ထားဝယ်ဒေသ ရေကြီးမြေပြိုမှုမှာ သေဆုံး ၃၆ ယောက်ရှိလာပြီး တနင်္သာရီမှာလည်း ရေထပ်တက်လို့ အိမ်တွေရေနစ်

အောက်တိုဘာ ၁ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ ၃၆ ယောက်အထိရှိလာသလို တနင်္သာရီမြို့နယ်မှာလည်း ရေကြီးလို့ မြိတ် – တနင်္သာရီ – ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရေကျော်ပြီး ကားသွားလာမရဘဲ လမ်းပိတ်နေတယ်လို့ သိရပါတယ်။ သေဆုံးမှုထဲမှာ လောင်းလုံးမြို့နယ်က သေဆုံးသူ ၂၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး သရက်ချောင်းမြို့နယ်မှာ ရှစ်ယောက် ၊ ထားဝယ်မြို့နယ်မှာ နှစ်ယောက် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ ကဒက်ငယ်ထိန်ရွာက အလောင်း ၁၃ လောင်း ၊ ကဒက်ကြီးရွာက နှစ်လောင်း ၊ တောကျဲရွာကနှစ်လောင်း ၊ ဇလွတ်ရွာက တလောင်း၊ သဗျာရွာက သုံးယောက် ၊ ညောပြင်ရွာက နှစ်လောင်း ၊ မင်းရပ်က တလောင်း ၊…

Read More

တောင်ငူမှာ သားအရင်းက အမေကို ဓားနဲ့ခုတ်သတ်

အောက်တိုဘာ ၁ ၊ ၂၀၂၆ CC (VOM) ပဲခူးတိုင်း ၊ တောင်ငူမြို့၊ အမှတ် ၁၀ ရပ်ကွက် ၊အုတ်ကျွတ်တန်း ၊ ၁၀ လမ်းမှာ သားအရင်းက အမေဖြစ်သူကို ဓားမနဲ့ ခုတ်သတ်မှု ဖြစ်ခဲ့ပြီး သားဖြစ်သူကို လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရ ပါတယ်။ မနေ့က စက်တင်ဘာ ၃ဝ ရက်နေ့၊ မနက်ပိုင်းမှာ ဖခင်ဖြစ်သူက အပြင်သွားနေချိန် နေအိမ်မှာကျန်ခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ် ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်အရွယ်သားက ဓားမနဲ့ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။ ” မနေ့က မနက် ၅ နာရီလောက်မှာ ဖြစ်တာပါ။ အဖေက အပြင်သွားတယ်။ အဲဒီအချိန်သားဖြစ်သူက ဆေးကြောင်ပြီး အမေကိုခုတ်သတ်လိုက်တာလို့ သိရတယ်။ မျက်နာတွေ ၊ လက်တွေ ၊…

Read More

သူတို့အိမ် အခန်း (၂၃၇)

  ဆူးငှက်     တောဂရန်ရှိရင် ရအောင် တောင်းထား —————————————— ရပ်ကွက်လေး အခြေအနေကတော့ ကောင်းသည်ဟု ပြောရမည်။ ၂၆ဘီလမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်လည်း မရှိတော့။ ရပ်ကွက်ထဲက အလံနီတွေလည်း မရှိတော့။ သို့သော် သတင်းတွေကတော့ အမျိုးမျိုးကြားနေရသည်။ သည်ကြားထဲ မြေလာဝယ်ကြသူတွေက “စုံစမ်းကြည့်ပြီးပြီ၊ ဈေးသင့်ရင်တော့ ဝယ်ထားကြလေ၊ တဲလေးတော့ ထိုးထားပေါ့၊ အနည်းဆုံး တိုက်ခန်း တစ်ခန်းတော့ ပြန်ရမှာပဲ၊ ဖြစ်နိုင်ရင်တော့ ပိုင်ရှင့်ဆီက တောဂရန်ရှိရင်လည်း ရအောင် တောင်းထားနော်၊ ကံကောင်းရင် ပေ ၃၀×ပေ၄၀ စလစ်မြေ တစ်ကွက်လည်း ရနိုင်တယ်” ဆိုသည့် သတင်းဖြင့် ဝယ်ကြတာတဲ့။     သေချာတာက ထိုသို့သော အကြောင်းပြချက်ချည်းမို့ ကျွန်တော်တို့ ဖြစ်ချင်သည့် လုံဝ ကင်းလွတ်ရေးတော့ မဟုတ်သည့် သဘောဖြစ်သည်။…

Read More
✕
VOM News

FREE
VIEW