ဇွန် ၂၅ – ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှာနေတဲ့ မိသားစုဝင် ၃ ဦးရဲ့အလောင်းတွေကို မနေ့ ဇွန် ၂၄ ရက်က ညောင်လှ မူးဘောင်ပေါ်မှာတွေ့ရတယ်လို့ ရေဦးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က ဖမ်းဆီးသတ်ဖြတ်ခံရတာပါ ၊ သူတို့ မိသားစုဝင် ၃ လောင်းတွေ့ရတယ်”လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က “မုတ်စီကျေးရွာမှာနေထိုင်တဲ့ မိသားစု ၃ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်၊ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူတွေက ဦးကံကောင်း ၊ သူ့ရဲ့သမီးဖြစ်သူ မပြား(ခေါ်) မသန်းနွယ် ၊ သူ့ယောကျ်ား ကိုဝင်းဘို တို့ ၃ ဦးဖြစ်တယ်၊ ကနဦး သိရတာက အဖွဲ့နဲ့ လူအမည် စုံစမ်းနေဆဲ အုပ်စုက ငရုတ်တုံရွာကနေ ပေါက်မဲနဲ့ ထန်းတောရွာမြောက်ပိုင်းဖြတ်ကာ မုတ်စီရွာထဲကို ဝင်လာပြီး ဖမ်းဆီးသွားတာလို့ သိရတယ် ၊ နောက်ပြီး အဖမ်းခံရတဲ့ သားအဖ ၃ ယောက်ကို ညောင်လှ မူးဘောင်ပေါ်မှာ လှည်လှီး သတ်ထားခဲ့တာဖြစ်တယ် ၊ သေဆုံးသူတွေက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေ “လို့ ပြောပါတယ်။
ဒါ့အပြင် ရေဦးနယ်ထဲက မူးဘောင်တွေပေါ်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လူသတ်မှုဖြစ်စဥ်ပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတသမားတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
#voiceofmyanmar #VOM #ရေဦး