ထိုင်း၀န်ကြီးချုပ်ဖြစ်လာဖို့ ပါလီမန်မှာ ထောက်ခံမှုလုံလုံလောက်လောက်ရှိကြောင်း ပီတာအခိုင်အမာပြော

ဘန်ကောက်၊ဇွန်-၂၇-၂၀၂၃
မျိုးဆက်(VOM)

ထိုင်း၀န်ကြီးချုပ်ဖြစ်လာဖို့အတွက် အထက်လွှတ်တော်မှာ ထောက်ခံမှု လုံလုံလောက်လာက်ရှိကြောင်း ထိုင်း၀န်ကြီးချုပ်လောင်းဖြစ်လာဖို့ ဦးဆောင်ရေပန်းစားနေတဲ့ ပီတာလင်ဂျာရိုနက်က ဇွန် ၂၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထိုင်းပါလီမန်သစ်ရဲ့ပထမဆုံး အစည်းအဝေးမစတင်မီ ရက်ပိုင်းအလိုမှာ ရှေ့သို့ချီပါတီအကြီးအကဲ ပီတာက ၀န်ကြီးချုပ်ဖြစ်လာနိုင်ခြေနဲ့ပတ်သက်ပြီး အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ရှေ့သို့ချီပါတီဟာ မေလကကျင်းပတဲ့ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ ပါတီတွေကိုဖြတ်ကျော်ကာ အများစုအနိုင်ရရှိခဲ့ပေမယ့် ပါတီခေါင်းဆောင်ပီတာ ၀န်ကြီးချုပ်ဖြစ်လာရေး မရေရာမှုတွေရှိနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ပါလီမန်မှာ ၃၁၂ နေရာရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပီတာ၀န်ကြီးချုပ်ဖြစ်လာဖို့ဆိုရင် ၂၀၁၄ အာဏာသိမ်းစစ်တပ်က ခန့်ထားတဲ့ အမတ်နေရာ ၂၅၀ ရှိတဲ့ အထက်လွှတ်တော်အပါအ၀င် ပါလီမန်မှာ အနည်းဆုံး ၃၇၆ မဲလိုအပ်မှာဖြစ်ပါတယ်။

ကျွန်တော်၀န်ကြီးချုပ်ဖြစ်လာဖို့ လုံလောက်ပါတယ် လို့ ၀န်ကြီးချုပ်ဖြစ်လာရေးနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ထောက်ခံမှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပီတာက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW