စစ်တွေဆိပ်ကမ်းမှာ မနေ့က ရေနစ်မြုပ်ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၃ ယောက်ကို ပြန်ရှာလို့မတွေသေး

ဇွန် ၂၉ – ၂၀၂၃ GG(VOM) ရန်ကုန်ကနေ စစ်တွေကို ပစ္စည်းလာပို့တဲ့ သင်္ဘောပေါ်က သင်္ဘောသား ၃ ယောက် ရေနစ်မြုပ်ပြီး ပျောက်ဆုံးနေလို့ ရှာဖွေနေပေမယ့် အခုချိန်ထိရှာဖွေမတွေ့ရှိသေးဘူးလို့ သိရပါတယ်။ ​မနေ့ ဇွန် ၂၈ ရက် ညနေ ၅ နာရီလောက်မှာ အဆိုပါ သင်္ဘောသား ၃ ယောက်ဟာ သင်္ဘောပေါ်ကနေ စစ်တွေမြို့ကို စျေးဝယ်သွားပြီး လှေနဲ့ပြန်လာချိန် ချောင်နွယ်မင်းဂံဆိပ်ကမ်းမှာ ရေနစ်မြုပ်ပျောက်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့က ညနေ စစ်တွေက စျေးဝယ်ပြန်လာချိန် သူတို့ Fiber လှေကရေဝင်ပြီး နစ်သွားတာ၊ အဲ့ဒီမှာ ရေစီးနဲ့မျောပြီး နစ်ပြီး ပျောက်သွားတာ အခုထိ ရှာမတွေ့သေးဘူး ။ မနက်ကတည်းကရှာနေတာ ၊ အခုလည်းရှာနေတာ တစ်ယောက်မှမတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသား…

Read More

ပြင်သစ်နိုင်ငံတ၀န်း အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် လူ ၁၅၀ ကျော် အဖမ်းခံရ

ပါရီ၊ ဇွန်-၂၉-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ယာဉ်မောင်းတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် အာဏာပိုင်တွေက လူ ၁၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ နာဟယ်လ်အမ်လို့အမည်ရတဲ့ အဲဒီဆယ်ကျော်သက်လူငယ်ဟာ သူ့ရဲ့ယာဉ်ကိုရပ်တန့်ဖို့ ရဲတပ်ဖွဲ့က တားဆီးစရာ ရပ်တန့်မပေးသတာကြောင့် ရဲတပ်ဖွဲ့က အနီးကပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ကားတွေကို မီးရှို့ခြင်း၊ စျေးဆိုင်တွေကို ဖျက်ဆီးခြင်းစတာတွေကို ပြုလုပ်နေတဲ့ ရုပ်သတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး လိုင်လီရှိ မြို့တော်ခန်းကို ၀င်ရောက်စီးနှင်းကာ စာရွက်စာတမ်းတွေနဲ့ ထိုင်ခုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီပစ်ခတ်မှုဟာ ခွင့်လွှတ်နိုင်ဖွယ်မရှိကြောင်း ပြင်သစ်သမ္မတမက်ခရိုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပြီး ပါ၀င်တဲ့ရဲတပ်ဖွဲ့၀င်တွေကို အမြန်ဆုံးအရေးယူမယ်လို့ ဆိုပါတယ်။ နာဟယ်လ်ဟာ ပြင်သစ်-အယ်လ်ဂျီးရီးယားမိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ပြင်သစ်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ယာဉ်ထိန်းရဲတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအများစုဟာ လူမည်း သို့မဟုတ်…

Read More

ခေါ်ယူဆွေးနွေးခံနေရတဲ့ ရွှေလုပ်ငန်းရှင်တချို့ကို ဒီနေ့အထိ ပြန်မလွှတ်‌သေးဘူးလို့ သိရ

ဇွန် ၂၉ – ၂၀၂၃ SN (VOM) ပြည်တွင်းရွှေစျေး အတက်ကြမ်းနေတာနဲ့ပတ်သက်လို့ ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်၊ မနက်ပိုင်းကတည်းက ခေါ်ယူဆွေးနွေးနေတာမှာ ရွှေလုပ်ငန်းရှင်တချို့ကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်တိုင်းက ရွှေလုပ်ငန်းရှင် အယောက် (၂၀) ဝန်းကျင်နဲ့ မန္တလေးတိုင်းက ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင် (၁၂)ယောက်ကို သက်ဆိုင်ရာက ဇွန် ၁၅ ရက်၊ မနက် ၁၁ နာရီဝန်းကျင်ကတည်းက ခေါ်ယူဆွေးနွေးနေတာဖြစ်ပြီး လက်ရှိ အချိန်နှစ်ပတ်တာ ကြာမြင့်တဲ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။ “အခုထိတော့ မလွှတ်သေးဘူး။ ဒီလိုပဲ ခေါ်ယူစစ်ဆေးနေဆဲပဲ။ ယတိပြတ်တော့ သက်ဆိုင်ရာဘက်က ဘာမှ မပြောသေးဘူး။ လွှတ်မလား၊ ဖမ်းလိုက်မလားဆိုတာကိုလည်း မသိရသေးဘူး။ အဲ့ဒါကိုတော့ စောင့်ကြည့်နေကြတာပေါ့” လို့…

Read More

ကျုံအိတ်တံတားပျက်စီးမှုကို လာကြည့်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံးကာ ၊၂၀ ကျော် ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၃ GG + KK (VOM) မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ် ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရတာကို လာစစ်​ဆေးတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ ထပ်မံ ပစ်ခတ်ခံရပြီး ဦးစီးမှူးအပါအဝင် ၂ ယောက်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဒီနေ့ ဇွန် ၂၉ ရက် မနက် ၄ နာရီကျော်လောက်မှာ ကျုံအိတ်တံတား မိုင်းခွဲခံရပြီး တံတားက ပျက်စီးသွားခဲ့တာဖြစ်ကြောင်း၊အဲ့ဒီနောက် မနက် ၇ နာရီကျော်လောက်မှာ တံတားပျက်စီးမှုကို လာကြည့်တဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပါ ထပ်မံတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “လမ်းဦးစီးမှူးနဲ့နောက်ထပ်တစ်ယောက် သေတယ်၊ စစ်သားတွေရော ရဲတွေရော မီးသတ်တွေရော ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ရာထူးကြီးတဲ့သူတွေပါတယ်”လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက VOM ကိုပြောပါတယ်။ ဒဏ်ရာရသူကတော့…

Read More

တိုက်တန်းနစ်လေ့လာရေး ရေငုပ်သင်္ဘော အပျက်အစီးတွေထဲက အလောင်းအပိုင်းအစတွေ တွေ့ရှိ

၀ါရှင်တန်၊ ဇွန်-၂၉-၂၀၂၃ မျိုးဆက်(VOM) မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ တိုက်တန်းနစ်သင်္ဘောပျက်ကိုလေ့လာရင်း ပေါက်ကွဲပျက်စီးသွားတဲ့ တိုက်တန်ရေငုပ်သင်္ဘော အပျက်အစီးတွေထဲက လိုက်ပါသွားသူတွေရဲ့ အလောင်းအပိုင်းအစလို့ ယူဆရတာတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ တိုက်တန်းနစ်သင်္ဘောပျက်ကို လေ့လာဖို့ ဇွန် ၁၈ ရက်က သမုဒ္ဒရာအောက်ကို သွားရောက်ရာကနေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သင်္ဘောပေါက်ကွဲမှုကြောင်း လိုက်ပါသူငါးဦးစလုံး သေဆုံးခဲ့ပါတယ်။ တွေ့ရှိထားတဲ့ ရုပ်ကြွင်းအပိုင်းအစလို့ယူဆရတာတွေကို အမေရိကန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ သင်္ဘောရဲ့အပျက်အစီးအပိုင်းအစတွေကို တွေ့ရှိပြီးနောက် ကနေဒါနိုင်ငံ နယူးဖောင်လန်ကျွန်းရှိ ဆိပ်ကမ်းတခုဆီကို ဆယ်ယူခဲ့ပြီး ရေငုပ်သင်္ဘောရဲ့ ဘောင်နဲ့ နောက်ဖုံးတခုကို တွေ့ရှိထားတာဖြစ်ပါတယ်။ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အပျက်အစီးတွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရှိ စုံစမ်းစစ်ဆေးရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးကျလို့ ၁ ယောက်သေ ၊၃ ယောက်ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၃ GG (VOM) ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊အမှတ်(၂) ရပ်ကွက်၊ ဘိုကုန်းရပ်၊ ဗိုလ်ချုပ်လမ်းနေရာမှာ မနေ့ ဇွန် ၂၈ ရက်ညနေပိုင်းက လက်နက်ကြီးကျလို့ ၁ ယောက်သေဆုံးပြီး ၃ ယောက်အထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးသူက ကော့ကရိတ်မြို့၊ အမှတ် ၃ ရပ်ကွက် နေထိုင်သူ ဦးစိုးမြင့်စိုးဆိုသူဖြစ်ပြီ လက်မောင်း ၊ ဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့နေရာမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒဏ်ရာရရှိသူတွေကလည်း အမှတ် ၃ နဲ့ အမှတ် ၂ ရပ်ကွက်က မောင်နေဝင်း ၊ဒေါ်ခင်အေး နဲ့ ဒေါ်ကြူကြူဝင်းတို့ဖြစ်ပြီး အဲ့ဒီအထဲမှာ ဒေါ်ကြူကြူဝင်း က ဗိုက်နဲ့ ဆီးခုံမှာ ထိခိုက်ခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ” မနေ့ ၅ နာရီလောက်မှာ လက်နက်ကြီးကျတာ ၃ချက်​လောက်ကြားလိုက်ရတယ် ၊ ခလရ(၉၇)တပ်ရင်း နားကရပ်ကွက်ကိုကျတာ၊ ဂိတ်နဲ့နီးတယ်၊ ကျတော့ အဲ့ဒီနားမှာ…

Read More
VOM News

FREE
VIEW