တရုတ်သူလျှို ဘောလုံးထောက်လှမ်းရေးအချက်အလက်တွေ မစုဆောင်းနိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်

၀ါရှင်တန်၊ ဇွန်-၃၀-၂၀၂၃
မျိုးဆက်(VOM)

ဖေဖော်ဝါရီလအတွင်းက အလက်စကာကနေ အရှေ့ဘက်ကမ်းရိုးတန်းထိ အမေရိကတိုက်ကြီးကို ဖြတ်ကျော်ပျံသန်းခဲ့တဲ့ တရုတ်သူလျှိုဘောလုံးဟာ ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းရယူနိုင်ခဲ့ခြင်းမရှိကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

တရုတ်သူလျှိုဘောလုံးကို အမေရိကန်က ပစ်ချပြီးနောက် အပျက်အစီးတွေကို အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေက အကဲဖြတ်လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

တရုတ်သူလျှိုဘောလုံးဟာ အမေရိကန်ကို ဖြတ်ကျော်ပျံသန်းစဉ် ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါက ပြောပါတယ်။

ဘောလုံးမှာတပ်ဆင်ထားတဲ့ ကိရိယာတွေဟာ အမေရိကန်လုပ်ပစ္စည်းများဖြစ်ကြောင်း ဝေါစရိဂျာနယ်ရဲ့ ရေးသားဖော်ပြမှုကို သူကအတည်မပြုပေမယ့် ယခင်က တရုတ်မောင်းသူမဲ့လေယာဉ်တွေမှာ အမေရိကန် စက်ပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမိန့်နဲ့ ပစ်ချခြင်းမပြုမီ တရုတ်သူလျှိုဘောလုံးဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံပေါ်ကိုဖြတ်သန်းပြီး သီတင်းတပတ်ကြာ ပျံသန်းခဲ့ပါတယ်။

Ref: BBC
Photo:US Navy
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW