စစ်တွေဆိပ်ကမ်းမှာ မနေ့က ရေနစ်မြုပ်ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၃ ယောက်ကို ပြန်ရှာလို့မတွေသေး

ဇွန် ၂၉ – ၂၀၂၃
GG(VOM)

ရန်ကုန်ကနေ စစ်တွေကို ပစ္စည်းလာပို့တဲ့ သင်္ဘောပေါ်က သင်္ဘောသား ၃ ယောက် ရေနစ်မြုပ်ပြီး ပျောက်ဆုံးနေလို့ ရှာဖွေနေပေမယ့် အခုချိန်ထိရှာဖွေမတွေ့ရှိသေးဘူးလို့ သိရပါတယ်။

​မနေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီလောက်မှာ အဆိုပါ သင်္ဘောသား ၃ ယောက်ဟာ သင်္ဘောပေါ်ကနေ စစ်တွေမြို့ကို စျေးဝယ်သွားပြီး လှေနဲ့ပြန်လာချိန် ချောင်နွယ်မင်းဂံဆိပ်ကမ်းမှာ ရေနစ်မြုပ်ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ညနေ စစ်တွေက စျေးဝယ်ပြန်လာချိန် သူတို့ Fiber လှေကရေဝင်ပြီး နစ်သွားတာ၊ အဲ့ဒီမှာ ရေစီးနဲ့မျောပြီး နစ်ပြီး ပျောက်သွားတာ အခုထိ ရှာမတွေ့သေးဘူး ။ မနက်ကတည်းကရှာနေတာ ၊ အခုလည်းရှာနေတာ တစ်ယောက်မှမတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ယောက်မှာ အသက် ၂၉နှစ် ၊အသက် ၃ဝ နှစ် နဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသားတို့​ဖြစ်ပြီး ရန်ကုန်၊ဒလမြို့က ဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူ ၃ ယောက်ကို လက်ရှိအချိန်ထိ ရှာဖွေရေးလုပ်ငန်းဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ပြီး သင်္ဘောကလည်း ကျောက်ချကာ စောင့်နေရတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #သင်္ဘောသားသုံးယောက် #ရေနစ်မြုပ်ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW