မင်းတပ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရ

ဇူလိုင် ၉ – ၂၀၂၃ SN (VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နဲ့ နို့တိုက်မိခင်အပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မရှိန်းလှော်ကျေးရွာအုပ်စု၊ ဝုမ်းခုမ်ရွာကို ဇူလိုင် ၈ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က ဗုံးကြဲခံရတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကလေးငယ် (မ) ၁ ဦး၊ အသက် ၂၈ နှစ်အရွယ် နို့တိုက်ကလေးမိခင် ၁ ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကာ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး…

Read More

ကျုံအိတ်တံတားပြင်ဆင်နေစဥ် မိုင်းထပ်ကွဲလို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရ

ဇူလိူင် ၉ – ၂၀၂၃ GG(VOM) မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ် ၊ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ကျုံအိတ်တံတား ပြင်ဆင်မှုလုပ်နေချိန် ဒီနေ့ ဇူလိုင် ၉ ရက် မနက်ပိုင်းက Drom နဲ့ ဗုံးကျဲခံရလို့ လူ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ မိုင်းခွဲခံခဲ့ရတဲ့ ပျက်စီးနေတဲ့ တံတားဘက်အခြမ်းကို ဘေလီတံတားထိုးနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေစဥ် ဒရုန်းဗုံး နဲ့တိုက်ခိုက်ခံရတာဖြစ်ကြောင်း ၊အဲ့ဒီ တိုက်ခိုက်မှုမှာ ဖြတ်သန်းသွားလာတဲ့ ဘေးတွဲဆိုင်ကယ် စီးလာသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဗုံးထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဗုံး ၁၀ လုံးလောက် ပစ်ချတယ် ၊ အဲ့ဒီမှာ လမ်းသွားတဲ့ ၂ယောက်ထိမိတယ်၊သူတို့က သားအမိတွေ ၊ သထုံ​မြို့ကပါပဲ ။သူတို့ကိုဆေးရုံပို့ကုသမှုပေးပါတယ်။ တိုက်ခိုက်မှုတွေဖြစ်တော့ တံတားပြင်ဆင်ရေးတွေလည်း ခဏ…

Read More

ဖားကန့်က ရှင်းရင် ဟိုတယ်ပိုင်ရှင် အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံရ

ဇူလိုင် ၉ – ၂၀၂၃ GG (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာမှာဖွင့်ထားတဲ့ နာမည်ကြီး Shin Yin Hotel ပိုင်ရှင် အမျိုးသမီး ဒေါ်ဖြူဖြူသန့်ဆိုသူဟာ သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဇူလိူင် ၈ ရက် ညပိုင်းမှာ အမည်မသိလက်နက်ကိုင်တွေက ဒေါ်ဖြူဖြူသန့်ကို လာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်း၊ အဲ့ဒီနောက် ဒီနေ့ ဇူလိူင် ၉ ရက် မနက်ပိုင်းမှာ အလောင်းကို ဆိုင်းတောင်ရွာဟောင်းနားမှာ တွေ့ရှိရတာဖြစ်ပြီး သေနတ်ဒဏ်ရာ ၄ ချက်တွေ့ရှိရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” ည ၁၁ နာရီကျော်လောက်မှာ သူ့ကိုလက်နက်ကိုင်တွေက လာခေါ်သွားတာလို့သိရတယ်။မနက်စော ၅ နာရီလောက်ကျ ရွာသားတွေက အလောင်းတွေ့တယ်ဆိုပြီးအကြောင်းကြားတော့ သွားကြည့်မှ သူမှန်းသိရတာ။သေနတ် ၄ ချက်နဲ့သေဆုံးနေတာပေါ့။ဒဏ်ရာတွေက ချိုင်းအောက်၊ ဗိုက်မှာ၊ လည်ပင်းမှာပေါ့။အခုအလောင်းတွေ့တဲ့နေရာနဲ့ ဟိုတယ်နဲ့က ၁၅…

Read More

နေပြည်တော်မှာ ပြီးခဲ့တဲ့ လပိုင်းက ယာယီပိတ်သိမ်းခဲ့တဲ့ Barအချို့ ပြန်ဖွင့်ခွင့်ရ

ဇူလိုင် ၈-၂၀၂၃ KT(VOM) နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇွန် ၂၄ရက်က ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားတဲ့ Bar အချို့ဟာ ဒီနေ့မှာပဲ ပြန်ဖွင့်ခွင့်ရတယ်လို့ သိရပါတယ်။ ဧရာဝတီလမ်းရှိ Excellent Bar & Restaurantကတော့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ” ဒီနေ့စဖွင့်ပြီ”ဖြစ်ကြောင်း ကြော်ငြာထားတာကိုလည်း တွေ့ရပါတယ်။ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဧရာဝတီလမ်းပေါ်မှာဖွင့်ထားတဲ့ Excellent music bar နဲ့ သပြေကုန်းရပ်ကွက်ရှိ Relax music bar ၊ X-one space music bar တို့ကို နေပြည်တော်ကောင်စီ ညွှန်ကြားချက်အရ ဇူလိုင်၂၄ ရက်နေ့က ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော်

Read More

ဆိုးလ်ကိုရောက်နေတဲ့ အိုင်အေအီးအေအကြီးအကဲကို တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြ

ဆိုးလ်၊ ဇူလိုင်-၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) အကြီးအကဲ ဂရော့ဆီဟာ ဇူလိုင် ၇ ရက်မှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပါတယ်။ ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေတွေကို ပင်လယ်ထဲစွန့်ထုတ်မယ့် အစီအစဉ်ကို အိုင်အေအီးအေက အတည်ပြုပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်နေအနေနဲ့ တောင်ကိုရီးယားပြည်သူတွေက ဂရော့ဆီကို ဆန္ဒပြခဲ့ကြပါတယ်။ သူဟာ ဂျပန်နိုင်ငံမှတဆင့် တောင်ကိုရီးယားကို ရောက်ရှိလာခြင်းဖြစ်ပြီး နျူကလီးယားဓါတ်အားပေး စက်ရုံမှ သန့်စင်ပြီးရေဆိုးများစွန့်ထုတ်မယ့် လုပ်ငန်းစဉ်ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေကို အသိပေးမှာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဂရော့ဆီလေဆိပ်ကနေထွက်ဖို့ စောင့်ဆိုင်းနေစဉ် ဆန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ပြီး အိုင်အေအီးအေရဲ့ ဆုံးဖြတ်ချက်အစီအရင်ခံစာကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ ဂရော့ဆီဟာ နိုင်ငံခြားရေး၀န်ကြီး ပါ့ခ်ဂျင်အပါအ၀င် အခြားသော တောင်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ သုံးရက်ကြာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ Ref: NHK Photo:Yonhap #voiceofmyanmar #VOM #ဆိုးလ်

Read More

ယူကရိန်းအတွက် ဖျက်အားပြင်း ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးဖို့ အမေရိကန်ဆုံးဖြတ်

၀ါရှင်တန်၊ ဇူလိုင်-၈-၂၀၂၃ မျိုးဆက်(VOM) အရပ်သားတွေ စံချိန်တင်သေဆုံးမှုဖြစ်ပွားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ဖူးတဲ့ ဖျက်အားပြင်း ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ အလွန်ခက်ခဲခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ အခုလိုက် ထောက်ပံ့ပေးဖို့အတွက် အချိန်ယူဆုံးဖြတ်ခဲ့ရပြီး ယူကရိန်းနိုင်ငံသားတွေ ခဲယမ်းမီးကျောက်ကုန်သွားပြီး တယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အဲဒီကလပ်စတာဗုံးတွေကို နိုင်ငံပေါင်း ၁၂၀ ကျော်က တားမြစ်ပိတ်ပင်ထားပေမယ့် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အသုံးပြုနေကြပါတယ်။ အဲဒီဗုံးတွေဟာ မြေပြင်ပေါ်မှာ မပေါက်ကွဲသေးဘဲ နှစ်ပေါင်းများစွာရှိနေနိုင်ပြီး နောက်ပိုင်းမှာတော့ အရပ်သားတွေကို ထိခိုက်လာနိုင်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်ရဲ့ အချိန်မီဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရက်တစ်အချို့ကတော့ ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေပြုနေပါတယ်။ ရုရှားကတော့ အမေရိကန်ရဲ့ လုပ်ရပ်အတွက် ပြစ်တင်ရှုတ်ချထားပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နေတိုးမဟာမိတ်တွေနဲ့ ဆွေးနွေးမှုပြုခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

– မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ – တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းသစ် ဖေ့စ်ဘွတ်ခ် မိခင်ကုမ္ပဏီ ဖန်တီး – လကမ္ဘာလေ့လာရေး မစ်ရှင်စေလွှတ်ဖို့ အိန္ဒိယနိုင်ငံ စီစဉ်နေ မျိုးဆက်(VOM) ၈-၇-၂၀၂၃ (၁) မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ တရုတ်နိုင်ငံဟာ မြေပြင်ပေါ်မှာ အာကာသသိပ္ပံဆိုင်ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ဖို့အတွက် အာကာသထဲက အခြေအနေအတိုင်း မြေပေါ်အာကသာစခန်း တည်ဆောက်ဖို့ လုပ်ဆောင်နေကြောင်း SCMP သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်သုတေသီတွေဟာ မြေပြင်အာကာစခန်းတို့ လူသိများတဲ့ အဲဒီစီမံကိန်းအတွက် ပထဆုံးသော စမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေပြီး ဟာဘင်မြို့မှာ အခြေစိုက်မှာဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲမှာကြုံတွေ့ရတဲ့အခြေအနေတွေအတိုင်း ကမ္ဘာမြေပေါ်မှာ သိပ္ပံနည်းကျစမ်းသပ်မှုတွေနဲ့ သုတေသနတွေ လုပ်ဆောင်ဖို့အတွက် ပလက်ဖောင်းတခုဖန်တီးဖို့ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ မြေပြင်အာကာသစခန်းဟာ အာကာသထဲကဓါတ်ခွဲခန်းတခုနဲ့နှိုင်းယှဉ်မယ်ဆိုရင်…

Read More

အဆိုတော်လီလီနိုင်ကျော်ကိစ္စနဲ့ ဖမ်းဆီးခံရသူနှစ်ဦး သက်သေခံပစ္စည်းလိုက်ပြချိန် သေဆုံးခဲ့တယ်လို့ သိရ

ဇူလိုင် ၈ – ၂၀၂၃ SN (VOM) အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးဖြစ်တဲ့ ကောင်းဇာနည်ဟိန်း (ခ)လပြည့် (၂၃ နှစ်) နဲ့ ကျော်သူရ (ခ) အီးတီ (၃၀ နှစ်)တို့ဟာ သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ မနေ့ ဇူလိုင် ၇ ရက်၊ ည ၁၁ နာရီဝန်းကျင်က သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းစဉ်မှာ လုံခြုံရေးတပ်ဖွဲ့ကို တွန်းထိုးတိုက်ခိုက်ပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့နှစ်ယောက်က (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းအနီးက ရေမြောင်းထဲမှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝှက်ထားတယ်လို့ ဝန်ခံထွက်ဆိုခဲ့တာကြောင့် အဲ့ဒီ့နေရာကို သူတို့နဲ့အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ခဲ့တာလို့ သိရပါတယ်။…

Read More

ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာမူဝါဒ သဘောကွဲလွဲမှုကြောင့် နယ်သာလန်အစိုးရ ပြိုလဲ

သည်ဟိတ်၊ ဇူလိုင်-၈-၂၀၂၃ မျိုးဆက်(VOM) နယ်သာလန်နိုင်ငံမှာ ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ပြီး ပါတီတွေအကြား သဘောထားကွဲလွဲမှုကြောင့် နယ်သာလန်အစိုးရ ပြိုလဲသွားခဲ့ကြောင်း နယ်သာလန်၀န်ကြီးချုပ် မာ့ခ်ရူတီက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၇ ရက်မှာ မစ္စတာရူတီဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမယ့်လည်း ပါတီလေးခုအကြား သဘောတူညီမှုမရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်ကာလက အစိုးရသစ်ဖွဲ့စည်းခဲ့ပေမယ့်လည်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေအပေါ် ပါတီတွေရဲ့ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၀န်ကြီးချုပ် ရူတီဟာ ဇူလိုင် ၇ ရက်မှာ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် နယ်သာလန်အစိုးရ ပြိုလဲသွားပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲသစ်မတိုင်မီ ၀န်ကြီးတွေဟာ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် တာ၀န်ယူသွားမှာဖြစ်ပါတယ်။ နို၀င်ဘာလမှာ ရွေးကောက်ပွဲသစ်ကျင်းဖွယ်ရှိကြောင်း နယ်သာလန်အခြေစိုက် ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ မစ္စတာရူတီရဲ့ ရှေးရိုးစွဲ ဗီဗီဒီပါတီဟာ နိုင်ငံတွင်းမှာ ခိုလှုံခွင့်ရှာဖွေသူတွေ ၀င်ရောက်လာမှုကို ကန့်သတ်ဖို့ကြိုးစားနေပြီး…

Read More

ထောင်ကျနေတဲ့ ပဲခူး ဗကသ ဒု-ဥက္ကဌ သေဆုံးသွားပြီလို့ သိရ

ဇူလိုင် ၈ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရပြီး အကျဥ်းကျနေတဲ့ ပဲခူးခရိုင် ဗကသ ဒု-ဥက္ကဌဖြစ်သူ ကိုခန့်လင်းနိုင် သေဆုံးသွားပြီဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ဇူလိူင်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။ ကိုခန့်လင်းနိုင် သေဆုံးကြောင်းကို မနေ့ ဇူလိူင်လ ၇ ရက်ကမှ သိရတာဖြစ်ပြီး ရုပ်အလောင်းကိုတွေ့ခွင့်မရဘူးလို့ သိရပါတယ်။ “ထောင်ကနေ မိသားစုကို စာပို့အကြောင်းကြားတာပါ၊ ကိုခန့်လင်းနိုင်ကို ကျိုက်စကောထောင်ကနေ သာယာဝတီကို ထောင်ပြောင်းရွှေ့ပြီးနောက် အကုန်အဆက်အသွယ်ပြတ်သွားတယ်။အဲ့ဒီနောက် ကျဆုံးတဲ့သတင်းသိရတယ်။သတင်းတောင် မနေ့က ညနေပိုင်းမှ သိရပါတယ်၊ကျဆုံးတာကို အတည်ပြုနိုင်ပါတယ်။သဂြိုလ်ခွင့်မရပါဘူး၊အလောင်းလည်း မတွေ့ရဘူး။ဘယ်နေ့က ကျဆုံးတယ်ဆိုတာလည်း မသိရဘူး။ သေပြီဆိုတာပဲ အတည်ပြုလို့ရတာပါ၊အသက်က ၂၀ ကျော်ပဲရှိသေးတယ်”လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တစ်ဦးကပြောပါတယ်။ ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို…

Read More
VOM News

FREE
VIEW