တိုက်တန်းနစ်လေ့လာရေး ရေငုပ်သင်္ဘော အပျက်အစီးတွေထဲက အလောင်းအပိုင်းအစတွေ တွေ့ရှိ

၀ါရှင်တန်၊ ဇွန်-၂၉-၂၀၂၃
မျိုးဆက်(VOM)

မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ တိုက်တန်းနစ်သင်္ဘောပျက်ကိုလေ့လာရင်း ပေါက်ကွဲပျက်စီးသွားတဲ့ တိုက်တန်ရေငုပ်သင်္ဘော အပျက်အစီးတွေထဲက လိုက်ပါသွားသူတွေရဲ့ အလောင်းအပိုင်းအစလို့ ယူဆရတာတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

အဲဒီရေငုပ်သင်္ဘောဟာ တိုက်တန်းနစ်သင်္ဘောပျက်ကို လေ့လာဖို့ ဇွန် ၁၈ ရက်က သမုဒ္ဒရာအောက်ကို သွားရောက်ရာကနေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သင်္ဘောပေါက်ကွဲမှုကြောင်း လိုက်ပါသူငါးဦးစလုံး သေဆုံးခဲ့ပါတယ်။

တွေ့ရှိထားတဲ့ ရုပ်ကြွင်းအပိုင်းအစလို့ယူဆရတာတွေကို အမေရိကန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ သင်္ဘောရဲ့အပျက်အစီးအပိုင်းအစတွေကို တွေ့ရှိပြီးနောက် ကနေဒါနိုင်ငံ နယူးဖောင်လန်ကျွန်းရှိ ဆိပ်ကမ်းတခုဆီကို ဆယ်ယူခဲ့ပြီး ရေငုပ်သင်္ဘောရဲ့ ဘောင်နဲ့ နောက်ဖုံးတခုကို တွေ့ရှိထားတာဖြစ်ပါတယ်။

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အပျက်အစီးတွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရှိ စုံစမ်းစစ်ဆေးရေးသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW