ယူကရိန်းအတွက် ဖျက်အားပြင်း ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးဖို့ အမေရိကန်ဆုံးဖြတ်

၀ါရှင်တန်၊ ဇူလိုင်-၈-၂၀၂၃
မျိုးဆက်(VOM)

အရပ်သားတွေ စံချိန်တင်သေဆုံးမှုဖြစ်ပွားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ဖူးတဲ့ ဖျက်အားပြင်း ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ အလွန်ခက်ခဲခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။

အခုလိုက် ထောက်ပံ့ပေးဖို့အတွက် အချိန်ယူဆုံးဖြတ်ခဲ့ရပြီး ယူကရိန်းနိုင်ငံသားတွေ ခဲယမ်းမီးကျောက်ကုန်သွားပြီး တယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အဲဒီကလပ်စတာဗုံးတွေကို နိုင်ငံပေါင်း ၁၂၀ ကျော်က တားမြစ်ပိတ်ပင်ထားပေမယ့် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အသုံးပြုနေကြပါတယ်။

အဲဒီဗုံးတွေဟာ မြေပြင်ပေါ်မှာ မပေါက်ကွဲသေးဘဲ နှစ်ပေါင်းများစွာရှိနေနိုင်ပြီး နောက်ပိုင်းမှာတော့ အရပ်သားတွေကို ထိခိုက်လာနိုင်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်ရဲ့ အချိန်မီဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရက်တစ်အချို့ကတော့ ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေပြုနေပါတယ်။

ရုရှားကတော့ အမေရိကန်ရဲ့ လုပ်ရပ်အတွက် ပြစ်တင်ရှုတ်ချထားပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နေတိုးမဟာမိတ်တွေနဲ့ ဆွေးနွေးမှုပြုခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW