ပြင်သစ်နိုင်ငံတ၀န်း အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် လူ ၁၅၀ ကျော် အဖမ်းခံရ

ပါရီ၊ ဇွန်-၂၉-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ယာဉ်မောင်းတဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် အာဏာပိုင်တွေက လူ ၁၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

နာဟယ်လ်အမ်လို့အမည်ရတဲ့ အဲဒီဆယ်ကျော်သက်လူငယ်ဟာ သူ့ရဲ့ယာဉ်ကိုရပ်တန့်ဖို့ ရဲတပ်ဖွဲ့က တားဆီးစရာ ရပ်တန့်မပေးသတာကြောင့် ရဲတပ်ဖွဲ့က အနီးကပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ကားတွေကို မီးရှို့ခြင်း၊ စျေးဆိုင်တွေကို ဖျက်ဆီးခြင်းစတာတွေကို ပြုလုပ်နေတဲ့ ရုပ်သတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး လိုင်လီရှိ မြို့တော်ခန်းကို ၀င်ရောက်စီးနှင်းကာ စာရွက်စာတမ်းတွေနဲ့ ထိုင်ခုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီပစ်ခတ်မှုဟာ ခွင့်လွှတ်နိုင်ဖွယ်မရှိကြောင်း ပြင်သစ်သမ္မတမက်ခရိုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပြီး ပါ၀င်တဲ့ရဲတပ်ဖွဲ့၀င်တွေကို အမြန်ဆုံးအရေးယူမယ်လို့ ဆိုပါတယ်။

နာဟယ်လ်ဟာ ပြင်သစ်-အယ်လ်ဂျီးရီးယားမိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး ပြင်သစ်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ယာဉ်ထိန်းရဲတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအများစုဟာ လူမည်း သို့မဟုတ် အာရပ်တွေဖြစ်ကြောင်း စစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Reuters/AP
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW