မန္တလေးမြို့၊ နန်းဦးလွင်ကျေးရွာက နေအိမ်အဆောက်အအုံ ရာနဲ့ချီ ဖယ်ရှားဖို့ သက်ဆိုင်ရာက လာရောက် စာကပ်

ဇွန် ၂၇-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ နေအိမ်အဆောက်အဦ ရာနဲ့ချီ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက ဒီကနေ့မနက်ပိုင်းမှာ စာလာကပ်သွားတယ်လို့ နန်းဦးလွင်ဒေသခံတွေဆီက သိရပါတယ်။

” စာရွက်လာကပ်တယ် ဆေးနီနဲ့ အိမ်ရှေ့မှာ ၁/ နံပါတ် ဘယ်လောက်ဆိုပြီး ရေးသွားတယ်၊ နောက်လ ၆ရက်နေ့ နောက်ဆုံးထားဖယ်ရမယ်တဲ့ စာထဲမှာ ရေးထားတယ်၊ နှစ်ချီ နေလာသူတွေ များပါတယ်၊ တချို့ဆို အိမ်ကြီးအိမ်ကောင်းတွေ ဆောက်နေကြတာ၊ ခေတ်ကိုက မပြောတတ်တော့ဘူး”လို့ နန်းဦးလွင်ဒေသခံတစ်ဦးကပြောပါတယ်။

ကပ်ထားတဲ့စာအရ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို လယ်ယာ‌မြေဥပဒေ ပုဒ်မ-၁၉ ခ အရ ဖယ်ရှားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #နန်းဦးလွင် #နေအိမ်ဖယ်ရှားမှု

Related posts

Leave a Comment

VOM News

FREE
VIEW