ဗာဂျင်ဂလက်တစ်ကုမ္ပဏီရဲ့ ပထမဆုံးအာကာသခရီးသွားပို့ဆောင်မှု အောင်မြင်

၀ါရှင်တန်၊ ဇွန်-၃၀-၂၀၂၃
မျိုးဆက်(VOM)

အာကာသနည်းပညာကုမ္ပဏီ ဗာဂျင်ဂလက်တစ်ဟာ သူ့ရဲ့ပထမဆုံးသော အာကာသခရီးပို့ဆောင်မှုကို ဇွန် ၂၉ ရက်မှာ အောင်မြင်စွာပို့ဆောင်နိုင်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ပထမဆုံးအာကာသခရီးစဉ်မှာ အီတလီလေတပ် အရာရှိနှစ်ဦး၊ အင်ဂျင်နီယာတဦးနဲ့ အခြားသုံးဦးတို့ကို သယ်ဆောင်ပျံသန်းခဲ့တာဖြစ်ပါတယ်။

၇၂ မိနစ်ကြာမြင့်တဲ့ အဲဒီခရီးစဉ်ကို ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှာ နယူးမက္ကဆီကိုရှိ အာကာသလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ပြီး ခရီးသည်တွေကို အာကာသအစွန်းထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဗာဂျင်ဂလက်တစ်ကုမ္ပဏီ တည်ထောင်သူ ရစ်ချက်ဘရန်ဆန်ဟာ လွန်ခဲ့တဲ့(၂)နှစ်က အာကာသထဲကို အလားတူပျံသန်းမှုလုပ်ဆောင်ခဲ့ဖူးပါတယ်။

သူ့ရဲ့ဗာဂျင်ကလက်တစ်ကုမ္ပဏီဟာ သြဂုတ်လကနေ လစဉ်လတိုင်း စီးပွားဖြစ်အာကာသခရီးစဉ်တွေ ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

အမေရိကန်အခြေစိုက် အီလွန်မာ့ခ်ရဲ့စပေ့အိတ်စ်ကုမ္ပဏီဟာလည်း လကမ္ဘာ၀န်းကျင်ကို အာကာသခရီးသွားတွေ ပို့ဆောင်ပေးဖို့ စီစဉ်နေပြီး အခြားသော အာကာသနည်းပညာကုမ္ပဏီတွေကလည်း အာကာသခရီးသွားတွေ ပို့ဆောင်ပေးဖို့ အပြိုင်ဆိုင် ကြိုးစားနေကြပါတယ်။

Ref:NHK
Photo:Vergin Galactic
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW