ဆူးငှက် သတင်းစာဆရာ၊ စာရေးဆရာဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ပြည့်မွေးနေ့(၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရတောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစ ကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာက စာရေးဆရာတွေရောက်လာကြသည်။ အလွန် သာယာအေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ (အမရပူရ)၏မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်းပေအကြောင်း အနုပညာအကြောင်း ပြောဆိုကြရင်းနိုင်းမရသည့် ပီတိတွေဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော်မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက် မှရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး)ကတော့တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့်လမ်းကြုံသော စာရေးဆရာ ရဲသျှမ်းကို စာလေးရေး၍ဖြစ်စေ၊ ဖိတ်စာလေး ကမ်း၍ဖြစ်စေ ဖိတ်ကြားပါသည်။ သို့သော် ကျွန်တော် မရောက်ဖြစ်ပါ။ ဘာရယ်လို့တော့ မဟုတ်။…
Read MoreMonth: June 2023
သံတောင်ကြီးက မြို့နယ်ပညာရေးမှူးရုံး မီးရှို့ခံရ
ဇွန်၊ ၂၁-၂၀၂၃ MM(VOM) ကရင်ပြည်နယ်အစပ်၊ သံတောင်ကြီးမြို့၊ အမှတ်(၂) ရပ်ကွက်၊ အခြေခံပညာ အထက်တန်း ကျောင်းအနီးက မြို့နယ်ပညာရေးမှူးရုံး မီးရှို့ခံရပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ ပညာရေးမှူးနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ ”မနေ့ ဇွန်လ ၂၀ ရက် သံတောင်ကြီးမြို့နယ် ပညာရေးမှူးရုံး မီးရှို့ခံရတာ ၊ ပညာရေးမှူးရုံးကတာ ဝန်ရှိသူတွေနဲ့ ရပ်ကွက်က ပြည်သူတွေဝိုင်းဝန် ငြှိမ်းသတ် ခဲ့ရတာ ၊ ဘယ်အဖွဲ့က ဘယ်သူက ရှို့တာလည်း မသိပါဘူး၊ ရုံးထဲမှာ ရှိတဲ့ ပစ္စည်းတွေပျက်စီးဆုံးရှုံးခဲ့တယ်၊ သက်ဆိုင်ရာက လာစစ်ဆေးသွားတယ်၊ ဘယ်အဖွဲ့ လုပ်တယ်ဆိုတာ ကိုယ်တိုင် မမြင်လို့ အတည်ပြုဖို့တော့ ခက်တယ်၊ တော်တော်လေးလည်း လောင်သွားတယ်။”လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့သူတစ်ဦးကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တာဝန်ရှိ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက”မီးလောင်လို့ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ် အဆောက်အဦတခုလုံး အားလုံးနီးပါး မီးလောင်ခဲ့တယ်၊…
Read Moreဟွန်ဒူးရပ်စ် အမျိုးသမီးအကျဉ်းထောင်မှာ ပြိုင်ဘက်ဂိုဏ်းတွေရန်ပွဲကြောင့် လူ (၄၀) ကျော်သေဆုံး
တေဂူစီဂယ်လ်ပါ ၊ ဇွန်-၂၁-၂၀၂၃ မျိုးဆက်(VOM) ဟွန်ဒူးရပ်စ်ရှိ အမျိုးသမီးအကျဉ်းထောင်တခုမှာ ဇွန် ၂၀ ရက်ကဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အကျဉ်းထောင်အတွင်းရှိ ပြိုင်ဘက်ဂိုဏ်းတွေအကြား ရန်ပွဲဖြစ်ပွားပြီးနောက် ဂိုဏ်းတခုက အချုပ်ခန်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အများစုသေဆုံးခဲ့ပေမယ့် အချို့ကတော့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။ အကျဉ်းထောင်ဆူပူမှုနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို နှိမ်နှင်းသွားမှာဖြစ်ကြောင်း ဟွန်ဒူးရပ်စ်ဒုတိယပြည်ထဲရေး၀န်ကြီး ဂျူလီဆာဗီလန်နူဗာကပြောပါတယ်။ အဓိကရုဏ်းဟာ ဟွန်ဒူးရပ်စ်မြို့တော် တေဂူစီရဂယ်လ်ပါကနေ ကီလိုမီတာ ၂၀ ၀န်းကျင်အကွာရှိ အကျဉ်းသား ၉၀၀ ၀န်းကျင်ရှိတဲ့ အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအားလုံးဟာ အကျဉ်းသားတွေဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။ လက်ရှိမှာတော့ ဒဏ်ရာရရှိတဲ့အကျဉ်းသားတွေကို ဆေးရုံပို့ဆောင်ပို့ထားပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း နိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှာ ဆူပူမှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ Ref: BBC Photo:AFP…
Read MoreMFTB နဲ့ MICB ဘဏ်ကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မယ့် သတင်းကြောင့် ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်းနေတယ်လို့ သိရ
ဇွန် ၂၁ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းက ဒေါ်လာအရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းကုန်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ အခုလို MFTB နဲ့ MICB ဘဏ်တို့ကို ဒဏ်ခတ် အရေးယူမှုကြောင့် အမေရိကန်နဲ့ ဆက်နွယ်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ အဲ့ဒီ့ဘဏ်တွေနဲ့ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း ပြုလုပ်လို့ မရနိုင်တော့ဘူးလို့ သိရပါတယ်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မနေ့ ဇွန် ၂၀ မှာ စတင်မယ်လို့ သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ထုတ်လွှင့်ခဲ့တာကြောင့် မြန်မာ့စီးပွားရေးတစ်ခုလုံး အကြီးအကျယ် ထိခိုက်သက်ရောက်နိုင်ကာ ဒေါ်လာတန်ဖိုး တဟုန်ထိုး မြင့်တက်လာနိုင်ဖွယ်ရှိနေတာကြောင့် ဒေါ်လာအရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။ “အမေရိကန်ရဲ့ ဒီ…
Read Moreတိုက်တန်းနစ်သင်္ဘောပျက် လေ့လာရေးရေငုပ်သေင်္ဘာမှာ အောက်ဆီဂျင် နာရီ(၃၀) စာသာကျန်ရှိ၊ ရေအောက်ကအသံအချို့ ထောက်လှမ်းတွေ့ရှိထား
ဝါရှင်တန်၊ ဇွန်-၂၁-၂၀၂၃ မျိုးဆက်(VOM) တိုက်တန်းနစ်သင်္ဘောပျက်ကို သွားရောက်လေ့လာရင် ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေနေတဲ့ဧရိယာကမှာ ရေအောက်ကနေ ဆူညံသံတွေကို ကနေဒါလေယာဉ်တစီးက ထောက်လှမ်းမိခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ လူငါးဦးလိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောငယ်ဟာ တိုက်တန်းနစ်သင်္ဘောပျက်ကို လေ့လာနိုင်ဖို့ မီတာ ၃၈၀၀ အနက်ကို ဆင်းသက်ခုတ်မောင်းရင်း ဇွန် ၁၈ ရက်မှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘောပေါ်ကလူတွေအတွက် အောက်ဆီဂျင်ဟာ နာရီ ၃၀ စာသာကျန်ရှိတော့ပြီး ဇွန် ၂၂ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်မှာ ကုန်ဆုံးသွားဖွယ်ရှိနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သင်္ဘောပေါ်မှာ ဗြိတိန်-ပါကစ္စတန် စီးပွားရေးလုပ်ငန်းရှင် ရှာဇာဒါဒေဝုဒ်နဲ့ သားဖြစ်သူဆူလီမန်အပြင် ဗြိတိန် စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်းတို့လည်း လိုက်ပါသွားကြတာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဟာ နယူးဖောင်လန်မြို့တော် စိန့်ဂျွန်ရဲ့အရှေ့ဘက် မိုင် ၉၀၀ နဲ့ တောင်ဘက် မိုင် ၄၀၀ အကြားမှာရှိမယ်လို့…
Read Moreလူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ သားဖြစ်သူ အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ကွယ်လွန်
ဇွန် ၂၁-၂၀၂၃ Voice Of Myanmar(VOM) စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့သားဖြစ်သူ အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေးဟာ ဒီကနေ့မနက်ပိုင်းက နှလုံးရောဂါနဲ့ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ ” ဒီကနေ့မနက်က နှလုံးရောဂါနဲ့ ဆုံးသွားတာပါ”လို့ မိသားစုဝင်တစ်ဦးက အတည်ပြုပြောပါတယ်။ ဆရာ ညီပုလေးဟာ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ နေ့မှာ မန္တလေးမြို့ရှိ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်ကာ မွေးချင်းတွေထဲမှာ ပဉ္စမမြောက် ဖြစ်၍ အငယ်ဆုံးသားလည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဆရာညီပုလေးဟာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပါတယ်။ သားသမီးငါးဦးထဲမှာ အငယ်ဆုံးဖြစ်လို့ ကလောင်အမည်မှာ `ညီပုလေး´ဟူသောအမည်ကို သုံးစွဲခဲ့တာလည်းဖြစ်ပါတယ်။ ငယ်စဉ်က မန္တလေးမြို့…
Read Moreထိုင်းရွေးကောက်ပွဲရလဒ် တရား၀င်အတည်ပြုကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ
ဘန်ကောက်၊ ဇွန်-၂၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ လွန်ခဲ့တဲ့လကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေကို တရား၀င်အတည်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပထမအကြိမ်လွှတ်တော်အစည်းအဝေးတွေကို လာမယ့်လအစောပိုင်းမှာ ခေါ်ယူကျင်းပဖွယ်ရှိပေမယ့် အစိုးရသစ် ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကတော့ မသေချာမရေရာသေးပါဘူး။ ထိုင်းအောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက်ရလဒ်များကိုလည်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားပြီး ပီတာလင်ဂျာရိုရက်ဦးဆောင်းတဲ့ ရှေ့သို့ချီပါတီဟာ အမတ်နေရာ ၁၅၁ နေရာနဲ့ အများဆုံးအနိုင်ရရှိထားပါတယ်။ သူ့ကို၀န်ကြီးချုပ်တင်မြှောက်ဖို့ရည်ရွယ်ချက်နဲ့ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် အခြားအတိုက်အခံပါတီခုနှစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားပြီး ဆွေးနွေးမှုတွေလုပ်ဆောင်နေကြပါတယ်။ ညွှန့်ပေါင်းအဖွဲ့ဟာ အောက်လွှတ်တော်မှာနေရာ ၃၀၀ ကျော်ရရှိထားပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲ ၆၀ လောက်လိုအပ်နေပါတယ်။ ပီတာလင်ဂျာရိုရက်ဟာ ဖွဲ့စည်းပုံအခြေခံဥပေဒအရာ တားမြစ်ထားတဲ့ကန့်သတ်ချက်ဖြစ်တဲ့ မီဒီယာကုမ္ပဏီတခုမှာ ရင်းနှီးမြုပ်နှံ့မှုတွေရှိနေတာကြောင့် ကန့်ကွက်မှုအချို့နဲ့ရင်ဆိုင်နေရပြီး ဒါတွေဟာ ဖခင်ဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံရရှိတာဖြစ်ကြောင်း ပီတာကပြောဆိုထားပြီး ညွှန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ Ref: NHK Photo:AP #VOM #voiceofmyanmar #ဘန်ကောက်
Read Moreမယ်စဲ့မှာ စစ်ရှောင် ၅၀၀၀ နီးပါး စားနပ်ရိက္ခာနဲ့ခြုံစောင်တွေ အရေးပေါ်လိုအပ်နေ
ဇွန်၊ ၂၁-၂၀၂၂ MM(VOM) ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင် ၅၀၀၀ နီးပါးမှာ စားနပ်ရိက္ခာတွေနဲ့ မိုးကာလဖြစ်တာကြောင့် ခြုံစောင်တွေပါ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီ မယ်စဲ့မြို့နယ်က စစ်ရှောင် ဒေသခံ ၅၀၀၀ နီးပါဟာ အခု ဇွန်လအတွင်းစတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး တောထဲကိုထွက်ပြေး တိမ်းရှောင်လာတဲ့သူတွေဖြစ်ပြီး စစ်ရှောင် ကလေးငယ် ဦးရေ ထောင်နဲ့ချီပါတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ ”ဒီဘက်မှာက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရတာ၊ အခုသူတို့တွေ ဒုက္ခတော်တော်ရောက်နေတယ်၊ ဇွန်လ ပထမအပတ်လောက်က တချို့အလှူရှင်တွေလှူထားတဲ့ အမိုးအကာလေးတွေနဲ့ တောထဲမှာ အဆင်ပြေသလို နေထိုင်နေရတာ၊အခုက စားဖို့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်ခြုံစောင်တွေလိုအပ်နေတာ၊ တစ်ခုရှိတာက စစ်ရှောင်ဦးရေကများတော့ ဘယ်ကိုလှူလှူ လိုအပ်ချက်ကရှိနေတာလေ။”လို့ စစ်ရှောင်တွေကူညီရေးအဖွဲ့က ဒေသတာဝန်ခံတစ်ဦး…
Read Moreအခေါက်ရွှေတစ်ကျပ်သား ၃၀၄၀၀၀၀ ကျပ်နဲ့ ထပ်မံဈေးလျှော့ရောင်းချ
ဇွန် ၂၀ – ၂၀၂၃ SN (VOM) ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေနဲ့ အခေါက်ရွှေတစ်ကျပ်သား ၃၀၄၀၀၀၀ ကျပ်နဲ့ ထပ်မံဈေးလျှော့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်း၊ မိတ္တူနဲ့ ဖောင်ဖြည့်ပြီး လူတစ်ယောက်ကို ရွှေတစ်ကျပ်သားနှုန်းနဲ့ ရွှေတုံး ၇၃၀ လောက် ထုတ်ရောင်းပေးနေတာလို့ သိရပါတယ်။ “ရွှေဈေးကျရင်ကျသလို နောက်ရက်တွေမှာလည်း လျှော့ဈေးနဲ့ ဆက်လက် ရောင်းချပေးသွားမှာပါ။ အခုက ရွှေဈေးကျနေတဲ့အတွက် မနေ့ကထက် တစ်သောင်းလျှော့ပြီး ရောင်းချပေးနေပါတယ်” လို့ မန္တလေးမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အခုလို ရွှေရောင်းချပေးတာကို မနေ့ ဇွန် ၁၉ ရက်မှစတင်ကာ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မနေ့ကတော့ တစ်ဦးကို တစ်ကျပ်သားနှုန်းနဲ့ ၅၁ ဦးရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရွှေရောင်းချပေးတာကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၇ လမ်း၊…
Read Moreတိုက်တန်းနစ်သင်္ဘောအပျက်အစီးတွေကို သွားရောက်လေ့လာသူ(၅)ဦးလိုက်ပါသွားတဲ့ ရေငုပ်သင်္ဘော ပျောက်ဆုံးနေ
၀ါရှင်တန်၊ ဇွန်-၂၀-၂၀၂၃ မျိုးဆက်(VOM) တိုက်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေကို သွားရောက်ကြည့်ရှုကြရင်း ပျောက်ဆုံးနေသွားရေငုပ်သင်္ဘောငယ်ကို အမေရိကန်နဲ့ ကနေဒါကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ ဇွန် ၁၈ ရက်က ရေအောက်သို့ခုတ်မောင်းပြီး ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်မှာ လူငါးဦးလိုက်သွားကြောင်း သိရပါတယ်။ အတ္တလန္တိတ်အလယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညလုံးပေါက် ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အရိပ်အယောင်မတွေ့ရပါဘူး။ အစိုးရအေဂျင်စီတွေ နှစ်နိုင်ငံရေတပ်တွေနဲ့ ပုဂ္ဂလိကရေနက်ရှာဖွေရေးကုမ္ပဏီတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ရေငုပ်သင်္ဘောပေါ်မှာ လိုက်ပါသွားသူတွေအတွက် ဇွန် ၁၉ ရက်မွန်းလွဲကစပြီး အောက်ဆီဂျင်လေးရက်စာ ကျန်ရှိတော့တယ်လို့ ယူဆရပြီးသင်္ဘောပေါ်မှာ ဗြိတိန်ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်နဲ့ စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်းလည်းပါ၀င်ကြောင်းသိရပါတယ်။ တိုက်တန်းနစ်သင်္ဘောရဲ့အပျက်အစီးတွေဟာ နယူးဖောင်လန်၊ စိန့်ဂျွန်မြို့တောင်ဘက် ၄၃၅ မိုင်အကွာမှာတည်ရှိပေမယ့် ပျောက်ဆုံးရေငုပ်သင်္ဘောရှာဖွေရေးကို မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကစပြီး လမ်းကြောင်းအတိုင်းရှာဖွေမှုတွေပြုလုပ်လျှက်ရှိပါတယ်။ ရေငုပ်သင်္ဘောကို အတွင်းအပြင်ကို သော့တံတွေနဲ့အလုံပိတ်ထားတာကြောင့် လိုက်ပါသွားသူတွေဟာ သူတို့ကိုယ်တိုင်လွတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။…
Read More