ထောင်ကျနေတဲ့ ပဲခူး ဗကသ ဒု-ဥက္ကဌ သေဆုံးသွားပြီလို့ သိရ

ဇူလိုင် ၈ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရပြီး အကျဥ်းကျနေတဲ့ ပဲခူးခရိုင် ဗကသ ဒု-ဥက္ကဌဖြစ်သူ ကိုခန့်လင်းနိုင် သေဆုံးသွားပြီဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ဇူလိူင်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

ကိုခန့်လင်းနိုင် သေဆုံးကြောင်းကို မနေ့ ဇူလိူင်လ ၇ ရက်ကမှ သိရတာဖြစ်ပြီး ရုပ်အလောင်းကိုတွေ့ခွင့်မရဘူးလို့ သိရပါတယ်။

“ထောင်ကနေ မိသားစုကို စာပို့အကြောင်းကြားတာပါ၊ ကိုခန့်လင်းနိုင်ကို ကျိုက်စကောထောင်ကနေ သာယာဝတီကို ထောင်ပြောင်းရွှေ့ပြီးနောက် အကုန်အဆက်အသွယ်ပြတ်သွားတယ်။အဲ့ဒီနောက် ကျဆုံးတဲ့သတင်းသိရတယ်။သတင်းတောင် မနေ့က ညနေပိုင်းမှ သိရပါတယ်၊ကျဆုံးတာကို အတည်ပြုနိုင်ပါတယ်။သဂြိုလ်ခွင့်မရပါဘူး၊အလောင်းလည်း မတွေ့ရဘူး။ဘယ်နေ့က ကျဆုံးတယ်ဆိုတာလည်း မသိရဘူး။ သေပြီဆိုတာပဲ အတည်ပြုလို့ရတာပါ၊အသက်က ၂၀ ကျော်ပဲရှိသေးတယ်”လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တစ်ဦးကပြောပါတယ်။

ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ၂၀၂၃ ခုနှစ် မေလထဲမှာ ကျိုက်စကောအကျဥ်းထောင်ကနေ ထောင်ပြောင်းရွှေ့ကြောင်း သတင်းရပြီးကတည်းက အဆက်အသွယ်မရတာဖြစ်ကြောင်း ၊ ထောင်ကသေဆုံးကြောင်း အကြောင်းကြားမှသာ သိရှိရတာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။

ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ အမြန်လမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီ နောက် ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲတရားစွဲဆိုကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်ဆီက သိရပါတယ်။

ကိုခန့်လင်းနိုင် သေဆုံးတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာနဘက်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့တာကြောင့် သေဆုံးမှုနဲ့ပတ်သက်လို့ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လက်ရှိမှာ ဗကသအဖွဲ့ဝင်ကျောင်းသား ၅၀ ကျော် ဖမ်းခံထားရပြီး သေဆုံးသူ ၁၃ ဦး၊ အကျဥ်းကျနေသူ ၃၂ ယောက်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံထားရသူ ၃ ယောက် နဲ့ သေဒဏ်ချခံထားရသူ ၁ ဦးရှိတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့စာရင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ဗကသဒုဥက္ကဌ #သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW