ဆိုးလ်ကိုရောက်နေတဲ့ အိုင်အေအီးအေအကြီးအကဲကို တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြ

ဆိုးလ်၊ ဇူလိုင်-၈-၂၀၂၃
မျိုးဆက်(VOM)

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) အကြီးအကဲ ဂရော့ဆီဟာ ဇူလိုင် ၇ ရက်မှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပါတယ်။

ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေတွေကို ပင်လယ်ထဲစွန့်ထုတ်မယ့် အစီအစဉ်ကို အိုင်အေအီးအေက အတည်ပြုပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်နေအနေနဲ့ တောင်ကိုရီးယားပြည်သူတွေက ဂရော့ဆီကို ဆန္ဒပြခဲ့ကြပါတယ်။

သူဟာ ဂျပန်နိုင်ငံမှတဆင့် တောင်ကိုရီးယားကို ရောက်ရှိလာခြင်းဖြစ်ပြီး နျူကလီးယားဓါတ်အားပေး စက်ရုံမှ သန့်စင်ပြီးရေဆိုးများစွန့်ထုတ်မယ့် လုပ်ငန်းစဉ်ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေကို အသိပေးမှာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ဂရော့ဆီလေဆိပ်ကနေထွက်ဖို့ စောင့်ဆိုင်းနေစဉ် ဆန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ပြီး အိုင်အေအီးအေရဲ့ ဆုံးဖြတ်ချက်အစီအရင်ခံစာကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ ဂရော့ဆီဟာ နိုင်ငံခြားရေး၀န်ကြီး ပါ့ခ်ဂျင်အပါအ၀င် အခြားသော တောင်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ သုံးရက်ကြာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Ref: NHK
Photo:Yonhap
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW