလောက်ဖြစ်နေတယ် ၊ စီးပွားရေး ကျဆင်းလာတော့ လှူဒါန်းနိုင်တဲ့သူ ရှားလာပြီ။”လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင် အယောက်ရေ ၆၀၀ ကျော်ဟာ ဒိုရော့ ကျေးရွာ၊ လုခူပရာကျေးရွာ ၊ရာအေပရာကျေးရွာကအများဆုံးဖြစ်ပြီး အဲ့ဒီ စစ်ရှောင်တွေက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမယ့် အန္တရာယ်နဲ့လည်းကြုံနေရတယ်လို့ သိရပါတယ်။

အခု ဇွန်လ ၂၂ရက်ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် ဒိုရော့ကျေးရွာက အမျိုးသား(၁)ယောက်သေဆုံးခဲ့ပြီး ကလေးငယ်(၂) ယောက်နဲ့အမျိုးသမီး(၂)ယောက် ထိခိုက်ဒဏ်ရာတွေရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဖရူဆို #စစ်ဘေးရှောင် #ဆေးဝါးအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW